Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။

September 19, 2022 2067 views
လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။

လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။

▪လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်
ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိနေပါပြီ။
▪စည်းကမ်း အရတော့ "လယ်မြေ" ဝယ်ရင် လယ်စိုက်ရပါ့မယ်။ ယာမြေ ဝယ်ရင် "ယာ"စိုက်ရမည်ဖြစ်ပါသည်။
▪အဲဒီလို မစိုက်ချင်ရင်၊ မြေအမျိုးစား ပြောင်းခွင့် တင်လို့ရပါတယ်။ လယ်ယာမြေ ဥပဒေ သစ် ရဲ့ အပိုဒ်(၃၀)
အရပေါ့ (အဟောင်း လ/န ၃၉ လိုပါပဲ)
▪လ/န ၃၉ ဆိုသည်မှာ လယ်ယာမြေကို မြို့မြေ(သို့)
လူနေမြေ အဖြစ်သို့ မြေအမျိုးစား ပြောင်းလဲသတ်မှတ်နိုင်သည့် ပုဒ်မပါ။
▪ပုဒ်မ -၃၈ နှင့် ၃၉ တို့အရ မည်သည့် "လယ်ယာမြေ"ကိုမဆို သင့်တော်သောနည်းလမ်း ၏အတိုင်း မြေအမျိုးစား ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။
▪ယခုချိန်မှာ လယ်ယာမြေ ဥပဒေသစ်(၂၀၁၂)မှာက လ/န ဥပဒေ ထက်တော့ ပိုပြီး ပြည်စုံပါသည်။
▪"အခြားနည်းအသုံးပြု' လို့ခေါ်ဝေါ်တဲ့ (ပုဒ်မ-၃၀(က)(ခ)) ကိုပြောင်းလဲသတ်မှတ်အပြီး "လယ်မြေ' တွေကို (လူနေမြေ) အဖြစ်ပြောင်းလဲ လျှောက်ထားပိုင်ခွင့်၊ ရောင်း၊ ပေါင်၊ငှား၊လဲ ခွင့်နှင့် ဂရံ မြေအထိ အဆင့်ဆင့်
ပြောင်းလဲလျှောက်နိုင်ခွင့် ရမည်ဖြစ်သည်။ ယခုလို လျှောက်ထားနိုင်ရန်အတွက် နည်းဥပဒေ ရဲ့ "ပုံစံ-၁၄' ကို
သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွေမှာ ဝယ်လို့ရပါသည်။

▪ပထမဦးဆုံး အနေနဲ့ ​ကိုယ်ဝယ်ယူမယ့် "လယ်မြေ' ရဲ့
ပုံစံ(၇)ကို မြေစာရင်းဦးစီးဌာနမှာ မှန်/မမှန် အရင်စစ်ဆေးဖို့ လိုပါသည်။ မူရင်း ပုံစံ(၇) ကိုမြင်တွေ့ပြီး စရံငွေပေးပြီး ရပ်ကျေး ဥဏ္ဍဌ နှင့်ညှိနှိုင်းပါ။

▪လယ်မြေ အား ငွေအပြေ ပေးချေတော့မည် ဆိုလျှင်-
၁။ အရောင်းဝယ်ပြုလုပ်ရန် အတွက် ထုတ်ယူထားသော ပုံစံ-၁၀၅ တောင်းပါ။
၂။ ပုံစံ-၁၀၅ မှ ပိုင်ရှင်က ဝယ်ယူသူသို့ လွှဲ ပေးသော
SP လည်း ရရှိပါစေ။
၃။ ထို့အပြင် ပုံစံ(၇)မူရင်းလည်း ယူရပါရမည်။
၄။ အထက်ပါအကြောင်းရာများအား စီစစ်ဝယ်ယူပြီးလျှင် "တံဆိပ်ခေါင်းခွန်' နှင့်"မှတ်ပုံတင်ကြေး' တို့ပေးဆောင်၍ မြို့နယ်မြေစာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။ ၄င်းစာချုပ်ချုပ်ဆိုပြီးပါက မိမိဝယ်ယူထားသော
"လယ်မြေ' ကွက်ကို ကိုယ့်အမည်(ဝယ်ယူသူအမည်) ပြောင်း ၍ ရပါပြီ။

▪ထိုနည်းတူ "လယ်ယာမြေ'မှ  လူနေမြေ သို့ လျှောက်မည်ဆိုပါက ပုံစံ-၁၄. ဝယ်ယူအပြီး မြို့နယ် မြေစာရင်းသို့ ပုံစံ-၁၀၆ အား လိုအပ်ပါက လျှောက်ထားရမည်။
▪ အဆင့်မများပါ။ လွယ်ကူ ရိုးရှင်းပါသည်။

ဒါလေးထပ်ဖတ်ဖို့လည်း မမေ့ပါနဲ့ လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲ ဝယ်ဝယ် အဆင့် (၁၀) ဆင့် မဖြစ်မ ေနလုပ်ေဆာင်ပါ
▪ယခုချိန် မြေကွက်အား ရေရှည်စီမံကိန်းဖြင့် ရင်းနှီးမြုပ်နှံရန် အစီစဥ်ရှိသော မည်သူမဆို ငွေနည်းနည်းပေးပြီး မိမိပြန်ရောင်းထုတ်ချိန် စျေးကောင်းကောင်းပြန် ဖို့ရန်အတွက် လယ်မြေ များသည် အထူးစဥ်းစားရမည့် အချက်များထဲ ပါဝင်နေပါသည်။
▪အချက်ချာကျ ပြီး အရပ်လေးမျက်နှာ၌  စီမံကိန်းများ တဖြည်းဖြည်းနဲ့ တိုးတက်လာ၍ အစိုးရ ရာပြည့် Plan များ  အရှိန်တင်နေသော နေရာအနီးနား လယ်မြေ များသည် နောင်တစ်ချိန်မှာ "ရွှေ' ဖြစ်လာမည်ဟု အကြံပြုရင်း။

လေးစားစွာဖြင့်🙏
အိမ်ခြံမြေ အဝယ်ဖြစ်ဖြစ်၊ အရောင်းဖြစ်ဖြစ်
သိလိုသမျှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
☎09975244300

Credit: https://www.facebook.com/sitephyoyae

Related Posts