Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် 
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင်  စိတ်ကြိုက်ထည့်လိုထားလိုတဲ့ #Floor_Plan ပုံစံဆွဲရတာပါ  

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ 
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်

#Standard_Size

#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး  10'×12'~ပေ 
ပုံမှန်ဆိုက်  12'×14' ~ပေ 
ဆိုက်ကြီး   16'×20' ~ပေ  ဖြစ်ပါတယ်

#အိပ်ခန်း
#Hotelအခန်း
#Guest_house_အခန်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက်   11'×12' ~ပေ
ဆိုက်ကြီး    12'×14' ~ပေ   ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက်  10'×10' ~ပေ
ဆိုက်ကြီး   10'×12' ~ပေ  ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး   3'6"×4' ~ပေ
ပုံမှန်ဆိုက်     4'×5'  ~ပေ
ဆိုက်ကြီး     5'×7'  ~ပေ  ဖြစ်ပါတယ်

#အိမ်သာခန်းတခု  ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး  3'3"×3' ~ပေ
ပုံမှန်ဆိုက်     4'×4' ~ပေ   ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး  4'×5' ~ပေ
ပုံမှန်ဆိုက်   4'×6' ~ပေ
ဆိုက်ကြီး   5'×7' ~ပေ   ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး   10'×10' ~ပေ
ပုံမှန်ဆိုက်    10'×12' ~ပေ   ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး  4'×5' ~ပေ
ပုံမှန်ဆိုက်  4'×6' ~ပေ   ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး  11'×15' ~ပေ
ပုံမှန်ဆိုက်    12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး  2'~ပေ ,6"~လက်မ  ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး  3' ~ပေ   ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'ပေ
အကျော် ဟာ 7" လက်မခွဲ
အနင်းဟာ  10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား

 

ကိုရင်သာအေး

Photo ,internet

Related Posts