Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Steel Structure အကြောင်း

Steel Structure အကြောင်း

နေ့ကျနော်တို့နိုင်ငံမှာ Steel Structure ကိုပိုပြီးလူကြိုက်များလာပါတယ်။ R.C ထက်စာရင် ပိုပြီးမြန်တာရယ် ၊ စရိတ်သက်သာတာရယ်ပါ (Fire proofing လုပ်ရင်မသက်သာပါ) ။

 တိုးတက်ပြီးစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ Steel Structure Cost ရဲ့ 60% လောက်က fabrication & Erection နဲ့ကုန်ပါတယ် ။ Material Cost က 25% လောက်ပဲသွားပါတယ် ။ ဒါကြောင့် Steel Structure မှာသက်သာချင်ရင် Fabrication & Erection ကိုပဲအာရုံစိုက်ပြီးသက်သာအောင်လုပ်ပါတယ်။

 Designer တစ်ယောက်က Material ရဲ့ ပမာဏကိုပဲစဉ်းစားနေရင် တခါတလေ Weight အနည်းဆုံး Section တွေကိုရွေးလိုက်ပေမယ့် Labour မှာအများကြီးကုန်သွားတာမျိုး (Fabrication & Erection) ဖြစ်တတ်ပါတယ်။ ဒါကြောင့်အောက်ကအချက်လေးတွေကို designer တစ်ယောက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ 

၁။ Steel Size တွေကို ကျနော်တို့ Myanmar Market မှာအလွယ်တကူဝယ်လို့ရတဲ့ size တွေပဲရွေးသင့်ပါတယ်။ ကျောင်းမှာသင်တာက American Standard နဲ့သင်ပေမယ့် တကယ်လာတဲ့ Steel က Chinese Pro (JIS Japanese Industrial Standard) တွေပါ။ ဒါကြောင့် Local မှာရနိုင်မယ့် Standard Size တွေကိုမှတ်ထားပြီးသုံးပေးရပါ့မယ် ။ ပြသနာက Size တွေကတစ်ခုပဲရှိတယ် ။ Designer အနေနဲ့ Flange Thickness , Web Thickness ကစားလို့မရပဲ တစ် Size ကြီးပေးနေရတဲ့ပြသနာ၇ှိပါတယ်။

၂။အပေ့ါဆုံး Section size ကအသက်သာဆုံးဖြစ်မှာပဲလို့ မျက်စိမှိတ်ပြီးရွေးတာက မှားတတ်ပါတယ်။ Lightest section တွေချည်းပဲလိုက်ရွေးတာက Span အလိုက် Size တွေကွဲနေတော့ Size တွေအများကြီး ဖြစ်နေပါလိမ့်မယ် ။ အဲ့တော့ Size မတူတာတွေကိုဆက်ရတဲ့ Connection တွေကခက်ခဲပါလိမ့်မယ် ။ ရှုပ်၇ှုပ်ထွေးထွေးတွေဖြစ်နေမှာပေါ့ ။ ဒါကြောင့် Span ကျဉ်းတာအတွက် Overdesign လိုဖြစ်နေပေမယ့် Size ကိုဘေး Span နဲ့တူတူရွေးလိုက်တာက ပိုပြီး ကောင်းသလိုဖြစ်ပါတယ် ။ မှတ်မိသေးတယ် ။ ဟိုးအရင် Design လုပ်စက အဲ့လိုဆော်ထည့်လိုက်တာ Connection Detail တွေဆွဲလိုက်ရတာဆိုတာလေ ။

၃။ Floor Beam ရဲ့ Depth ကိုလျော့လိုက်တာက အထပ်အမြင့်ကြီးတွေအတွက်ဆို Height ကိုလျှော့ချနိုင်တယ် ။ Architect ကလည်းဒါကိုမှန်းပြီး Floor height ကိုချိန်ထားတော့ ကျနော်တို့သာ Beam depth ကိုလျှော့နိုင်ရင် အုတ်စီရတာသက်သာမယ် ၊ Column height နဲမယ် ၊ ရေပိုက် ၊ မီးပိုက် ၊ Footing တွေပါသက်သာသွားနိုင်ပါတယ် ။ Beam depth လျှော့ဖို့ Flange thickness ကိုထူထူယူဖို့လိုပါတယ်။

 ၄။Erection & Fabrication လုပ်ရတာက Steel Beam တွေအတွက်ဆို လေးလေး ပေါ့ပေါ့ တူတူလောက်ပဲပိုက်ဆံပေးရတာပါ ။ ဒါကြောင့် Span ကိုကျယ်ကျယ်ထားလိုက်ရင် Member နဲသွားလို့သက်သာစေပါတယ်။

၅။Size အတူတူ တွေကိုဖြစ်နိုင်သလောက် ထပ်ခါထပ်ခါသုံးပေးဖို့လိုပါတယ်။ ဒါလိုလုပ်တာက Detailing , fabrication and erection တွေမှာသက်သာစေပါတယ်။ (ကိုယ်တွေ့ပဲ Detailing တွေဆွဲလိုက်ရတာဆိုတာလေ)

၆။Large section တွေကိုရွေးတဲ့အခါ အဓိကအနေနဲ့ Build up section တွေပေါ့လေ ။ Transporation ပြသနာတွေကိုသတိထားဖို့လိုပါတယ် ။ ကိုယ့်မှာ၇ှိတဲ့ transporation လုပ်ပေးနိုင်မယ့် ယာဉ်တွေရဲ့ သယ်ယူနိုင်မှု ၊ တံတားတွေအောက်ဖြတ်တဲ့အခါ ဘယ်လောက်လွတ်လဲ ၊ Powerline တွေနဲ့လွတ်ရဲ့လား ။ မှတ်မှတ်ရရ telecom tower တွေတုန်းက လမ်းသွားရင်း ကိုယ့်ကိုအဲလိုတွေကြည့်ခဲ့ဖို့ Supervisor ကမှာတာသတိထားမိဖူးတယ် ။ ဒါကြောင့်ကိုး ။

 ၇။Section Size တွေကိုရွေးတဲ့အခါ အလွယ်တကူ Erection လုပ်လို့ရတဲ့ Size ကိုရွေး၇မယ် ။ Telecom tower တွေဆိုရင် height 30 M ထက်မြင့်ရင် Unit wt ကဒီထက်မပိုရတော့ဖူဆိုပြီး Limit လုပ်ထားတာမျိုးရှိတယ်။ 

၈။ fabrication အတွက်ကုန်ကျစရိတ်ကိုလျော့ချနိုင်ရင် သက်သာဖို့စဉ်းစားလို့ရပါပြီ။
အဲလိုတွေစဉ်းစားပေးပြီး Design လုပ်ပေးတာကိုတောင်မှ ဦးနှောက်စားခမပေးချင်လဲမတတ်နိုင်ဖူးပေါ့ဗျာ ။ Design မလုပ်ထားတဲ့ Structure ဆိုတာ Safety ၇ှိရဲ့လား ပိုက်ဆံလိုတာထက်ပိုကုန်နေလားဆိုတာ မသိနိုင်ဖူးရယ် ။ Safe မဖြစ်လို့ဆိုရင် လူ့အသက်ပါပါလာမှာ ။ နယ်သွားရင် Design မလုပ်ပဲဆောက်ထားတဲ့ Steel Structure တွေမနဲတွေ့ရတယ် ။ အခုတော့ကောင်းနေတာပဲ ။ ဒါပေမဲ့ လာမယ့် နှစ် ၂၀ မှာကောင်းမလား ။ အဆောက်အဦးတစ်ခုက နှစ်ပေါင်း ၅၀ သက်တမ်း၇ှိတယ်လို့စဉ်းစားတယ် ။ Structure Designer ဆိုတာက နှစ်ပေါင်း ၅၀ မှာ တစ်ရက်ပဲအဆိုးဆုံးဖြစ်တဲ့ Load လာပလေ့စေ ။ အဲဒါကိုခံနိုင်အောင် Design လုပ်တယ်။ ဥပမာ Nargis လိုမုန်တိုင်းမျိုးက Century Storm ခေါ်တယ် ။ နှစ်တစ်ရာမှာတစ်ခါလောက်တိုက်တာ။ အဲတော့ Designer လုပ်တဲ့ Size ကနဲနဲကြီးနေမှာပေါ့ဗျာ ။ ဒါကို Design လုပ်တဲ့အခါ Size တွေကြီးတယ် ။ ကျနော်တို့လုပ်နေတာပဲ ဒါလဲလုပ်တာ ၁၀ လုံး၇ှိပြီ ။ မပြိုဖူး ။ အဲဘယ်ပြိုမလဲ ။ Loading အပြည့်မှမလာသေးတာ ။

Designer ကိုပေးလိုက်ရတဲ့ design ခဟာ Project Cost ရဲ့ 1% တောင်၇ှိချင်မှ၇ှိမှာ ။ ဒါပေမယ့် Designer လုပ်ပေးလိုက်လို့ Safe လဲဖြစ် Project cost လည်း 35% လောက်သက်သာသွားတာမျိုးတွေ့ဖူးရဲ့ဗျာ ။ စဉ်းစားကြည့်ဖို့ပါ။ ကျနော်တို့က ဦးနှောက်ရောင်းစားတဲ့သူတွေပါဗျာ ။ ဦးနှောက်စားခလေး ချီးမြှင့်ကြပါခင်ဗျာ ။ ကိုယ့်ဘာသာလုပ်တော့ မဖြစ်သင့်တာတွေဖြစ်မှာဆိုးလို့ပါ ။

Credit : Kyaw Thu Naing (Tuna)

Ref: : Structural Steel Design (Sayargyi U Nyi Hla Nge)

Related Posts