Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

USB Stick တွေနဲ့ ပတ်သတ်ပီး သင်မသိသေးတဲ့အချက် (၆) ချက်

April 28, 2023 372 views
USB Stick တွေနဲ့ ပတ်သတ်ပီး သင်မသိသေးတဲ့အချက် (၆) ချက်

USB Stick တွေနဲ့ ပတ်သတ်ပီး သင်မသိသေးတဲ့အချက် (၆) ချက်

✅ ကျွန်တော်တို့က USB stick တွေကို များသောအားဖြင့် File တွေ save ဖို့၊ Computer တစ်လုံးကနေတစ်လုံး file တွေ ရွေ့ပြောင်းဖို့နဲ့ File တွေ Backup လုပ်ဖို့အတွက် သုံးကြပါတယ်။

✅ ဒါပေမယ့် USB Stick တွေကို အထာကျကျ သုံးလို့ရ‌တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။

✅ ရုပ်ရှင်တွေထဲကလို USB Stick ကိုသုံးပြီး Computer ကို Lock/Unlock လုပ်တာ၊ Speed မြန်အောင်လုပ်တာအစရှိသဖြင့် ပြုလုပ်နိုင်ပါတယ်။

✅ ကဲ.. အဲ့တာဆိုရင် USB Stick တွေနဲ့ ပတ်သတ်ပြီး သင်တို့မသိလောက်သေးတဲ့ အခြားဘယ်အရာတွေ လုပ်လို့ရလဲဆိုတာကို အောက်မှာဆက်ဖတ်လိုက်ရအောင်။

•••••••••••••••••••

1️⃣ PC ကို USB Stick သုံးပြီး Lock/Unlock ပြုလုပ်နိုင်ခြင်း

PREDATOR ဆိုတဲ့ Software ကိုသုံးပြီးတော့ USB Stick တွေကို PC ရဲ့ Security Key အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံကတော့ရိုးရှင်းပါတယ်။ PC မှာတပ်ထားတဲ့ USB stick ကိုဖြုတ်လိုက်တာနဲ့တပြိုင်နက် သင့် PC lock ကျသွားမှာဖြစ်ပါတယ်။ Keyboard နဲ့ Mouse ပါအလုပ်မလုပ်တော့မယ့်အပြင် Screen ကလဲ Black Screen ဖြစ်သွားမှာမို့ PC အနားမှာ သင်မရှိတုန်း တခြားလူသုံးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ USB Stick ကိုနောက်တကြိမ်ပြန်တပ်မှသာလျှင် Unlock ဖြစ်ပြီး ပြန်သုံးလို့ရမှာဖြစ်ပါတယ်။
(⚠️www.predator-usb.com သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်⚠️)

2️⃣ USB stick ထဲမှာ Portable Application တွေထည့်ထားပြီး ဘယ် PC မှာ ဖြစ်ဖြစ်အသုံးပြုနိုင်ခြင်း

Portable Application တွေရဲ့ အားသာချက်ကတော့ Software တွေကို install လုပ်စရာမလိုပဲ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ သင်အသုံးများတဲ့ Software တွေရဲ့ Portable Version တွေကို USB Stick ထဲထည့်ထားပြီး PC တိုင်းလိုလိုမှာ အသုံးပြုလို့ရပါတယ်။
(⚠️Portable application တွေကို download ဆွဲလိုပါက www.portableapps.com မှာဝင်ရောက်ရှာဖွေနိုင်ပါတယ်⚠️)

3️⃣ ReadyBoost Feature ကိုသုံးပြီး PC ရဲ့ Performance ကို မြှင့်တင်နိုင်ခြင်း

PC တစ်လုံးမှာ Speed နှေးတဲ့ Hard Disk သာရှိနေခဲ့မယ်ဆိုရင် ReadyBoost Feature ကို သုံးပြီး Performance ကို မြှင့်တင်နိုင်ပါတယ်။ အကျဉ်းချုပ်နဲ့လွယ်လွယ်ပြောရရင် ReadyBoost က Hard Disk ရဲ့ cache memory အနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် PC ရဲ့ read/write Performance ကိုပုံမှန်ထက် ပိုကောင်းပိုမြန်လာမှာဖြစ်ပါတယ်။ အကယ်၍ PC ရဲ့ Hard Disk က 7200 RPM (သို့) အဲ့ဒီထက်မြန်တဲ့ hard disk ဖြစ်ဖြစ်၊ PC မှာ Solid State Drive(SSD) ကိုဖြစ်ဖြစ် တပ်ထားမယ်ဆိုရင်တော့ ReadyBoost ကို သုံးလို့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ReadyBoost ရဲ့ cache ထပ် SSD က ပိုမြန်နေလို့ပဲဖြစ်ပါတယ်။

4️⃣ Win32 Disk Imager ကိုသုံးပြီး Backup ပြုလုပ်နိုင်ခြင်း

USB Stick ကို Backup လုပ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ Win32 Disk Imager က သင့်အတွက်ဖြစ်မှာပါ။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ Backup ပြုလုပ်နိုင်ပါတယ်။
(⚠️www.sourceforge.net/projects/win32diskimager သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်⚠️)

5️⃣ USB Stick ကိုသုံးပြီး Operating System တိုင်းနီးပါးကို install ပြုလုပ်နိုင်ခြင်း

USB stick ကို Bootable Disk Image တွေထည့်သွင်းပြီး အခွေမလိုပဲ PC မှာ OS အသစ်တွေထည့်သွင်းနိုင်ပါတယ်။ Universal USB Installer ကိုသုံးပြီး Windows OS၊ Linux OS တွေကိုပါ USB stick နဲ့ install လုပ်နိုင်ပါတယ်။
(⚠️https://rufus.ie/ သို့ဝင်ရောက် rufus Software ကို download ဆွဲယူနိုင်ပါတယ်⚠️)

6️⃣ Tails Live Operating System ကိုသုံးပြီး Security နဲ့ Privacy ရှိရှိ Online အသုံးပြုနိုင်ခြင်း

Online သုံးတဲ့အခါမှာ လုံလုံခြုံခြုံ Security ရှိရှိနဲ့အသုံးပြုချင်ကြတာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ Tails က သင်တို့ Online သုံးတဲ့အချိန်မှာ Security ကောင်းဖို့အတွက်နဲ့ Privacy လုံခြုံစေဖို့အတွက်ပါလုပ်ဆောင်ပေးမှာပါ။ Tails မှာပါတဲ့ Tor ဆိုတဲ့ Software ကနေတဆင့် သင်တို့ရဲ့ File တွေ၊ Email တွေ၊ Chat Message တွေကို encryption ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Tails OS ကို USB stick ထဲ Bootable အနေနဲ့ထည့်ထားပြီး အသုံးပြုရုံပါပဲ။
(⚠️www.tails.boum.org သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်⚠️)

✅ ဒီ Post လေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

✅ ဒီ Post လေးကနေလဲ သင်တစ်ခုခုဗဟုသုတရသွားမယ်လို့မျှော်လင့်မိပါတယ်။

✅ သင်ကော သင့် USB Stick တွေကို အပေါ်ကအချက်တွေထဲက ဘယ်လိုမျိုးသုံးဖြစ်လဲဆိုတာကိုလဲ အောက်က comment ထဲမှာ မျှဝေပေးသွားပါဦး။

ယခုဖော်ပြထားသောပုံသည် #Myanmar_Web_Store_Facebook_Page မှ ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါတလ် …

#လေးစားစွာဖြင့်
🅲🆁🅴🅳🅸🆃
Credit..photo//

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts