Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြေတိုင်းလျှာက်ထားဖို့ဘာတွေလိုအပ်လဲ???

မြေတိုင်းလျှာက်ထားဖို့ဘာတွေလိုအပ်လဲ???

 မြေတိုင်းတာခြင်း ပြုလုပ်မယ်ဆိုရင် ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေနဲ့ ရွာမြေက လွဲရင် မြေတိုင်းတာပြီး မြေပုံထုတ်ပေးပါတယ်။ မြေတိုင်း လျှောက်ထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကတော့ .........

    (က) နိုင်ငံသားကတ်ပြားမိတ္တူ

    (ခ) အမည်ပေါက် (သို့) ဥပဒေနဲ့ အညီဆက်ခံခွင့်ရှိသူက ကျမ်းကျိန်လွှာ တင်ပြပြီး ၄င်းတင်ထားတဲ့ အထူး ကိုယ်စားလှယ်လွှဲစာ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ တင်ပြရပါမယ်။

    (ဂ) မှတ်ပုံတင် စာချုပ်စာတမ်းများ။

    (ဃ) ပို်င်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံးအမိန့်ဒီဂရီ တို့လိုအပ်ပါတယ်။

မြေတိုင်းခွင့်ပြုဖို့အတွက်

    (က) သတ်မှတ်ထားတဲ့ပုံစံနဲ့ ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးခြင်း။

    (ခ) မြေစာရင်းနှင့် ပို်င်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီများကို စိစစ်ခြင်း။

    (ဂ) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းလွှဲပြောင်း ကန့်သတ်တဲ့ ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိ စစ်ဆေးခြင်းတို့ လုပ်ဆောင် ဖြစ်ပါတယ်။

 စိစစ်ပြီးပြည့်စုံ မှန်ကန်ပါက အနားလေးဖက် အတိုင်းအထွာပါရှိတဲ့မြေတိုင်းမြေပုံ ထုတ်ပေးပါတယ်။

မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ မြေပုံလျှောက်ထားခြင်း

    ၁။ အသေးစိတ်တိုင်းတာပြီး မြေပုံထုတ်ပေးခြင်းနှင့် မှန်ကန်ကြောင်း သက်သေခံတဲ့မြေပဲ မြေရာဇ၀င်တို့ကို မြေစာရင်းနှင့် မြို့ကွက်မြေပုံအရ ထုတ်ပေးတာပါ။

    ၂။ မူလက ဂရန်ရရှိထားမြေဟာ မြေကြီးမြေပုံမကိုက်ညီလျှင် ပြန်လည် စိစစ်ပြီး ဆောင်ရွက်ပေးပါတယ်။

    ဥပမာ - လမ်း၊ အကွက်အမှတ် နေရာမှားနေခြင်းများ။

    ၃။ ပါမစ်မြေမှ ဂရန်မြေရရှိသူဟာ မြေပုံရှိပါက လျှောက်ထားနိုင်ပါတယ်။၄င်းကိစ္စကို လုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ်ဆောင်ရွက်ပေးပါတယ်။

    ၄။ မြေတိုင်းတာရာမှာ မြို့ကွက်မြေပုံအရ ၄င်း၊ မြေစာရင်းဟု၄င်း၊ မြေဂရန်ရှိ အတိုင်းအတာအရလည်း ခိုင်မာတဲ့ အာမခံ အမှတ်အသားကို အခြေခံပြီး မြေပေါ်မှာ ရှာဖွေတွေ့ရှိပြီးမှသာ မြေတိုင်းရပါတယ်။

ဧရိယာကို အခြေခံပြီး မြေတိုင်းခြင်း မပြုပါ။

Ref & Photo Credit   :Myanmar Builder Guide

Related Posts