Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ပါမစ်မြေအကြောင်း သိကောင်းစရာ

ပါမစ်မြေအကြောင်း သိကောင်းစရာ

ပါမစ်မြေအကြောင်း သိကောင်းစရာ
====================
🧑🏻‍💻ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ 
🧑🏻‍💻အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ 
🧑🏻‍💻နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ 
🧑🏻‍💻ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။ 
🧑🏻‍💻စာရွက်စာတမ်းစစ်၊ အမည်ပေါက် မှန်/မမှန်၊ အရှုပ်အရှင်း ရှိ/မရှိ စစ်ဆေးလို့ ရောင်းသူဝယ်သူ နှစ်ဘက်စလုံးအဆင်ပြေရင် စရန်ငွေပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ အရောင်းအဝယ်စာချုပ်ကြီး ချုပ်ဖို့ ရက်ချိန်းကြရတယ်။ 
🧑🏻‍💻ဝယ်သူက လည်း ရှေ့နေငှားပြီး ကန့်ကွက်ရန်ရှိ ၊ မရှိ သတင်းစာမှာ ကြော်ငြာရတယ် ။ ကန့်ကွက်ချက်ကင်းမှ နောက်ကျန်တဲ့ငွေကို ပေးချေရတာပါ ။ ပါမစ် မြေကွက်ရဲ့ သဘောက ပါမစ်မူရင်းနဲ့ အရောင်းအဝယ်စာချုပ်အဆက်အစပ် မူရင်းတွေနဲ့ တင်ပြည့်စုံပါတယ်၊ဂရန်လျှောက်လို့ရပါတယ်။ 
🧑🏻‍💻ယခုပိုစ့်သည်သင့်အတွက်အကျိူးရှိတယ်ဆိုလျှင် တခြားသူများလဲအကျိူးရှိစေရန်အလို့ငှါ မျှဝေပါ
#အိမ်လှလှလေးဆောက်ကြမယ်
#dreamhome
#Construction
#decoration
#renovations
#crd
#PAE
#လုံးချင်းတိုက်များ
Credit: အိမ်လှလှလေးဆောက်ကြမယ်-Dream Home
https://www.facebook.com/permalink.php?story_fbid=pfbid061k9ZGn3PBYzw4BQhzGeyseySDeG51R4AqmGCz4ZYytgu48s4xW9163izToQx1hNl&id=100067230132497

Related Posts