Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တိုက်ခန်း အရောင်းအဝယ်၌ မရှိမဖြစ် လိုအပ်သည့် စာရွက်စာတမ်းများ စစ်ဆေးလက်ခံကြဖို့လို

တိုက်ခန်း အရောင်းအဝယ်၌ မရှိမဖြစ် လိုအပ်သည့် စာရွက်စာတမ်းများ စစ်ဆေးလက်ခံကြဖို့လို

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းများ ဝယ်ယူရာ၌ တိုက်ခန်း ဝယ်ယူသူများအနေဖြင့် ဝယ်ယူသည့်အခါ၌ စာချုပ်စာတန်းများတွင် လက် မှတ်ရေးထိုးခြင်းထက် ပိုင်ဆိုင်မှု အထောက်အထားများအား သေချာ စိစစ် ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေ ဥပဒေပညာရှင်များက ထောက်ပြ ပြောဆို သည်။

အရေးကြီးအချက်အနေဖြင့် ဆက်စပ်စာချုပ်မှန်ကန်မှု(BCC)ကျပြီး မိတ္တူရှိ မ ရှိ၊ မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးခြင်း ရှိမရှိ စစ်ဆေး သင့်ပြီး လက်ရှိပိုင်ရှင် ထံတွင် BCC စာရွက်ရမရှိပါက မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူ ကူးယူထားသင့်သည်ဟု အိမ်ခြံမြေ ဥပဒေရှင်များက ထောက်ပြကြသည်။

တိုက်ခန်း အရောင်းအဝယ်ပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် စာရွက် စာ တမ်းများ အနေဖြင့်

(၁) ဆက်စပ် စာချုပ်၊(၂) BCC (လူနေထိုင်ခွင့်) စာရွက်၊ (၃) မြေရှင်လက်မှတ်၊(၄) ရေမီတာ၊ မီးမီတာ စာရွက် စသည့် စာရွက်စာ တမ်းများ လိုအပ်ပြီး အဆိုပါစာရွက်များ ပါဝင်ပါက ပိုင်ဆိုင်မှု သေ ချာကြောင်း တိုက်ခန်းအရောင်းအဝယ်လုပ်သူများက ထောက်ပြကြသည်။

“ ဟိုတစ်လောက ဗဟန်းဘက်မှာ လူငယ်လင်မယား အိမ်ဝယ်တာ ဦး ကို ခေါ်သွားတယ်၊ တော်သေးတာပေ့ါ၊ အဲဒီလူငယ် လေးတွေက အိမ်အေ ရာင်းအဝယ်နဲ့ ပတ်သက်ပြီး ဥပဒေတွေ၊ ဘာတွေလိုအပ်တယ်ဆိုတာ ဘာမှ နားမလည်ဘူး၊ လိမ်တဲ့သူနဲ့ တွေ့ရင် ဘာမှ လုပ်နေစရာမလိုဘူး၊ သူတို့ကို အသာလေး လိမ်သွားလို့ရတယ်၊ ဒါကြောင့် တိုက်ခန်း အရောင်းအဝယ် လုပ်မယ်ဆိုရင် အထူးသတိထားသင့်တယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်စွာထက်က ပြောသည်။

စာချုပ်ချုပ်ဆိုရာတွင်လည်း အရောင်းအဝယ်ပြုလုပ်သည့် အခန်း၏ တိုက်အ မှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့နယ်နှင့် အကျယ်အဝန်းကို တိကျစွာ စစ်ဆေးရန် လိုအပ်ကြောင်း၊ အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့) လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့) ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်သည့်အပြင်မြေပိုင်ရှင်ထံ၌ လက် ရှိ ရောင်းချသူမှ မြေလခပေးသွင်းပြီး နာမည်ပေါက်ရရှိထားမှုကိုလည်း စစ်ေ ဆးရန် လိုအပ်ကြောင်း သိရသည်။

“ တိုက်ခန်းမှ မဟုတ်ပါဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ရန်ကုန်မှာ ဝယ်မယ်ဆိုရင် ဒါတွေကို သိဖို့ လိုအပ်တယ်၊ မဟုတ်လို့ တစ်ခုခု ပြဿနာ ဖြစ်လာရင် ရှင်းစ ရာတွေ ဖြစ်လာမယ်၊ ကျွန်မကတော့ နားမလည်တဲ့သူတွေ အရောင်းအဝယ် ဆိုရင် ကူညီပေးပါတယ်၊ ဒါပေမယ့် တစ်ချို့ပွဲစားတွေကျတော့ ကိုယ်တိုင် လည်း နားမလည်တော့ ရှင်းမပြကြဘူး၊ အဲဒီမှာ အမွေဆိုင်တို့ ဘာတို့ဆိုရင် ဥပဒေအရ ရင်ဆိုင်ရင် ရှုံးနိုင်တယ်” ဟု အိမ်ခြံမြေ ပွဲစား တစ်ဦးဖြစ်သူ မဇင်လေးက ပြောသည်။

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအရောင်းအဝယ်များ တွင်ကျယ်လာပြီး မြို့နယ်အချက်အချာ ကျမှုအပေါ် မူတည်ပြီး ဈေးနှုန်း အမျိုး မျိုး ရှိကြောင်း၊ အနိမ့်ဆုံး သိန်း ၇၀ ဝန်းကျင် ရှိကြောင်း ရန်ကုန် အိမ်ခြံေြ မ ဈေးကွက်မှ သိရသည်။

“တစ်ချို့ တိုက်ခန်းဝယ်သူတွေဆိုရင် တိုက်ခန်းအရောင်းအဝယ်တွေနဲ့ ပတ် သက်ပြီး ဆက်စပ်စာချုပ်လေးတစ်ခုကိုင်ထားရုံနဲ့ မိမိပိုင်ဆိုင်တဲ့ အထောက် အထား ပြည့်စုံပြီလို့ ထင်မှတ်ထား ကြပါတယ်၊ မိမိပြန်ရောင်းတဲ့အခါ ဝယ် တဲ့ ဟိုဘက်က ဝယ်သူ တွေက စေ့စပ်သေချာတဲ့သူဆိုရင် ကိုယ်ပြန်ရောင်း တဲ့ အချိန် အခက်အခဲတွေ တွေ့နိုင်လို့ အကြံပြုတင်ပြခြင်း ဖြစ်ပါတယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးမြင့်ထွန်း က ပြောသည်။

Credit: Myanmar Chronicle

Related Posts