Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ခမ်းနား ထည်ဝါ လှပသော Spiral Stair -ကြောင်လိမ်လှေခါး နှင့် Circular Stair တွက်နည်း

ခမ်းနား ထည်ဝါ လှပသော Spiral Stair -ကြောင်လိမ်လှေခါး နှင့် Circular Stair တွက်နည်း

ကျွန်တော် အင်/ယာတွေက လူနေအိမ်အဆောက်အဦးတွေ၊ Residential တွေ၊ University တွေ စသဖြင့် Public buildings အတော်များများမှာ လှပခမ်းနားသော ကြောင်လိမ်လှေခါးကြီးတွေကို အခန့်သား တွေ့မြင်ဖူးကြမှာပါ။ တွေ့ဖူး မြင်ဖူးနေသလို ဘယ်လိုတွက်ရလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်ဗျ။

ကြောင်လိမ်လှေခါးရဲ့ သဘောက လှပတယ်၊ခမ်းနားတယ်၊ထည်ဝါတယ်၊ ဝင့်ဝင့်ကြွားကြွားရှိတယ်၊ အမြင်တင့်တယ်၊ ကုန်ကျစရိတ်လည်းများတယ်

ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့ သူတွေသာ များသောအားဖြင့် သုံးတာများပါတယ်။

ဘာဖြစ်ဖြစ် ကျွန်တော်တို့ အင်/ယာတွေက တွက်နည်း စဉ်းစားနည်းကို သိကိုသိထားသင့်ပါတယ်။ ဆိုပါတော့ဗျာ ...

ကိုယ့်အိမ်မှာ ကိုယ့်သမီးကို လာတောင်းရမ်းလို့ ပွဲထုတ်တော့မယ်ဆိုရင် .. ညေ်ပရိတ်သတ်အစုံအလင်နဲ့ အိမ်အောက်ထပ်မှာ စောင့်နေစဉ် အခါမျိုးမှာ အိမ်အပေါ်ထပ် ကြောင်လိမ်လှေခါးကြီးဆီမှ ကျော့ကျော့လေး တစ်ထစ်ချင်း၊ တစ်လှမ်းချင်း ပတ်ကာ ဝေ့ကာ ဆင်းလာမယ့် မြင်ကွင်းက....စဉ်းစားသာကြည့်.....

> ( ကျော့ရှင်းသော ကညာပျိုရယ်၊ ခန့်ညားသော ကြောင်လှိမ်လှေခါးကြီးရယ်။ ကဲကဲ.. စာတွေမဖွဲ့နွဲ့တော့ပါဘူး တွက်နည်းလေးပြောပါတော့မယ်...ဒီလိုဗျ ဒီလို:-)

1. ကြောင်လိမ်တွက်တော့မယ်ဆို Circle(စက်ဝိုင်း) လိုအရင်စဉ်းစားပါ။

2. ထားရှိမယ့် Radius (r) စဉ်းစားပါ။

3. လှေခါးရဲ့ perpendicular Height စဉ်းစားပါ။

4. Riser (အကျော်) စဉ်းစားပါ။

5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။

6. လှေခါးထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။

7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။

8. လှေခါးရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။

မှတ်ချက်။ ။ ကြောင်လိမ်ထားမယ့်

Radius,r = 15' (at least) ရှိရပါမယ်။ Diameter , d = 30' (at least) ပေါ့။ လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle ) Eg...ကြောင်လိမ်ထားမယ့်

(1). Radius, r = 16' ဆိုပါစို့..

(2). Perpendicular height, h = 12' Riser စဉ်းစားနည်း

> h=12' = 144"

>> 144" ÷ 6.5" = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်) 21 ထစ် >> 144" ÷ 21 = 6.86" (riser) (21 ထစ်ဆို အနင်းက 22 ခု )

(3). riser = 6.86"

Thread (အနင်း) စဉ်းစားနည်း

Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ်

Large circle > Radius, R= 16'

Small circle > radius, r = 10'

( circle ၂ ခုက Centre(အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ... အောက်ပါပုံကိုကြည့်ပါ။)

ဆိုတော့..လှေကားအကျယ်က>> 16' - 10' = 6' Large Circle ဘက်က Thread(အနင်း),> Thread, T = 2ΠR/4

= 2Πx 16/4

= 25.13

= 25.13' x 12 (ပေ ကို လက်မပြောင်း)

= 301.59"

= 301.59" ÷ 21 ( အထစ်)

= 14.36" (အနင်း)

Large Thread, T = 14.36" Small Circle ဘက်က Thread(အနင်း),> Thread, T = 2Πr/4 = 2Πx 10/4

= 15.7

= 15.7' x 12 (ပေ ကို လက်မပြောင်း)

= 188.5"

= 188.5" ÷ 21 ( အထစ်)

= 8.98" (အနင်း)

Small Thread, T = 8.98"

ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်

1. Large radius, R = 16'

2. Small radius, r = 10'

3. perpendicular height, h = 12'

4. nos of Step = 21 nos

5. Riser = 6.86"

6. Large Thread, T = 14.36"

7. Small thread, T = 8.98"

အဆင်ပြေကြမယ် ထင်ပါတယ်ဗျ .....

ဒါကတော့ ကြောင်လှိမ်လှေခါးမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။

မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread(အနင်း) က 9" ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့)

လူတစ်ယောက်ရဲ့ ခြေဖဝါး အရှည်က အနည်းဆုံး 9" လောက်ရှိလို့ပါ။

Credit : Original Uploader

Related Posts