Myanmar House Logo

Myanmar House

Real Estate in Myanmar

ပါမစ်မိတ္တူ ခြမ်းဝယ်ယူလျှင် သတိပြုဖို့လို

September 26, 2022 1083 views
ပါမစ်မိတ္တူ ခြမ်းဝယ်ယူလျှင် သတိပြုဖို့လို

ပါမစ်မိတ္တူ ခြမ်းဝယ်ယူလျှင်.......................................
ရောင်းသူက ပါမစ်မူရင်းကိုင်ပြီး ဝယ်သူကို ပါမစ်မိတ္တူပေးလေ့ရှိပါသည်။ အရပ်အခေါ် မိတ္တူခြမ်းဖက်ကို ဝယ်ယူသည်ဟု ခေါ်ကြပါသည်။ မဖြစ်မနေ ပါမစ် မိတ္တူခြမ်းဖက်ကို ဝယ် ယူမည်ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

��၁။ ရောင်းသူကပေးသော ပါမစ်မိတ္တူနှင့် ရောင်းသူထံတွင်ရှိသော ပါမစ်မူရင်း ကိုက်ညီမှုရှိ မရှိကို စစ်ဆေးရန် လိုပါသည်။ ပါမစ်မူရင်းကို စစ်ဆေးကြည့်ရှု့ရာတွင် မူရင်းစာ ရွက်စာတမ်းစစ်မှန်သလား (သို့) Scan ဖတ်ထားသည့် စာ ရွက်စာတမ်းဖြစ်နေသလားဆိုသည်ကို ကြည့်ရှု့စစ်ဆေးရပါမည်။

�၂။ ဒုတိယအချက်အနေဖြင့် ရောင်းသူထံတွင်ရှိသော ပါမစ်သည် အမည်ပေါက်မှန် မမှန် ၊ ဂရန်လျှောက်ထား ခြင်း ရှိ မရှိကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရပါမည်။ (အိုးအိမ်ရုံးတွင် စုံစမ်းစစ်ဆေးနိုင်သော်လည်း အိုးအိမ် ရုံးတွင် အမည်ပေါက်မှန်မမှန်ကိုသာ သိရှိနိုင်မည်ဖြစ်ပြီး စည်ပင်တွင် စစ် ဆေးပါက ပါမစ်မှ ဂရန်လျှောက်ထားခြင်း ရှိ မရှိကိုပါ သိနိုင်သည်ဖြစ်၍ ပါမစ်စုံစမ်းစစ်ဆေးရန်နေရာကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရန် ရည်ညွန်း ခြင်းဖြစ်ပါသည်။ )

�၃။ ပါမစ်မှန်ကန်ပါက သတင်းစာတွင် “ကန့်ကွက်နိုင်ကြောင်း” ကြော်ငြာထည့်သွင်းသင့်ပါသည်။ ( သတင်း စာတွင် ကြော်ညာထည့်သွင်းသင့်ကြောင်း အကြံပြုရခြင်းမှာ မြေ ကွက်နှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ သိရှိနိုင် ရန်နှင့် မိတ္တူခြမ်းဖက်ကို ဝယ်ယူခြင်းဖြစ်၍ ရနိုင်သမျှသော အ ထောက်အထားများရှိနိုင်ရန်အတွက် ဖြစ်ပါသည်။ )

��၄။ မိမိက ပြန်လည်ရောင်းချသည့်အခါတွင် မိမိရောင်း ချသော ဝယ်ယူသူသို့ ပါမစ်မူရင်းကို ပြသပေးရန် ရောင်းသူနှင့် သဘောတူညီချက်ယူထားရပါမည်။ ( ဤအချက်ကို စာချုပ်ဖြင့်ရေးသားချုပ်ဆိုထား၍ရပါက ချုပ်ဆို ထားသင့်ပါသည်။ ရောင်းသူနှင့် ကြိုတင်၍ သဘောတူညီချက်ရယူသင့်ခြင်းမှာ သဘောတူညီချက်ယူထားခြင်းမရှိ ပါက မိမိကပြန် လည်ရောင်းချသည့်အခါတွင် ရောင်းသူဘက်မှ ပါမစ်မူရင်းပြသပေးခြင်းမရှိပါက ပြန်ရောင်းရာ တွင် အခက်အခဲရှိနိုင်၍ ဖြစ်ပါသည်။ )

��၅။ ပါမစ်မှ ဂရန်လျှောက်မည်ဆိုပါက ပါမစ်မူရင်းအား အသုံးပြုခွင့်ပေးရန် ရောင်းသူနှင့် ကြိုတင် သဘောတူ ညီချက် ရယူထားရပါမည်။ သို့မှသာ တချိန်ချိန်တွင် မိမိအမည်ပေါက် ဂရန်လျှောက်မည်ဆိုပါက အခက်အခဲမရှိ အဆင်ပြေမည်ဖြစ်ပါသည်။

� အပိုဒ် (၄) နှင့် (၅) မှာ စရန်မချမီ အရောင်းအဝယ်အတွက် စကားပြောသည့်အချိန်တွင်ပင် ဆောင်ရွက်ရ မည့်အချက်ဖြစ်ပါသည်။ အပိုဒ် (၄) နှင့် (၅) ပါ အချက်များ သဘောညီမှုရရှိပြီးပါမှ ကျန်သည့်အချက်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ကူးယူဖော်ပြပါသည်

https://www.facebook.com/groups/796122153779748/permalink/5439444616114122/

Related Posts