Myanmar House Logo

Myanmar House

Real Estate in Myanmar

Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်

January 2, 2023 853 views
Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်

Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ
-----------++++++++-------------++++++++ အမြန်တွက်နည်း
------------------
Site ထဲမှာ သံချီသံကွေး လေခေါင်းတွေက အင်/ယာတွေထက် သုံးရမယ့်သံချောင်းအရေအတွက်ကိုတွက်တာ ပိုမြန်တတ်တယ်ဗျ (smiley) 
ဒါက အကြောင်းရှိတယ်...သူ့တို့လည်း သူတို့နည်းနဲ့ သူတို့ပဲ .. တခါတလေဆို ကိုယ်တွေအင်/ယာတွေ ခပ်ကြောင်ကြောင်ဖြစ်မိတတ်တယ်(သူတို့တွက်တာ စွန်း မြန်တာကိုးဗျ (smiley) (smiley) )
တခါကဆို ကျနော်က (အင်/ယာတွေတွက်တဲ့အတိုင်း) 1st floor မှာ Slab ဆင်ဖို့ (12'x 15') အခန်းအတွက် ကုန်မယ့် သံချောင်းအရေ တွက်နေတာ။ ကျနော် တွက်နေတာက ဒီလို (smiley) (smiley) ....
(12'-0" x15'-0") >  spacing က @6"c/c (10 mm dia) ဆိုတော့ ...
Short span (12'-0")
 >12' x 12 = 144 "
 > 144 ÷ 6" = 24 
                  = 24+1 = 25 nos ( by 15'-0" )
 > 25 x 15' = 375 R-ft.

Long span (15'-0")
 >  15' x 12 = 180 "
 > 180 ÷ 6  = 30
                 = 30 + 1 = 31 nos (by 12'-0")
 > 31 x 12'  = 372 R-ft

therefore,
short span + long span =375 + 372 
                                 = 747 R-ft
Layer က အပေါ်/အောက် 2 layers ဆိုတော့ 2 နဲ့ထပ်မြှောက်
 >  747 x 2 = 1494 R-ft

> 1494 R-ft  ÷ 39'-4" ( as 1 nos steel = 39'-4")
>>  Ans.... = 38 nos 
........
အဲလိုတွက်နေခိုက်.. အိုက်သံဆရာ လေခေါင်းက ရောက်လာပီးတော့ " ဆရာ... မနက်ဖြန် (12' x 15') အခန်းအတွက် သံကုန်ပီ.. မှာပေးပါအုံး ဆရာ") တဲ့ ယဉ်ယဉ်ကျေးကျေးပဲ သူက အဲလိုပြောတယ်။ ကျနော်လည်း ရုတ်တရတ် မော့ကြည့်ပီး ဘာမှတော့ မဖြေမိသေးဘူး။
ဒါနဲ့ သူက ဆက်ပြောတယ်.. ရေရွတ်ရင်း  ( "  12 ပေ.. 15 ပေ ဆိုတော့ ... 180......360 ...ဆို..တော့ >> 37 ချောင်းလောက် ကုန်မယ် ဆရာ" ) တဲ့ ...ကိုင်း ကြည့်...
ကျုပ် မျက်လုံးပြူးသွားတယ်...
(" ဟာ .. ခင်ဗျာ့ တွက်တာမြန်လှချည်လား
ကျနော် စောနက အဲဒါပဲ တွက်နေတာ 38 ချောင်းရတယ်.... ခင်ဗျား အမြန်တွက်လိုက်တာကလည်း 37 ချောင်း ဆိုတော့ ဟုတ်လှချီလားဗျ (smiley) (smiley) " )

အေးလေဗျာ .. ကျနော်တွက်နေတာက Calculator တွေရော ၊ စာရွက်တွေရော၊ ဘောပင်တွေရော ရှုပ်ရှက်ခက်လို့လေ:-) (smiley)  နှိပ်လိုက်၊တွက်လိုက်၊ရေးလိုက်နဲ့။ ခုကျ ... သူတွက်တာ စက္ကန့်ပိုင်းပဲ ကြာလိုက်တယ်။:-) (smiley) 
အာ့နဲ့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ မသိမသာလေး ဆွေးနွေးသလို မေးသလိုနဲ့.....( " လုပ်စမ်းပါအုံးဗျ ခင်ဗျာ့ စောနက အမြန်တွက်လိုက်တဲ့ နည်းလေး.." ) ဆိုတော့ သူက 
" သြော်... ဆရာရယ်.. ဒီလိုပါ
12 ပေ ၊ 15 ပေ ဆိုတော့ မြောက်လိုက်ရင် 180 ft2 ရတယ်....ပီးတော့ ၂ ထပ် သံစဉ်မှာ ဆိုတော့  ၂ နဲ့ ထပ်မြှောက် ... 360 ရရော..
အိုက် 360 ကို 10 နဲ့ စားပီး 1 ပေါင်းလိုက်တာပဲ... လွယ်ပါတယ် ဆရာရယ်.." တဲ့
ကိုင်းဗျာ:-) (smiley) .. ကျုပ်လည်း သူ့ကို ကျေးဇူးလည်းတင် လေးလည်း လေးစားလိုက်မိပါတယ်။

သူဆိုလိုတာ ဒီလို..
(12' x 15' Room)
12'x 15' = 180 Sft
> 180 x 2 = 360 Sft ( as two layers)
> 360 ÷ (10) = 36
                   = 36 + 1 = 37 nos

Next eg..
(10' x 10' Room)
> 10 x 10 = 100 Sft
> 100 x 2 = 200 Sft   (As two layers)
> 200 ÷ (10) = 20 
                   = 20 + 1 = 21 nos

မှတ်ချက်။   ။ ဒီနည်းက site ထဲမှာ သုံးရလေ့ရှိတဲ့ အလွယ်နည်းသပ်သပ်သာ ဖြစ်ပါတယ်။ တနည်းအား ယေဘုယျအားဖြင့်သာ မှန်ပါတယ်( 6" c/c နဲ့ပဲ အားလုံးတွက်ထားတာ). ... Spacing ပြောင်းသွားရင် မှားပါပီ...ဒါကြောင့် တကယ်က အပေါ်က အင်/ယာ တွက်နည်းဖြင့်သာ တွက်ယူပါ။ သူတို့ လေခေါင်းတွေ တွက်တတ်တဲ့ နည်းလေးသိထားတော့လည်း သူတို့လို တမ်း ကောက်ပြောနိုင်တာပေါ့ဗျာ (smiley) (smiley) ။
ဒါက ခန့်မှန်းခြေ အလွယ် အနီးစပ်ဆုံး မှန်းပြောနိုင်ခြင်းမျှသာ ဖြစ်ပါသည်။

Site ထဲမှ Junior ညီလေး/ညီမလေးများ အသုံးပြုနိုင်ပါစေ....

...ကျနော်ဟာ အင်/ယာ မူကြိုဆရာ အဆင့်မျှသာဖြစ်ပါသည်။
Seniors များနှင့် ဆရာ့ဆရာများအား အမြဲ ကြိုသေလေးစားလျက်.....

24.2.2017
Babylon Engineering Group
                          (ကြီးရဲ)

Photo Crt. Google.

Credit ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts