Myanmar House Logo

Myanmar House

Real Estate in Myanmar

"စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ" CONDOMINIUM LAW

"စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ" CONDOMINIUM LAW

Condominium Law အောက်မှာရှိတဲ့ Condo ဆိုတာ Facilities တစ်ခုတည်းပြီးပြည့်စုံလို့မရပါဘူး။ Condo အစစ်အမှန်ရဲ့ အနှစ်သာရကို အပြည့်အဝရဖို့ဆိုရင် အောက်မှာရေးထားတဲ့ အချက်တွေနဲ့ ညီနေဖို့လိုပါတယ်။ 
🔹ပုဒ်မ ၂ (ဂ) အရ စုပေါင်းပိုင်မြေဖြစ်ရပြီး 
🔹မြေအချိုးကျပိုင်ဆိုင်ခွင့်ရှိရမယ်
🔹ပုဒ်မ ၂ (က) စု​ပေါင်းပိုင် အဆောက်အအုံဖြစ်ရပါမယ်။ 
🔹မြေဧရိယာ စတုရန်းပေ ၂၀၀၀၀ နှင့် အထက်ရှိရမည်
🔹ပုဒ်မ ၂ (က) အနည်းဆုံး ၆ ထပ်နှင့် အထက်ရှိရပါမယ်
🔹Facilities  များပါဝင်ရပါမယ်
🔹မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းများရဲ့ အခြားသက်မှတ်ချက်အတိုင်း‌ ဆောက်လုပ်ထားခြင်း ဖြစ်ရပါမယ်။ 
👉ဒီလိုအချက်တွေနဲ့ပြည့်စုံပြီဆိုရင် Condominium Law အရ Condo တစ်ခုအဖြစ်သက်မှတ်လို့ရပါပြီ 
✅Condominium  law အောက်မှာရှိတဲ့ Condo တစ်ခုဖြစ်ပြီဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ခံစားနိုင်ပြီဖြစ်ပါတယ်။ 
🔸ကြိုပွိုင့်ရောင်းချခွင့်
🔸မြေအချိုးကျပိုင်ဆိုင်ခွင့်
🔸 ပုဒ်မ ၁၅ (ခ)၊ ၂၄ (ဂ)  Condo ရဲ့ ၄၀% ထက်မပိုသော အခန်းများကို နိုင်ငံခြားသားများအားရောင်း ချနိုင်ခွင့်
🔸ပုဒ်မ ၂၆ (က) အခန်းများအား မိမိအမည်ပေါက်ပိုင်ဆိုင်ခွင့်
🔸ပုဒ်မ ၂၈ အနည်းဆုံး  ၇၅% သော အခန်းပိုင်ရှင်များရဲ့ သဘောတူညီမှုရရှိမှသာ  ဒီ condo ကို ပြင် ဆင်ခြင်း၊တည်ဆောက်ခြင်း၊ ရောင်းချခြင်းများပြု လုပ်ခြင်းများပြုလုပ်နိုင်ခွင့် စသည်တို့ပဲဖြစ်ပါတယ်။
ZLA🇲🇲
Credit: ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း
https://www.facebook.com/permalink.php?story_fbid=pfbid05DYYHC8NHS2y8vowRt9h6PNSw4s2cBPHcbYq8vmkTGX5RdB1jjWzkdxQSLv7GGPul&id=100069838016415

Related Posts