Myanmar House Logo

Myanmar House

Real Estate in Myanmar

လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင် အမျိုးအစားများ

February 6, 2023 470 views
လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင် အမျိုးအစားများ

လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင် အမျိုးအစားများ.....
*****************************************************
လုပ်ငန်းလိုင်စင်များကတော့
"က"  "ခ"  "ဂ"  "ဃ"  "င" ဆိုပြီးရှိပါတယ်
နောက်ဆုံးက စလို့ပြောကြည့်ရအောင်......

" င " လုပ်ငန်းလိုင်စင်
အိမ်မှာကားလေးဝယ်ထားတယ် 
ဥပမာ ။ ဟိုက်ဂျက်လိုမျိုးလေးပေါ့
ကိုယ်ပိုင်ကားလေး နံပါတ်အနက်နဲ့ တနိုင်တပိုင် စီးပွားရေးလေးလုပ်လို့ အိမ်ဆိုင်လေးနဲ့ အခြားအလုပ်လေးအတွက် ပစ္စည်းလေးတွေ သယ်မယ် ပို့မယ်ဆိုရင် အဲ့ဒီ "c" ကိုယ်ပိုင်စီးပွားပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်လေး လုပ်ထားရပါ့မယ် (အစိမ်းရောင်)
မိမိလုပ်ငန်းအမျိုးအစားပါ ဖော်ပြလို့ပေါ့.
( ကုန်မာ/စားသောက်ကုန်/အလှကုန် စသည့်ဖြင့်)

"ဃ" လုပ်ငန်းလိုင်စင်ကတော့ 
နိုင်ငံခြားသား ခရီးသည်တွေကို Taxi လုပ်တာပါ
(ပဋိညာဉ်ပို့ဆောင်ခွင့်)
ကားနံပါတ်ကလဲအပြာ လုပ်ငန်းလိုင်စင် "ဃ" ကလဲ အပြာပါ.
( ဃ လုပ်ငန်းမှာနှစ်မျိူးရှိပါမယ်
 ဟိုတယ်ခရီး ဃ ခြား
 စက်ရုံကျောင်းကုပ္ပဏီစသည် ကြိုပို့
 ဃ   ကြိုပို့ ခွဲခြားထားပါသည်)

"ဂ"လုပ်ငန်းလိုင်စင်က 
လက်ရှိပြေးဆွဲနေတဲ့ Taxi တွေအတွက်ပါ
စင်လုံးငှားပို့ဆောင်ခွင့် 
နံပါတ်အနီ လုပ်ငန်းလိုင်စင်အနီပါ.

"ခ"လုပ်ငန်းလိုင်စင်ကတော့ ခရီးသည်ပို့ဆောင်ခွင့် ပါ
အခုပြေးဆွဲနေတဲ့ လိုင်းကားတွေ Express တွေမှာ အဲ့ဒီ "ခ" လုပ်ငန်းလိုင်စင် လုပ်ထားတယ်လေ.

နောက်တစ်ခုက 
ကုန်စည်ပို့ဆောင်ခွင့် "က" လုပ်ငန်းလိုင်စင် ပါ
ကုန်စည်သယ်ယူပို့ဆောင်မယ် ဆိုရင် "က"လုပ်ငန်းလိုင်စင် လုပ်ထားလိုက်ပါ
"က"လုပ်ငန်းလိုင်စင်ဆိုရင် စပယ်ယာလိုပီဆိုတာလဲ မမေ့ပါနဲ့.

တစ်ခါတလေမှသာတွေ့ရတဲ့ "စ" လုပ်ငန်းလိုင်စင် ဆိုတာ ယာယီပို့ဆောင်ခွင့်(သို့) အထူးလိုအပ်ချက်များ ဖြည့်တင်းရန် အတွက်လည်းကောင်း လိုင်စင်အသစ် လဲလှယ်ချိန် ရက်ကြာနေပါက
အသုံးပြုတဲ့ လုပ်ငန်းလိုင်စင်ပါ.
ဘုရားဖူးကားတွေမှာ တွေ့ရပါတယ်.

ကားနှင့်ပတ်သတ်၍ အလုပ်လုပ်မည်ဆိုလျှင်
မသိသေးပါက လေ့လာလို့ရပါပြီးခင်ဗျာ။

မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts