Myanmar House Logo

Myanmar House

Real Estate in Myanmar

ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များ

ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များ

ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များ
--------------------------------------
ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များဖော်ပြပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်ဖြစ်ပါသည်-
(က)    လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊
(ခ)     လျှောက်ထားသော မြေတည်ရှိရာ ရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊
(ဂ)     လျှောက်ထားမြေ၏ အလား(၄)ရပ်(အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိ မြေများ)၊
(ဃ)    လျှောက်ထားသောမြေပေါ်တွင် ဆောက်လုပ်မည့်အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက် လုပ်မည့် ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)
(င)     လျှောက်ထားသောမြေကို မည်ကဲ့သို့အသုံးချရန် ရည်ရွယ်ချက်၊ (ဥပမာ- အဆောက်အအုံ ဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်)
(စ)     လျှောက်ထားသောမြေ၏ နယ်နိမိတ် သတ်မှတ်တိုင်းတာထားခြင်း ရှိ/မရှိ၊ (အောက် မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ-၁၁၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၆၂)
(ဆ)    လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ မြေပုံ(၂)ပုံ၊ မြေပုံတွင် လျှောက်ထား သောမြေ၏ အကျယ်အဝန်း အလား(၄)ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့်ဖော်ပြရန်၊ ထိုမြေပုံ (၂)ပုံအနက် (၁)ပုံမှာသက်သေခံနိုင်ရန်အတွက် သတ်မှတ် ရုံးခွန်တံဆိပ် ခေါင်းကပ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးက လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၀၅) မြေပုံ(၂)ပုံဖြစ်ရမည်၊
(ဇ)     လျှောက်ထားသည့်မြေ၏ ရာဇဝင်မြေစာရင်းပုံစံ(၁၀၆) (လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ၁-က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နုတ်ချက်မိတ္တူမှန် တစ် စောင်)၊
(ဈ)     လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ (၂)ပုံ/ ပုံစံမှာ ရှေ့မြင် Front Elevation နှင့် ဘေးမြင် Side Elevation ဖြစ်ရမည်၊
(ည)    ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်၊
(ဋ)     ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် ရုံးခွန် တံဆိပ် ခေါင်းကပ်ထားပါရှိရမည်၊
(ဌ)     လျှောက်ထားမြေသည် လယ်ယာစိုက်ပျိုးမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်(လ/ န - ၃၉၊ လယ - ၃၀ - က)၊ လယ - ၃၀ - ခ)၊
(ဍ)     မြေငှားဂရန်သက်တမ်းတိုး/အသစ်လဲလျှောက်ထားခြင်း ဖြစ်ပါက မူရင်းမြေငှားဂရန် စာချုပ်ပူးတွဲပါရှိရမည်၊
(ဎ) မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ်ပါရှိ ရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင် အထောက်အထားစာချုပ်စာတမ်းများပါရှိရ မည်။ (အရောင်းအဝယ်ပြုလုပ်ရယူခဲ့ ပါကတရားဝင်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပါရှိရမည်။)
ပုဂ္ဂလိကဂရန်/စက်မှုမြေငှားဂရန်အတွက် ဌာနမှဆောင်ရွက်ပေး ရမည့် လုပ်ငန်းစဉ်များ
------------------------------
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲမှတ်ပုံစာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည် ဖြစ်ပါသည်။ အချက်အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ (အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၁၅)
အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင်ပါရှိသော လျှောက်ထားသူတင်ပြသည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော် အရာရှိ)ထံ ပေးပို့ရမည်ဖြစ်ပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက် အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ရမည်-
(က)    လျှောက်ထားမြေရာဇဝင်၊ (၁ - က စာရင်းအရ)
(ခ)     လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသောမြေ ဟုတ်/ မဟုတ်၊
(ဂ)     လျှောက်ထားမြေကို နိုင်ငံတော်အစိုးရကအသုံးပြုရန် သတ်မှတ်လျာထားခြင်း ရှိ/ မရှိ၊
(ဃ)    လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ/ မရှိ၊
(င)     လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင်စသည့်များ ထုတ်ပေးခဲ့ခြင်း ရှိ/ မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန်ဖြစ်ပါသည်၊
(စ)     လျှောက်ထားမြေကို လျှောက်ထားသူအပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက်ထားခြင်းများ ရှိ/ မရှိ၊
(ဆ)    လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း ရှိ/ မရှိ၊
(ဇ)     လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ရ၅ % ကျသင့်ငွေကို ဖော်ပြရန်၊
(ဈ)     လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး၏ ၆ % ကျသင့်ငွေကို ဖော်ပြရန်ဖြစ်ပါသည်၊ (စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့် ငွေကို ဖော်ပြရန်)
(ည)    လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန် ဖြစ်ပါသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အထက်အပိုဒ်ပါ အချက်အလက်များ အပေါ် စိစစ်ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထားပေးခြင်းကို ကန့်ကွက်ရန် ရှိ/ မရှိ၊ ကန့်ကွက်လိုသူရှိက (၁၅)ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။
သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီး အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိလျှင်သော် လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း မြေငှားဂရန်ထုတ်ပေးခွင့်ပြုနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းမြေ နေရာသို့ သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ�ကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။
ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ (၁)ဧကအောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။ (အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ - ၅၁(ခ) နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၉)
လျှောက်ထားမြေသည် မြေဧရိယာ(၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ္တော်အရာရှိ)မှ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။
မြေဧရိယာ(၅)ဧကအထက် လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။
ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ ခ(ဂ)အရ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ - ၉(ဂ)အရ နှစ်ရှည် မြေငှားဂရန်ပေးရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ)အား လုပ်ပိုင်ခွင့် အပ်နှင်းရန် ဖြစ်ပါသည်။
#Credit
ဥပဒေရေးရာ
https://www.facebook.com/permalink.php?story_fbid=pfbid02Se2e9u3e7Ms4HR1kdUeeQsKRxmfr8GMVdQdJ13kJ6PFAzCjJNxW5EKrZPrcjPVVVl&id=138084291734736

Related Posts