Myanmar House Logo

Myanmar House

Real Estate in Myanmar

ဂရန်အမည်ပေါက်သူမှ မိမိပိုင်ဝင်းမြေအား ခွဲခြမ်းရောင်းချပြီး ဂရန်မူရင်းစာရွက်အား ဝယ်ယူသူထံသို့ လွှဲပြောင်းပေးရတော့မည်ဆိုလျှင်

October 5, 2022 584 views
ဂရန်အမည်ပေါက်သူမှ မိမိပိုင်ဝင်းမြေအား ခွဲခြမ်းရောင်းချပြီး ဂရန်မူရင်းစာရွက်အား ဝယ်ယူသူထံသို့ လွှဲပြောင်းပေးရတော့မည်ဆိုလျှင်

ဂရန်အမည်ပေါက်သူမှ မိမိပိုင်ဝင်းမြေအား ခွဲခြမ်းရောင်းချပြီး ဂရန်မူရင်းစာရွက်အား ဝယ်ယူသူထံသို့ လွှဲပြောင်းပေးရတော့မည်ဆိုလျှင် စာချုပ်တွင် အောက်ပါအချက်အလက်ထည့်ဖို့ မမေ့ပါနဲ့။ 
🇲🇲ZLA Law Firm
09 986 252 417
=========================================
ဝယ်ယူသူမှ ဝန်ခံကတိပြုသည်မှာ ရောင်းချသူ (သို့မဟုတ်) ရောင်းချသူမှ တစ်ဆင့်လွှဲပြောင်းခံရသူ မှ ကျန်ရှိနေသည့် တရားဝင်မခွဲစိတ်ရသေးသော (ခြေရင်းခြမ်း)ဖြစ်သည့် (၂၀ ပေ* ၆၀ ပေ) အကျယ်အဝန်ရှိဝင်းမြေအား အခြားသူတစ်ဦးတစ်ယောက်ထံသို့ တစ်ဆင့်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ တနည်းနည်း​ဖြင့်လွှဲပြောင်းခြင်း၊ သက်ဆိုင်ရာဌာန (သို့မဟုတ်) အခြားသူတစ်ဦးတစ်ယောက်ထံသို့ တင်ပြရန် လိုအပ်ပါက ဂရန်မူရင်းအပါအဝင် ဆက်စပ်သည့်စာရွက် စာတမ်းမူရင်းများအား ရောင်းချသူ  (သို့မဟုတ်) ရောင်းချသူမှ တစ်ဆင့်လွှဲပြောင်းခံရသူက အကူအညီတောင်းခံသည့်အခါတွင် မည်သည့်အချိန်မဆို အကျိုးအမြတ်တစ်စုံတစ်ရာမယူဘဲ လိုက်လံပြသရပါမည်။
နိူ့မို့ဆိုရင် ကျန်ရှိသည့် ဝင်းမြေကွက်အား မူရင်းစာရွက်များကိုင်ဆောင်ထားသူက လိုက်လံပြသခြင်းမပြုပါက ရောင်းချရန်နှင့် အမည်ပေါက်ပြောင်းရန် အရမ်းခက်ခဲပါသည်။
🇲🇲ZLA Law Firm
09 986 252 417
Credit: ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း
https://www.facebook.com/permalink.php?story_fbid=pfbid0qTsnHZm8ksJdA79n3oLTM61bTz5397aB2ZzqsAEJjsf6YrLYoExcp3eRwJP769UCl&id=100069838016415

Related Posts