ရန်ကုန်တိုင်းလှည်းကူးမြို့ လယ်ကွင်းနားကအိမ်လေး
Property Description
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် က လယ်ကွင်းနားကအိမ်လေး တစ်လုံး ရောင်းဖို့ရှိပါတယ်။
လှည်းကူး မြို့ပေါ်နဲ့ ၁၀ မိနစ် ၃၇ ကားများ ဂိတ်နဲ့ ၄မိနစ်လောက် ဝင်ရတဲ့ လယ်ကွင်းနားက သဘာဝလေတွေ တစ်ဝကြီးရှူပြီး day trip ပုံစံ ထွက်လို့ရမယ့် အိမ်လေးတစ်လုံး ဖြစ်ပါတယ်...
လယ်ကွင်းနား ဆိုလို့ လူခြေပြတ်တဲ့ နေရာမဟုတ်ဘဲ တစ်လမ်းလုံး အိမ်တွေ ရှိပြီး လမ်းရဲ့ အဆုံး လယ်ကွင်းဘေးလေးက သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ အိမ်လေးဖို့ နေချင်စဖွယ်အိမ်လေး တစ်လုံးဖြစ်ပါတယ်...
၄၀ပေ x ၆၀ပေ ခြံဝန်းထဲမှာ ပေ ၂၀ x ၃၆ပေ ရှိတဲ့ အိမ်လေးဆောက်ထားတာမို့ မြေကျန် လဲရှိတဲ့ အိမ်လေးဖြစ်ပါတယ်။
အိမ်ရှေ့ ခြံဝန်းမှာ car parking အပြင် ညဘက် party ပေးဖို့ပါ အဆင်ပြေစေအောင် ကွန်ကရစ်ခင်းပေးထားပြီး ခြံဝန်းထဲမှာ KTV Room လေးတစ်ခုပါ အပိုပါပါသေးတယ် ဗျာ...
ခြံရဲ့ညာဘက်အခြမ်းမှာတော့ အပင်လေးတွေစိုက်လို့ရမယ့်အပြင် ခြံထဲ မှာ နေရင် အပေါ့အလေးသွားလို့ရမယ့် အိမ်သာလဲ ရှိနေမှာ ဖြစ်ပါတယ်...
ခြံရှေ့ရောက်တာနဲ့ သပ်ရပ်လှပမှုကို မြင်ရမှာဖြစ်ပြီး အောက်ထပ်ရဲ့ ညာဘက်အခြမ်းမှာ ဧည့်ခန်းလေးနဲ့ အိပ်ခန်း မီးဖိုချောင်တို့ကို ထည့်သွင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်...
အိမ်ရှင်ရဲ့ စိတ်ကြိုက် သစ်ကိုသုံးထားတဲ့ အိမ်လေးဖြစ်ပြီး ကွန်ကရစ် မုန်းတဲ့ လူတွေအတွက် ပထမထပ်ကိုပါ သစ်ရဲ့အရသာကို ခံစားရစေမှာဖြစ်တဲ့ ကြမ်းကို သစ်သားအပြည့် ခင်းပေးထားတာ မို့ တွေ့ရခဲတဲ့ အိမ်တစ်လုံးဖြစ်ပါတယ်။
အပေါ်ထပ်မှာတော့ ကိုယ့်စိတ်ကြိုက်အခန်းပြန်ဖွဲ့လို့ရမယ့် hall အနေ နဲ့ ရှိသေးတဲ့အပြင် အနောက်ဘက် ခြမ်းမှာတော့ အိပ်ခံအသေးလေးနဲ့ အိမ်သာရေးချိုးခန်းတွဲရက်လေး ပါရှိပါသေးတယ်ဗျာ...
ဒီအိမ်ရဲ့ အဓိက အသက်ကတော့ ခြံထဲက KTV Room လေးနဲ့ Garden လေးအပြင် အပေါ်ထပ်က ဝရံတာ လှလှလေးကနေ မနက်ပိုင်းနဲ့ညပိုင်း လယ်ကွင်းတွေ ကြည့် လေတဝကြီး ရှုပြီး ကောင်းကောင်း chill လို့ရတာပဲ ဖြစ်ပါတယ်...
ခြံကိုလာမယ့်လမ်းကလဲ ခြံပိုင်ရှင်ကိုယ်တိုင်ဖောက်ပေးထားတာ ဖြစ်ပြီး မြေသားကို ကျောက် သဲ ဖို့ပြီးသားမို့ လမ်းအတွက်လဲ စိတ်ပူစရာမလိုဘဲ လာလို့ရနေပြီ ဖြစ်ပါတယ်...
ခြံပိုင်ရှင်ကိုယ်တိုင်ချစ်တဲ့ အိမ်လေးဖြစ်တာမို့ သူ့အိမ်လေးကို စျေးထက် တန်ဖိုးထားတဲ့ လူကိုရောင်းချင်တာမို့ စျေး "သိန်း၅၀၀" လို့ခေါ်ထားပေမယ့် ပိုင်ရှင် နဲ့ ကိုယ်တိုင် ပွဲစားမပါပဲ ဖုန်းဆက်ပြီး ညှိနှိုင်း လို့ ရတာမို့ အမြန်သာ ဆက်ပြီး စုံစမ်း လိုက်ပါတော့ဗျာ...
ဆက်သွယ်ရန်ဖုန်း
09 799 916500
Property Facilities
Similar Properties
No similar properties found!