• ၁သိန်းခွဲနဲ့ အိမ်ငှားပြီး ဆိုင်တွဲဖွင့်ရင်း အိုးမကွာ၊ အိမ်မကွာ စီးပွားရှာလိုပါသလား။
• လူစည်ကားပြီး စျေးနီး၊ ကျောင်းနီး၊ ရုံးနီးတဲ့ နေရာကောင်းလေးမှာ နေပြီး စျေးဆိုင်အသင့်ပြင်ပြီးသား မဖွင့်ချင်ဘူးလား။
• လမ်းဘေးမေးတင်ထားတဲ့ နေရာမှာ အိမ်နဲ့လမ်းကို လုံခြုံရေးအရ အုတ်တံတိုင်းကြီးခြားထားတာ ရှိပါတယ်။
• အိမ်က အလှည့်ကောင်းတဲ့ အရှေ့ဘက်လှည့်ပါ။
• အိမ်အကြောင်းပုံလေးတွေနဲ့ အသေးစိတ်ကြည့်ရင် iMyanmarHouse.Com ဝက်ဘ်ဆိုက်မှာလည်း ကြည့်လို့ ရပါတယ်။
https://www.imyanmarhouse.com/rent/19758772
• အိမ်ထဲဝင်ဖို့ဆိုရင်တော့ သံပန်းခြံတံခါး တပ်ပေးထားပါတယ်။
• အိမ်နဲ့အုတ်တံတိုင်းခြံကြား ၃ပေအကွာလောက်မှာ အရိပ်ရပြီး မိုးမပက်ရလေအောင် ဆန်းရှိတ် Sunshade နေကာတပ်ပေးထားပါတယ်။
• အိမ်ဆိုင်ဆိုလို အိမ်နဲ့ဆိုင် တွဲထားတာမျိုးဆို မနေချင်ရင် အိမ်နဲ့ဆိုင် အခန်းနဲ့ တံခါးပေါက်တွေကအစ သီးသန့်ခွဲထားတာမျိုးဆို အဆင်ပြေပြီပေါ့။
• သစ်သားနဲ့ ကျောက်ပြားကာအိမ်တွေက ခဏခဏပြင်ရလို့ တိုက်ခံအိမ်လေးမှာ မနေချင်ဘူးလား။
• တစ်အိမ်လုံးကိုလည်း အင်္ဂတေလောင်းပြီး သမံတလင်း ခင်းပေးထားပါသေးတယ်။
• အိမ်မျက်နှာစာက ၃၅ပေကျယ်ပြီး အိမ်ရှေ့ကနေ နောက်အထိက ပေ၃၀ရှည်လို့ စတုရန်းပေ ထောင်ကျော်ကျယ်တဲ့အိမ်ဆို ကျယ်ကျယ်ဝန်းဝန်းနေရတာ အဆင်ပြေတယ်မလား။
• ၇ပေပတ်လည်း အခန်းဖွဲ့ ၁ခန်း ပါပြီးသားဆို မိသားစုဝင်တွေ လုံလုံခြုံခြုံနေနိုင်ပြီပေါ့ဗျာ။
• ထပ်ခိုးပါအဆစ်ပါရင်တော့ ပစ္စည်းထားဖို့ကအစ နေရာပိုကျယ်တာပေါ့။
• တိုက်ပေါ်မှာ ကနုတ်ကွက်တွေနဲ့ အလှဖော်ထားတဲ့ ဘုရားခန်းပါပြီးသားဆိုတော့ သီးသန့်ထပ်ဖွဲ့စရာ မလိုတော့ဘူးပေါ့။
• အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကိုလည်း သစ်သားကျည်းဘောင်အထူ ပတ်လည်ခတ်ထားပါတယ်။
• ဆိုင်ကလည်း အလျားပေ ၂၀နဲ့ အနံ၈ပေကျယ်တော့ ပစ္စည်းအတော်ဆန့်မယ့်ဆိုင်ပါပဲ။
• ကိုယ်ပိုင်လျှပ်စစ်မီတာနဲ့ ရေမီတာတွေပါရင် ရေမီးအစုံနဲ့ လေထီးခုန်လို့အိုကေပဲ။
• သူများနဲ့တွဲသုံးရတဲ့ စပ်မီတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက်ပဲ သီးသန့်သုံးရတဲ့မီတာမျိုးပါ။
• အိမ်သာကိုလည်း အုတ်ဘောင်နဲ့အချောကိုင်ပြီး အခင်းကိုလည်းကြွေပြားကပ်ပေးထားတော့ သန့်ရှင်းရလွယ်ကူတာပေါ့။
• ပိုကောင်းတာက အိမ်သာကို အိမ်နဲ့ရော ဆိုင်နဲ့ပါ တွဲမထားဘဲ ခြံထဲမှာ သီးသန့်ခွဲထားတော့ သူများကို အိမ်သာပေးသုံးချင်ရင်တောင် ကိုယ့်အိမ်ထဲကဖြတ်သွားစရာမလိုတော့ပါဘူး။
• ခြံထဲမှာလည်း မြေပိုပါသေးတော့ ဝါသနာပါရင် ပန်းပင်လေးတွေ စိုက်ရင်း အလှဆင်လို့ရပါသေးတယ်။
• နေရာကလည်း အငြိမ်းစားတွေ အနေများတဲ့ မင်္ဂလာဒုံ၊ ကြူစမ်းဘက်ဆိုတော့ မြို့ထဲနဲ့ မနီးမဝေးပေါ့။
• ဝါယာလတ်စျေးအကျော် ၁နံပါတ်မှတ်တိုင်ဘက်မို့ YBS ကားအများကြီးဖြတ်သွားဖြတ်လာရှိတယ်ဗျို့။
• ကားမှတ်တိုင်ကနေ လမ်းထိပ်အထိ ဆိုင်ကယ်ကယ်ရီတွေရှိတာမို့ အိမ်အထိလိုက်ပို့ခိုင်းရင် ၃မိနစ်ပါပဲ။
• ရပ်ကွက်လမ်းတွေကလည်း ကွန်ဂရစ်အထူ ၁ပေကျော်ခင်းပေးထားတာဆိုတော့ လမ်းပျက်မှာ မပူရတော့ဘူးပေါ့။
• လမ်းထဲလည်း ကားဝင်လို့ရတော့ အဆင်ပြေတာပေါ့။
• စည်ပင်အမှိုက်သိမ်းကားကလည်း ရပ်ကွက်ထဲမှာ အချိန်မှန်အမြဲရှိပါတယ်နော်။
• ပြည်လမ်းနဲ့ အောက်မင်္ဂလာဒုံလမ်းကို တိုက်ရိုက်ပေါက်တဲ့ ရပ်ကွက်အခေါ် ငါးကန်လမ်းမလို့ခေါ်တဲ့ အောင်ချမ်းသာလမ်းမကလာရင် ဇာတ်မင်းသား ဖိုးချစ်ဇာတ်သဘင်ခြံဆို အဲဒီမှာ မသိတဲ့သူ မရှိသလောက်ပါပဲ။
• ဖိုးချစ်ဇာတ်သဘင်ခြံရှိတဲ့ ဂရုဏာလမ်းထဲဝင်လာရင် ဆယ်အိမ်လောက်ဆို အိမ်ရောက်ပါပြီ။
• လိပ်စာအတိအကျကတော့ အိမ်အမှတ် ၁/၉၇၊ ဂရုဏာ ၁လမ်း၊ ကြူစမ်းရပ်ကွက်၊ မင်္ဂလာဒုံပါ။
• (မင်္ဂလာဒုံစျေးဘက်ကလာရင် ဝါယာလက်စျေးအကျော် မီးပွိုင့်ကနေ ဘယ်ဘက်ချိုးပြီး ပြည်လမ်းကနေ ရွှေပြည်သာဘက်တိုက်ရိုက်ပေါက်တဲ့ အောင်ချမ်းသာလမ်း (ရပ်ကွက်အခေါ် ငါးကန်လမ်းမပေါ်)မှ ဖိုးချစ်ဇာတ်သဘင်ခြံဆိုင်းဘုတ်ရှိတဲ့လမ်း၊) ကြူစမ်းရပ်ကွက်ပါ။
• ပြည်လမ်းပေါ်ကလာရင် ၁နံပါတ် ကားမှတ်တိုင်ကို YBS ဘတ်စကားစီလာရင် အမှတ် ၃၇၊ ၄၁၊ ၄၃၊ ၄၄၊ ၉၀၊ ၉၁၊ ၁၂၃ ကားတွေစီးပြီး ဝါယာလတ်အကျော် ၁နံပါတ်မှတ်တိုင်မှာ ဆင်းနိုင်ပါတယ်။
• အောက်မင်္ဂလာဒုံလမ်းပေါ်က ဂိတ်ဟောင်း ဒါမှမဟုတ် ရဲ(၆) ကားမှတ်တိုင်ဘက်ကလာရင် YBS အမှတ် ၃၉၊ ၆၆၊ ၆၉၊ ၇၈၊ ၉၄၊ ၉၆ ကားတွေစီးပြီး နီးစပ်ရာမှတ်တိုင်မှာဆင်းနိုင်ပါတယ်။
• လိုင်းကားစီးလာရင် ပြည်လမ်းဘက် ၁နံပါတ်မှတ်တိုင်ဘက်ကဆို ပိုနီးပါတယ်။
အွန်လမ်းမြေပုံလမ်းညွှန် GPS ကြည့်လာချင်တယ်ဆိုရင် Google Map မြေပုံဝက်ဘ်ဆိုက်လင့်လေးကို နှိပ်လာလို့ရပါတယ်။
https://maps.app.goo.gl/ZUcZH75AuG7R1cD39
16.968557,96.113864
• အဆင်ပြေရင် ဘယ်တော့အိမ်ပေါ်စတတ်နေလို့ရမလဲဆိုရင် ခုချက်ချင်းအထုပ်လေးဆွဲပြီး အဆင့်သင့်တတ်နေရုံပါပဲ။
• ဒီလောက်အဆင်ပြေတဲ့အိမ်နဲ့ဆိုင်နှစ်ခုတွဲကို ငှားမယ်ဆို ၁လမှ ၁သိန်းခွဲပါပဲနော်။
• လချင်းပေးနေလို့ရပေမယ့် ရေရှည်နေလို့အဆင်ပြေအောင် စပေါ်ကတော့ ၃သိန်းတင်ပေးပေါ့။
• ပိုင်ရှင်တိုက်ရိုက်မို့ အကျိုးဆောင်ခလည်း တစ်ပြားမှ မကုန်တော့ဘူးပေါ့နော်။
• အိမ်ရှင်နဲ့တိုက်ရိုက်ဆက်သွယ်ချင်ရင် ကိုကျော်မိုးဟိန်း 09421028083 ကို ဖုန်းဆက်မေးမြန်းလို့ရပါသေးတယ်။
• အိမ်ရှင်ကလည်း သဘောကောင်းလို့ အပြောကောင်းရင် နည်းနည်းပါးပါးညှိနှိုင်းပေးဦးမှာပါ။
• အိမ်ရှင်ကိုယ်တိုင်ကလည်း အိမ်ငှားခဏခဏမရှာချင်လို့ ရေရှည်နေမယ့်သူဆိုရင် အဆင်ပြေပါတယ်။
• စရံဦးသူရမှာမို့ နေချင်ရင် အနီးကလေးမို့ အထုပ်လေးသာ ဆွဲလာလိုက်ပါ။ 😉
You might also be interested in: