Myanmar House Logo

Myanmar House

Real Estate in Myanmar

#သင့်အမည်ပေါက်အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့ပါလျင်

September 28, 2022 4744 views
#သင့်အမည်ပေါက်အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့ပါလျင်

#သင့်အမည်ပေါက်အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့ပါလျင်

1။ ကားပြန်ရောင်းတာနဲ့ အခွန်ရုံးကိုသတင်းပို့ဖို့ပြင်ပါ

2။ အခွန်စိမ်းကို ဝယ်သူကို မပေးလိုက်ပါနဲ့
(အခွန်ရုံးကိုပြရမှာမို့)

3။ စာချုပ်ချုပ်ထားပါ
(အခွန်ရုံးကိုပြရမှာမို့)

4။ ကားအုံနာဘုတ်နဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ၃ စုံ ကူးထားပါ
(အခွန်ရုံးကိုပြရမှာမို့)

5။ ကားဓာတ်ပုံရှေ့နောက်ဝဲ ဓာတ်ပုံရိုက်ထားပီးထုတ်ထားပါ
(အခွန်ရုံးကိုပြရမှာမို့)

6။ အားလုံးစုံလျင် အခွန်ရုံးသွားပီး ရောင်းချပြီးကြောင်း သွားတင်ပြပါ။
အခွန်ရုံးမှ ဝင(၈) အခွန်လွတ်စာရွက်ထုတ်ပေးပါလိမ့်မယ်

7။ နောက်ကားတစ်စီးဝယ်လျင် အခွန်ရုံးမှ ထုတ်ထားသော ဝင(၈) အားပြလိုက်လျင် အခွန်မပေးဆောင်ရတော့ဘဲ
မိမိအမည်သို့ အလွယ်တစ်ကူပြောင်းလို့ရပါမည်

8။ ကားဈေးအတက် အကျကြောင့် တန်ဘိုးဖြတ်နှုန်းထား တိုးလာလျင် မြတ်စွန်းခဲ့ပါက အမြတ်ခွန်ပေးဆောင်ရပါမည်

9။ ငွေဖြူထုတ်ရာတွင် အဆင်မပြေမှု့၊ ခက်ခဲမှု့ရှိပါက 
ပြည်တွင်းအခွန် (ရုံးချုပ်) နေပြည်တော်သို့ တိုက်ရိုက်တိုင်ကြားပါ

10။ ပြီးခဲ့တဲ့နှစ်က သိန်းတစ်ရာတန်ကားကို (3)သိန်းနဲ့အခွန်ဆောင်ထားတဲ့ အမျိုးတွေ ကားရောင်းပီးရင် အထက်ပါ ကျွန်တော်ပြောတာတွေ့ လုပ်ဖို့ မမေ့ကြပါနဲ့

ဒါမှ နောက်ထပ် သိန်းတစ်ရာတန်ကားဝယ်မိလို့ မိမိအမည် ပြောင်းချိန်မှာ အခွန် (15)သိန်း မဆောင်ရမှာ ဖြစ်ပါကြောင်း

Credit
#အထွေထွေဗဟုသုတ

Related Posts