Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ

October 18, 2022 571 views
နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ

နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နံရံကြွေပြားကပ်တဲ့အခါ Archi Supervisor တစ်ယောက်အနေနဲ့ စစ်ဆေးရမဲ့အချက်(၄)ချက်

(1) ကြိုတင်ပြင်ဆင်ခြင်း (Preparing)
(2) အောက်ခံ plaster ကြမ်းချောလုပ်ခြင်း (Laying of mortar rendering)
(3) နံရံကြွေပြားကပ်ခြင်း (Laying of wall tiles)
(4) လုပ်ငန်းအရည်အသွေး (Workmanship)
______________________________________

(1) ကြိုတင်ပြင်ဆင်ခြင်း (Preparing)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ကြွေပြားကပ်မဲ့ နံရံ(wall)တွေဟာ RC wall ဆိုရင် wall-plug hole တွေကို non-shrink grout cement နဲ့ ဖာထေးရပါမယ်။
- နံရံ(background) ဟာ ဖုန်မှုန့်၊ သဲမှုန့်တွေ ကင်းစင်နေရပါမယ်။
- နံရံကို စိုထိုင်းဆွတ်စိုစေရပါမယ်။

(2) အောက်ခံ Plaster ကြမ်းချောလုပ်ခြင်း (Laying of mortar rendering)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ပိုင်ရှင်(owner), ကန်ထရိုက်တာ(contractor) နှင့် အင်ဂျင်နီယာ(Architect)တို့မှ အတည်ပြုထားတဲ့ ဘိလပ်မြေ (approved mortar cement) ဖြစ်ရပါမယ်။
- အင်္ဂတေ(Mortar) ပျော်စပ်တဲ့အခါ လက်ဖျော်မရပါဘူး ဘိလပ်မြေဖျော်စက်(Mixer) အသုံးပြုရပါမယ်။
- အင်္ဂတေ(Mortar) ရဲ့ ရေ၊ ဘိလပ်မြေ အချိုး(water cement ratio)မှန်ဖို့အတွက် စံအတိုင်းအတာ(water measuring gauge) အသုံးပြုရပါမယ်။
- ပလာစတာ(Plaster)ချောဖို့အတွက် control level pad လုပ်ရပါမယ်။
- Mortar plaster ရဲ့အထူဟာ 10 mm ထက်မကျော်ရပါဘူး။ ကျော်သွားရင် နံရံကြွေပြားရဲ့ Level နဲ့ တံခါးကြည်းခွေတပ်ရာမှာ(window frame level) မှာ ပြဿနာဖြစ်တတ်ပါတယ်။

(3) နံရံကြွေပြားကပ်ခြင်း (Laying of wall tiles)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ကြွေပြားမကပ်မှီ ကြမ်းချောလုပ်ထားတဲ့ ပလာစတာ(plaster) ကို (setting time) ၁၂ နာရီထက် မနည်းစောင့်ရပါမယ်။
- စေးကပ်မှုကောင်းသော အတည်ပြုပြီးသား ကြွေပြားကပ်ဘိလပ်မြေ(tiling cement)ကို အသုံးပြုရပါမယ်။
- ကြွေပြားကပ်ဘိလပ်မြေ(tiling cement)ကို 2 mm အထူးလောက် ညီညာအောင်လုပ်ပြီး 1 m sq ထက်မကျော်အောင် applied လုပ်ပြီးကပ်ရပါမယ်။
- ကြွေပြားကပ်အင်္ဂတေကို(tiling mortar) လက်ဖြင့် မဖျော်ရပါဘူး။ အင်္ဂတေဖျော်စက်(mechanical mixer) အသုံးပြုပြီးဖျော်စပ်ရပါမယ်။
- ကြွေပြားကပ်တဲ့အခါ အဆက်နေရာများကို (Tile spacers) များဖြင့်လုပ်ပေးထားရပါမယ်။
- ကြွေပြားကပ်မဲ့အခန်းတွေမှာ လုံလောက်တဲ့မီးအလင်းရောင်တွေ လုပ်ပေးရပါမယ်။
- သင်တန်းဆင်းလက်မှတ်ရှိပြီးသား နားလည်ပြီး ကျွမ်းကျင်ကြွေပြားသမားဖြစ်ရပါမယ်။

(4) Workmanship (လက်ရာအရည်အသွေး)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ကပ်ပြီးသား နံရံကြွေပြား အစွန်းနေရာတွေဟာ ချွန်ထက်(sharp) မနေရပါဘူး။
- ကြွေပြားရဲ့မျက်နှာပြင်တွေ ချောမွတ်နေရပါမယ်။
- ကြွေပြားရဲ့အောက်မှာ hollow ဖြစ်မနေရပါဘူး Checker rod နဲ့ စစ်ဆေးတဲ့အခါ ခေါင်းပွသံဖြစ်ပေါ်မနေရပါဘူး။
- ဖြတ်တောက်ထားသည့် နေရာတွေမှာ သေသေသပ်သပ်ဖြစ်နေရပါမယ်။
Credit
#dayinkauk_construction
#knowledgesharing

Related Posts