မြန်မာဖောင့်များ - ဇော်ဂျီ၊ ပြည်ထောင်စု၊ မြန်မာ ၃ ဒေါင်းလုဒ်
ဒီစာမျက်နှာကတော့ မြန်မာဖောင့်နဲ့ဆိုင်တဲ့ ကိစ္စများအတွက်ဖြစ်ပါတယ်။ ဒီစာမျက်နှာမှာ ဇော်ဂျီဖောင့်၊ ဇော်ဂျီကီးဘုတ်နဲ့ မြန်မာ ယူနီကုဒ်ဖောင့်တွေကို ဒေါင်းလုဒ်ရယူနိုင်မှာပဲဖြစ်ပါတယ်။ အလကားပေးထားတဲ့ မြန်မာဖောင့်တွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ လူသုံးများတာတွေကတော့ ပြည်ထောင်စုဖောင့်၊ ဇော်ဂျီဖောင့် (ဇော်ဂျီဝမ်းဖောင့်)၊ မြန်မာ ၃ ဖောင့် နဲ့ ပိတောက်ဖောင့်တို့ ဖြစ်ပါတယ်။
ဇော်ဂျီဖောင့်ကတော့ ယူနီကုဒ်စံတွေနဲ့ သိပ်မကိုက်ခဲ့ပါဘူး ဒါပေမယ့် မြန်မာနိုင်ငံသားတွေ ၁၀ နှစ်ကျော် အဆင်ပြေပြေသုံးလို့ရခဲ့တဲ့ ဖောင့်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အဆင်မပြေနိုင်မယ့်အကြောင်းလေးတွေ တွေ့လာရတဲ့အတွက် ယူနီကုဒ်စံတွေနဲ့ ပိုကိုက်တဲ့ ဖောင့်တွေကို ထွင်လာကြပါတယ်။ အဲဒီဖောင့်တွေကတော့ မြန်မာ ၂ ဖောင့်၊ မြန်မာ ၃ ဖောင့်၊ မြန်မာပိတောက်ဖောင့်နဲ့ အခြားအများစွာ ပါပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ ပြည်ထောင်စုဖောင့်ကို မြန်မာနိုင်ငံသုံး စံဖောင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြည်ထောင်စုဖောင့်ကို အစိုးရရုံးတွေနဲ့ အင်တာနက်ပေါ်မှာနဲ့ အခြားနေရာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။
အဲဒီဖောင့်တွေ အားလုံးကို ဒီစာမျက်နှာမှာ အလွယ်တကူ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
မြန်မာဖောင့် ဒေါင်းလုဒ်
ပြည်ဖောင်စုဖောင့် ဒေါင်းလုဒ်
မြန်မာနိုင်ငံသုံး ယူနီကုဒ် စံဖောင့်
ပြည်ထောင်စု ပုံမှန်ဖောင့် ပြည်ထောင်စု ဖောင့်အထူ ပြည်ထောင်စု နံပါတ်ဖောင့်မြန်မာ ၃ ဖောင့် ဒေါင်းလုဒ်
ဒီဖောင့်က အချိန်ကာလ တစ်ခုထိတော့ စံဖောင့်ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ပြည်ထောင်စုဖောင့်က စံဖြစ်သွားပါတယ်။
မြန်မာ ၃ (၂၀၁၈) (အဆင့်မြှင့်ပြီး) မြန်မာ ၃ OS အမျိုးမျိုး (အဟောင်း)ဇော်ဂျီဖောင့် ဒေါင်းလုဒ်
မြန်မာယူနီကုဒ် စံဖောင့်တော့မဟုတ်ခဲ့ပါဘူး ဒါပေမယ့် ၁၀ စုနှစ်တစ်ခုကျော်အထိ မြန်မာပြည်သူတွေ သုံးခဲ့ကြပါတယ်။ အဓိကကတော့ တင်ရလွယ်၊ သုံးရလွယ်တာကြောင့်ပါ။ အဲဒါကြောင့်ပဲ သူ့နေရာမှာ စံဖောင့်တစ်ခု အစားထိုးဖို့ တော်တော်ခက်ခဲ့ပါတယ်။
ဇော်ဂျီဝမ်းဖောင့်