Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

စနစ်တကျ_တည်ဆောက်ကြစေဖို့

October 18, 2022 180 views
စနစ်တကျ_တည်ဆောက်ကြစေဖို့

#စနစ်တကျ_တည်ဆောက်ကြစေဖို့
စည်ပင်Law နဲ့ရင်မဆိုင်ဘူးတော့
စည်ပင် law ကိုရှင်းပြရင် စိတ်မဝင်စားဘူး ,ကိုယ်ဆောက်ချင်တဲ့ပမာဏဘဲလိုချင်ကြတာ
#စည်ပင်law နဲ့ငြိလို့ရှင်းရမှ ဒဏ်ငွေဘယ်လောက်ရိုက်တယ်ဆိုတာ နားလည်မှာ
အနည်းဆုံး လှေခါး အထားအသို အကျော်အနင်းအဆင်မပြေတာလောက်ကို မကြုံရဖူးသေးတော့
#Archi_Design စနစ်တကျဆွဲဖို့စိတ်မဝင်စားဘူး , မျက်နှာသာလေးလှဖို့ဘဲလိုတာ
ဆောက်ရင်းအဆင်မပြေမှ ကြုံသလို လုပ်ပီး တသက်လုံးစိတ်ဆင်းရဲ ပင်ပင်ပန်းပန်း အတက်,အဆင်း,လုပ်နေကြရမှာ 
ရမ်းကစ်မှန်းကစ်က တခါတလေ စနစ်တကျတွက်ဆောက်တာထက် ပို အကုန်အကျများတတ်ပြီး ခိုင်ခန့်မှုအားနည်းတတ်တာ မသိလေတော့
#Structure_Design စိတ်မဝင်စားဘူး , သံချောင်းပါတဲ့ကွန်ကရစ်ဖြစ်ရင်အဆင်ပြေပြီ ,
အချိန်လေးကြာလာတော့ ဟိုနားက ပြတ်လိုက် ဒီနားက အက်လိုက် ဖြစ်လာမှ အရပ်ကူပါ လူဝိုင်းပါနဲ့ ပြင်ဆင်စရိတ်အထွေထွေကုန်ကျလာမှနားလည်မှာ
ပစ္စည်းအရည်အသွေး အမျိုးအစားအလိုက် စနစ်တကျတွက်ချက်လိုက်ရင် ကိုယ်ပေးရငွေကြေးနဲ့ ပြန်ရတဲ့တန်ဖိုး ကွာခြားမှုကို ထိမ်းညှိနိုင်တာ နားမလည်လေတော့
#Estimate ဆိုရင် မသိချင်ဘူး , PAE ဘယ်လောက် , သိန်းဘယ်လောက် တန်ဆိုပြီး တံဆိပ်ကပ်ပေးမှ အားသန်တာ , 
ဆောက်ရင်းနဲ့ တခါး ကျည်းဘောင် ပြူတင်း ဘိုထိုင် ကြွေပြား ရေမီးဆေး အစစအရာရာ အရည်အသွေး အမျိုးအစား အထူအပါး ကွာခြားလာမှ အုံအွမ် ,အုံအွမ် ဖားအော်သံတွေနဲ့ လောင်မြိုက်ကြရမှာ
#B_Q စနစ်နဲ့သွားပါဆိုရင် အာရုံမစားဘူး , သူ့ငွေကြေးနဲ့ လောက်အောင်ဆောက်ပေးရင် Ok ပါသည်ပေါ့
နားမလည်တာလဲဖြစ်နိုင်ပါတယ်
အများစုက ခေါင်းရှုပ်ခံ မစဥ်းစားချင်ကြပါဘူး 
ကိုယ်မကျွမ်းကျင်တဲ့အပိုင်းလို့လဲ ခံယူထားတတ်ကြတာပါ
#online_shopping နဲ့အရောင်းအဝယ်လုပ်သလိုမျိုးလွယ်လွယ်သဘောထားအပ်ဆောက်ချင်ကြတာ
ဘိလပ်မြေ,သဲကျောက် သံ ပါရင် အဆင်ပြေပီဘဲထင်နေကြတာ
အဲကြတော့ကား 
#ကပ္ပိယကြီး ကျွန်ုပ် PAE လဲလုပ်သည်ပေါ့ဗျာ
ကိုရင်သာအေး 
#General_Construction  &
#Engineering_Group 
09777573878
09953206665
photo Homes360

Credit: ကိုရင်သာအေး
https://www.facebook.com/permalink.php?story_fbid=pfbid021u3PY523cEpE2x4yQ2SRSvePphEW76E6arLGic4iwyjs3pWyevWu1chHRGNUeLwl&id=100063696371460

Related Posts