Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ

October 19, 2022 129 views
အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ

အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ

ယခုဆိုရင် လယ်မြေတွေကိုလည်းအကွက်ရိုက်ပြီး တချို့ရောင်းချနေသည်ကိုတွေရှိရပါသည် ။ ဈေးအရမ်းပေါတယ်ဆိုပြီး မဝယ်ကြပါနဲ့ ။ မိတ်ဆွေများ အလိမ်မခံရအောင် ဝိုင်းဝန်း Share ပေးကြပါရန်

၁။ ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါကြောင်း၊ တည်နေရာ ဖော်ပြရန်၊ မြေအမျိုးအစား ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက် ဖြစ်ပြီး မြေစာရင်း ဌာနမှ ထုတ်ပေးပြီး တစ်နှစ်အတွင်းသာ အကျုံးဝင်ပါကြောင်း။

၂။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ၊ သက်ဆိုင်ရာ ဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်မှလွဲ၍ အခြားနည်းလမ်း ဖြင့်အသုံးပြုခွင့် လုံးဝမရှိကြောင်း။


၃။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ အခြားနည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ အိမ်ဆောက်ရန်၊ ငါးကန်တူးရန်၊ အုတ်စက်တည်ရန် စသည်ဖြင့်) သီးခြား လျှောက်ထားပြီးမှ အသုံးပြုနိုင်မည် ဖြစ်ကြောင်း။

၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာ ဖြစ်ပြီး ယခု ဥပဒေ များအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း။

၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့ စီမံကိန်း မှလွဲ၍ လယ်မြေ၊ ယာမြေ ကို လူနေအိမ်ခြေ အဖြစ်အကွက်ရိုက် ရောင်းချခြင်းသည် တရားမဝင်ကြောင်း။

မဖြစ်သေးခင် တော့ အေးဆေးပါ၊ စာလာဖတ်နေတာ၊ အကုန်ဒီလိုနဲ့ပဲ ပြီးသွားတာပါ ဆိုကြပေမဲ့ ဖြစ်လာတဲ့အခါ ဥပဒေ ကြောင်းအရ အတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာ များသာဆုံးရှုံး မှာဖြစ်ပါကြောင်း။

Credit : MM1News
ပြန်လည်ကူးယူဖော်ပြပါသည်။

 

 

Related Posts