Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ရွာမြေကိုဝယ်တော့မယ်ဆို ဘာတွေသတိထားရမလဲ

October 19, 2022 118 views
ရွာမြေကိုဝယ်တော့မယ်ဆို ဘာတွေသတိထားရမလဲ

👉 ရွာမြေကိုဝယ်တော့မယ်ဆိုဘာတွေသတိထားရမလဲ
👉 ရွာမြေဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင်
👉 လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။
👉 ပါမစ် ဂရန် တို့ကဲသို့ စာရွက်စာတမ်းအနေနှင့်သီးခြားပုံသေသတ်မှတ်ထားခြင်းမရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သောနယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။
👉  ရွာနှင့်ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ကျွဲနွားလွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။ ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်းတည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။


👉  ရွာမြေကို ၀ယ်ယူရာတွင်သတိထားစရာအချက်အလက်များမှာ
👇👇👇👇👇👇👇👇👇👇👇👇👇
(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်၀န်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများ အားမေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။
(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ ထိုမြေကွက်များကို ၀ယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့်မရ၊ အမည်ပေါက်လဲပြောင်းလဲမရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။
(၃) အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင်နှင့်ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေတွင်ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။
(၄) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာစီစစ်ရာမှ ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြသောကျူးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည်။
(၅) ရွာမြေကို၀ယ်ယူပြီးပါက ခြံခတ်ရန် အလွန်အရေးကြီးပါသည်။ ဧရိယာသတ်မှတ်ချက်မှာ ပါမစ် ဂရန် တို့ကဲ့သို့ အတိအကျ မရှိတတ်ပဲခန့်မှန်းသာ အဆင့်ဆင့်ရောင်းချခဲ့ခြင်းသို့မဟုတ် ခန့်မှန်းဖြင့်သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင် တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။ ခြံမခတ်ပဲ ထားမိပါက နောင်နှစ်ပေါင်းများစွာမှ အရူပ်အရှင်းများရင်ဆိုင်ရတတ်ပါသည်။ အချို့သော သူများက သစ်ပင်များစိုက်ပျိုးခြင်း ဝါးပင်များဖြင့်စိုပ်ပျိုးပြီး ဧရိယာကို ပိုမိုကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်းတို့ကြောင်းပိုင်ဆိုင်မှုအငြင်းမပွားရလေအောင် စတင်၀ယ်ယူစဉ်ကတည်းက ခြံခတ်ထားသင့်ပါသည်။ လူတိုင်းမဟုတ်ပါ ရိုးသားသော နယ်ခံများစွာရှိပါသည်။
(၆) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့်ရှိနေနိုင်ပါသည်။ 50'x60' / 45'x90'/ 60'x120' စသည်ဖြင့် ပြန်လည်စိတ်ပိုင်းရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာသတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်။
Credit-
💯 လူကြီးမင်းတို့ အိမ် ခြံ မြေ တိုက်ခန်းများ ကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ် ရှင့် 💯
------------------------------------- 
စိတ်ဝင်စား၍ အသေးစိတ် သိရှိလိုပါက -
🏠 ရွိုင်ရယ်ထွန်းသစ္စာအိမ်ခြံမြေ
📞 09 200 4407
     09 20 60 465
     09 96 20 60 465
     09 76 20 60 465
     09 78 20 60 465
Viber - 09 44 58 36 336 
Message Box: https://www.facebook.com/royal.tunthitsar.mandalay/
တို့ကို ဆက်သွယ် မေးမြန်းနိူင်ပါတယ်ရှင် 🙏
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေ ကုမ္ပဏီ
တိုက်ခန်းအမှတ်- ဘီ-၄ ၊ လမ်း( ၃ဝ ) ၊ ၆၄x၆၅ လမ်းကြား၊
နန်းအိမ်သူတိုက်တန်း ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့ ။

Related Posts