Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Footing တလုံး၏ အင်္ဂါရပ်များ

October 20, 2022 217 views
Footing တလုံး၏ အင်္ဂါရပ်များ

" Footing တလုံး၏ အင်္ဂါရပ်များ "
************************

1. compacted grade
2. Levelling course / lean concrete /C10 or C15
3. Structural concrete C25 or C30
4. Main bar
5. Column dowel bar / starter bar
6. Kicker
7. Tie ring for starter bar
8. Side cover
9. Bottom cover
10. Starter cover

1. Compacted grade

Foundation ချတဲ့အခါ၊ အနည်းဆုံး အနက်ဘယ်လောက်အထိ ချ သင့်ပါသလဲ။

၁။ သာမာန် လူနေအိမ်တွေမှာ တော့၊ ၂ ပေခွဲ ၃ပေ လောက်ချကြပါတယ်။ ၂ပေခွဲ ၃ပေ ဆိုတာ top soil ဖယ်ပြီး သားဖြစ်ရပါ့မယ်။

၂။ ခြံအတွင်းမှာရှိသော၊ တနည်းအားဖြင့် footing အနီးတဝိုက်တွင်ရှိသော၊ မြေသားသည်၊ ရေစီးကြောင်းထဲ ကျမနေရပါဘူး။

၃။ အဆောက်အဦးသည် ရေစီးကြောင်းထဲ၊ ရေဝေဧရိယာထဲ၊ ကျနေပါကလည်း မြေကြီးကို ရေစားမသွားအောင်၊ လိုအပ်သော အကာအကွယ်များ ပြုလုပ်ထားရပါမည်။

၄။ ယခုအခါ drawing အတိုင်း တည်ဆောက်သည် ဆိုသော ပြဿနာ ရှိလာပါသည်။ drawing မှာတော့ footing များသည် အနိမ့်အမြင့် elevation တူညီကြပါသည်။ သို့သော် မြေအနေအထား စောင်းနေသည်များကို ကြုံတွေ့ရသောအခါ တော်ရိလျော်ရိ မြေခုပြီး foundation ချနေသဖြင့် drawing အတိုင်း တည်ဆောက်သည့် ပြဿနာ ပေါ်လာရခြင်း ဖြစ်ပါသည်။

၅။ ထိုသို့ မြေစောင်းသည့်အခါ foundation ကို၊ နက်လိုက်သည်က စိတ်ချရပါသည်။ သို့သော် ကုန်ကျ စရိတ်တော့ တက်လာပါသည်။

၆။ မြေဆွေးကိုလွှာပြီး၊ ၆" တလွှာခြင်း၊ သေသေချာချာ သိပ်သည်းအောင် ဆောင်ရွက်လို့လည်း ရနိုင်ပါသည်။ ကျွန်တော်တော့မကြိုက်ပါ။

၇။ ရွှံ့မြေတွင် အပေါ်ယံမြေလွှာမပါ depth of foundation သည် 1 meter ရှိမှသာလျှင် အဆောက်အဦးကောင်း တခုကို ရရှိနိုင်ပါသည်။ အလယ်အလပ်အားဖြင့် 0.9 meter၊ အဖျင်းဆုံး 0.75 meter ရှိသင့်ပါသည်။

၈။ ယခုအခါ ပုံစံအတိုင်းဆိုပြီး လေပေါ်ဝဲ footing များ ပြုလုပ်ကြပေရာ၊ လွန်စွာ မလျော်ကန် မလျောက်ပတ်သည်ကို တွေ့မြင်နေရပါသည်။

" #Footing #Concreting "
**********************

၁။ footing concrete သွန်းလောင်းရာတွင်၊ ထိစပ်မြေသည်၊ မိုးရေဝင်လို့သော်လည်းကောင်း၊ ရေစိမ့်ထွက်သောကြောင့်သော်လည်းကောင်း၊ မြေကြီး bearing capacity ကောင်းစွာမရှိဘဲ၊ ပြော့ပြဲနေတပ်ပါသည်။ ထို့အပြင် မြေကောင်းသော်လည်း ဆားပေါက်သောမြေ အချဉ်ပေါက်သော မြေများနှင့်လည်း ထိတွေ့တတ်ပါသည်။

၂။ မြေကြီးပျော့နေပါက bearing capacity တက်လာအောင်၊ hardcore ရိုက်ခြင်း၊ လိုအပ်ပါက wood pile ရိုက်ခြင်းတို့ကို ပြုရပါမည်။

၃။ ကွန်ကရစ်လောင်စဉ်အချိန်တွင်၊ ကွန်ကရစ်ထဲမှရေကို၊ မြေကြီးက စုတ်ယူခြင်း။ မြေကြီးထဲကရေကလည်း၊ ကွန်ကရစ်ထဲသို့ ဝင်ရောက် ရောနှောခြင်းတို့၊ ဖြစ်ပေါ်ပါက၊ ကွန်ကရစ်စွမ်းအားကို ထိခိုက်နိုင်သောကြောင့်၊ ကွန်ကရစ်နှင့် မြေကြီးကြားတွင်၊ လိုအပ်သော အကာအရံတခု ပြုလုပ်ပေရမည် ဖြစ်ပါသည်။

၄။ ယခုအခါ DPM ခေါ် ၊ ပလပ်စတိတ်စများကို၊ တွင်ကျယ်စွာ၊ အသုံးပြုလာကြပြီဖြစ်ပါသည်။

1. Hardcore ခင်းပါ။
2. သဲထည့်ပါ။
3. Plate compactor ရိုက်ပါ။
4. ရေလောင်းပါ။
5. သဲညှိပြီး plate compactor အချောရိုက်ပါ။
6. DPM ခင်းပါ။
7. Lean concrete လောင်းပါ။

သို့မှသာ သံဆင်ဘို့ အဆင်ပြေမည် ဖြစ်ပါသည်။

DPM ခင်းသည့်အခါတွင်လည်း footing depth ထက်၊ အနည်းဆုံး ၆-လက်မပိုရမည်ဖြစ်ပြီး၊ ၎င်းကို မြေသားနံရံတွင် သံရိုက်ထားရပါမည်။ မြေပြိုမကျအောင် တူးမြေများကို ခပ်ဝေးဝေး လွတ်ရာသို့ ပုံထားရမည် ဖြစ်ပါသည်။ မြေတူးကတည်းက သပ်သပ်ရပ်ရပ် တူးဘို့လိုပါသည်။

#Credit
#knowledgesharing
#dayinkauk_construction

Related Posts