Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကမ္ဘာ့အကြီးဆုံး လူနေအိမ်ကြီး (သို့) Istana Nurul Iman

October 20, 2022 321 views
ကမ္ဘာ့အကြီးဆုံး လူနေအိမ်ကြီး (သို့) Istana Nurul Iman

စာဖတ်သူဟာ ကမာ္ဘပေါ်က အကြီးမားဆုံး နေအိမ်ကြီးအကြောင်းကို စူးစမ်းဖူးတယ်ဆိုရင်တော့ ဘရူးနိုင်းနိုင်ငံက Istana Nurul Iman ကို ရင်းနှီးနေလိမ့်မယ် ထင်ပါတယ်။

အင်္ဂလိပ်အမည်ဆိုရင်တော့ The Light of Faith Palace လို့ လူသိများတဲ့ ဒီနေအိမ်ကြီးဟာ ဘရူနိုင်း စူလတန် Hassanal Bolkiah နဲ့ ဘရူနိုင်း ဘုရင်တို့ရဲ့ ရုံးစိုက်ရာ နေအိမ်လည်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင်တော့ နန်းတော်ကြီးပေါ့။ ဒီနန်းတော်ကြီးဟာ ဘရူးနိုင်းနိုင်ငံရဲ့ မြို့တော် Bandar Seri Begawan ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ အနည်းငယ်အကွာရှိ ဘရူနိုင်းမြစ်ကမ်းပေါ်နဲ့ မြစ်ကမ်းပေါ်နဲ့ မြစ်ကမ်းစပ်ရှိ တောင်ကုန်များပေါ်မှာ တည်ရှိလို့နေပါတယ်။

ဘုရင့်နေအိမ်ဖြစ်တာကြောင့်လည်း ဒီနန်းတော်ဟာ နိုင်ငံတော် အခါသမယများနဲ့ တော်ဝင် ဧည့်ဝတ်ပြုမှုတို့ရဲ့ ဗဟိုချက် ဖြစ်လို့နေတာပါ။

ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံနန်းတော်ကြီးရဲ့ နေရာအကျယ်အဝန်းကတော့ စတုရန်းပေ 2.15 သန်းဖြစ်လို့နေတာကြောင့် ကမ္ဘာ့အကြီးဆုံး လူနေအိမ် ဖြစ်လို့နေတာပါ။

ဒီအိမ်ကြီးကို ၁၉၈၄ ခုနှစ်မှာ Leandro V.Locsin မှ ဒီဇိုင်းဆွဲပေးခဲ့ပြီး ဖိလစ်ပိုင် ကုမ္ပဏီ Ayala International မှ တည်ဆောက်ပေးခဲ့ပါတယ်။

လူအများစုက အခုလို စွဲမက်ဖွယ်ကောင်းတဲ့ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ကို သိချင်နေကြတာကြောင့် တန်ကြေးဟာလည်း ဒေါ်လာ ၁.၄ ဘီလီယံအထိ မြင့်တက်သွားခဲ့ပါသေးတယ်။

ဂင်းနစ် ကမ္ဘာ့စံချိန်အတွက် ထည့်သွင်းစဉ်းစားရန် နန်းတော်အား တော်ဝင်နေအိမ်အဖြစ် အသုံးပြုခဲ့ကြပြီး နန်းတော်ရဲ့ အတွင်းပိုင်းကြမ်းပြင်တွေက ဒီကမ္ဘာ့စံချိန်တိုင်းတာမှုကို အဓိကကျစေခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

ထိုသို့ စံနှုန်းများနဲ့ တိုင်းတာချက်အရ လက်ရှိမှာတော့ Istana Nurul Iman ဟာ ကမ္ဘာ့အကြီးဆုံး လူနေအိမ်နန်းတော်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားခဲ့ပြီ ဖြစ်ပါတယ်။

Istana Nurul Iman ဟာ ကမ္ဘာပေါ်က အကြီးဆုံး လူနေအိမ်၊ တည်ဆောက်ခဲ့သမျှ မိသားစုတစ်စုတည်း နေထိုင်မှုထဲမှာ အကြီးဆုံးနေအိမ်ဆိုတဲ့ ကမ္ဘာ့စံချိန်တွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

နန်းတော်ထဲမှာတော့ အခန်းပေါင်း ၁,၇၈၈ ခန်းပါဝင်ပြီး ရေချိုးခန်း ၂၅၇ ခန်း၊ ဧည့်ခန်းပေါင်း ၅, ၀၀၀ အထိ တိုးချဲ့နိုင်သော ဧည့်ခန်းမဆောင်တစ်ခု၊ လူပေါင်း ၁,၅၀၀ ဆံ့သော ဗလီကြီးတစ်ခုတို့ ပါဝင်ပါတယ်။

ဒါ့အပြင် နန်းတော်ဟာ ကားအစီးရေ ၁၁၀ ပါဝင်တဲ့ ကားဂိုဒေါင် တစ်ခု၊ စူလတန်ရဲ့ 200 Polo Ponie အတွက် လေအေးပေးစက်ကြီးတွေအပြင် ရေကူးကန်နဲ့ ငါးကန်တို့ပါဝင်နေပါတယ်။

ဒါကြောင့် Istana Nurul Iman နန်းတော်ဟာ စုစုပေါင်း ကြမ်းပြင် အကျယ်အဝန်း ၂.၁၅၂.၇၈၂ စတုရန်းပေ (200,000 mm) ကိုပိုင်ဆိုင်ထားခဲ့သိလို ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင်တော့ Istana Nurul Iman ထဲမှာ မီးပဒေသာ ၅၆၄ လုံး၊ မီးသီး ၅၁,၀၀၀ ၊ လှေကားထစ် ၄၄ ခုနဲ့ ဓာတ်လှေကား ၁၈ခုတို့ ပါဝင်နေကြတာဟာလည်း အံ့အားသင့်စရာပါ။

စူလတန်က သူ့ရဲ့တရားဝင်ပရိသတ်တွေကို နန်းတော်ကို ခေါ်ဆောင်သွားလေ့ရှိသလို နန်းတော်ကိုလည်း ဘရူနိုင်အစိုးရရဲ့ ပြည်နယ်အားလုံးအတွက် အသုံးပြုနေပါတယ်။

ထို့အပြင် နန်းတော်ဟာ ဝန်ကြီးချုပ်ရုံးကို ထားရှိရာ ဘရူးနိုင်းအစိုးရ ရုံးစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။

လူထု တက်ရောက်ဖို့ နိုင်ငံတော်အခန်းများအပြင် အိမ်ရှေ့မင်းရဲ့ ကြောငြာချက်နဲ့အတူ နှစ်စဉ် မင်းမျိုးမင်းနွယ်တွေရဲ့မွေးနေ့ ပွဲများကဲ့သို့သော တရားဝင်အခမ်းအနားများမှာ အသုံးပြုလေ့ရှိတဲ့ ပလ္လင်ကြီးတစ်ခုနဲ့ အခန်းကျယ်ကြီးလည်း ပါရှိပါတယ်။

ဒီနန်းတော်ကြီးကို စူလတန်ရဲ့ ကိုယ်ပိုင်နေအိမ်အဖြစ် အဓိက အသုံးပြုမှုနှင့်အညီ နန်းတော်ထဲမှာသီးခြား ကားဂိုဒေါင်ပေါင်း ၁၁၀ နဲ့ ကား ၁၇, ၀၀၀ အထိ သိုလှောင်သိမ်းဆည်းထားတာကြောင့် စူလတန်အိမ်တော်ဟာ ကမ္ဘာ့အရေအတွက် အများဆုံးသော ကားတွေအများကြီး ထည့်သွင်းနိုင်တဲ့ စံအိမ်တော်ကြီးလည်း ဖြစ်နေပြန်ပါတယ်။

နန်းတော်ဟာ သုံးရက်တာ ကာလအတွင်း ဧည့်သည် ၁၁၀ ,၀၀၀ ခန့်ကို လာရောက် လက်ခံနိုင်တဲ့ Eid-ui-Fitr (မွတ်စ်လင်မ် ဥပုသ်လ အဆုံး) မှာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အစ္စလာမ်ပွဲတော်ရှိတဲ့ ရက်မှလွဲပြီး ကျန်တဲ့အချိန်တွေမှာတော့ အများပြည်သူတို့ ဝင်ရောက်နိုင်ဖို့ ဖွင့်လှစ်ထားခြင်း မရှိပါဘူး။

နန်းတော်ဖွင့်လှစ်တဲ့ အခြားသော အချိန်အခါတွေကတော့ Tadarus နဲ့ Tarawih ဆုတောင်းပွဲအတွက် Ramadhan ကာလမှာ မွတ်စလင်များအတွက် ၁၀ ရက် သီးသန့် ထပ်မံ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

Credit : Original Uploader

 

Related Posts