Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြန်မာနိုင်ငံက မလေးရှား၊ တီမောနိုင်ငံတို့မှလွဲ၍ ကျန်ရှိသော အာဆီယံနိုင်ငံများကို စက်တင်ဘာလ (၁)ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ပေးထား

October 20, 2022 92 views
မြန်မာနိုင်ငံက မလေးရှား၊ တီမောနိုင်ငံတို့မှလွဲ၍ ကျန်ရှိသော အာဆီယံနိုင်ငံများကို စက်တင်ဘာလ (၁)ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ပေးထား

မလေးရှား၊ တီမောနိုင်ငံတို့မှလွဲ၍ ကျန်ရှိသော အာဆီယံနိုင်ငံများကို စက်တင်ဘာလ (၁)ရက်မှစ၍ မြန်မာနိုင်ငံက ဗီဇာကင်း လွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ခရီးသွားအေဂျင်စီအချိုထံမှ ကြားသိရသည်။

ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား မြန်မာနိုင်ငံအဝင်အထွက် ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မလေးရှားနိုင်ငံနှင့် တီမောနိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့်ပေးမည် မဟုတ်ဘဲ မြန်မာ နိုင်ငံအတွင်းသို့ လာရောက်လိုပါက ဗီဇာလျှောက်ထားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

“မလေးရှားနဲ့ တီမောကလွဲလို့ ကျန်အာဆီယံနိုင်ငံတွေကို ဗီဇာကင်းလွတ်ပေးလိုက်တာဖြစ်တယ်။ လေကြောင်းလိုင်းတွေကိုလည်း သက်ဆိုင်ရာက တရားဝင်အကြောင်းကြားလာတာတွေရှိတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ခရီးသွားဝင်ရောက်မှုနှုန်းတွေ မြင့်တက်လာမယ်လို့တော့ ယူဆရတယ်” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ လုပ်ငန်းရှင်းတစ်ဦးက ပြောသည်။

ကမ္ဘာတစ်ဝန်းလုံး၌ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုများကို ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသည့်အတွက် ယခုနှစ် ဧပြီလ ၁ ရက်မှစ၍ လုပ်ငန်းဗီဇာလျှောက်ထားမှုကို ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွားဗီဇာလျှောက်ထားမှုကိုလည်း ထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုနှစ် မေလမှစ၍ ဇူလိုင်လအထိ နိုင်ငံပေါင်း ၅၄ နိုင်ငံမှ နိုင်ငံခြားခရီးသွားဧည့် သည် ၁၆၂၂ ဦးဝင်ရောက်ခဲ့ပြီး အများဆုံးမှာ တရုတ်နိုင်ငံခရီးသွားဧည့်သည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ ပုဂံနှင့် အင်းလေးဒေသတို့ကို နိုင်ငံခြားခရီးသွားအများအပြားက ကြိုက်နှစ်မှုရှိကြပြီး အာဆီယံနိုင်ငံများကို ဗီဇာကင်းလွတ်ခွင့်ပေးခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများမှာလည်း ပြန်လည်တိုးတက်လာနိုင်ကြောင်း ခရီးသွားအေဂျင်စီအချို့က သုံးသပ်နေကြသည်။

Credit : NP News

Related Posts