လယ်မြေ မှ ဂရံမြေဆီ သို့ လျှောက်ထားခြင်း

👉 လယ်မြေ မှ ဂရံမြေဆီ သို့ လျှောက်ထားခြင်း
================================
👉 မေး - လယ်မြေ ပုံစံ7ဆိုတာ ဂရံလျှောက်လို့ရလားရှင့်။
စိတ်ငြိမ်တဲ့နေရာလေးမို့ ကြိုက်နေလို့ပါ။
👉 ဖြေ - လယ်မြေ ကို ဂရံလျောက်လို့ ရပါတယ်
တိုက်ရိုက်တော့ လျှောက်ထားလို့ မရပါဘူး
👉 ရှေးဦးစွာလယ်မြေကို လယ်ယာမြေ လုပ်ကိုင်ခွင့်
လက်မှတ်ပုံစံ(၇)လျှောက်ထားရန်အတွက် မြေပုံ/
မြေရာဇဝင်လို့ ခေါ်သည့် မြေစာရင်းပုံစံ ၁၀၅/၁၀၆
လျှောက်ထားရပါမည်။
👉 မြေစာရင်း ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါကလယ်ယာ
မြေလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ(၇) လျှောက်ထားလို့ရ
ပါပြီ။
👉 ပုံစံ(၇)စိစစ်ရာတွင် အမှန်တကယ် လယ်ယာလုပ်ကိုင်
ခြင်းရှိ/မရှိကို စိစစ်ပါတယ် လယ်ယာလုပ်ကိုင်သည်
ဆိုလျှင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွံရေးနှင့်
စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်
လက်မှတ်ပုံစံ(၇)ထုတ်ပေးပါသည်။
👉 လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ(၇)ရရှိပြီးပါ
က လယ်ယာမြေလုပ်ကိုင်ခွင့်ကို
* ရောင်းချခြင်း
* လွှဲပြောင်း/ ပေးကမ်းခြင်း/ပေါင်နှံခြင်း ငှားရမ်း
ခြင်း များကို တရားဝင်ဆောင်ရွက်လို့ ရသွားပါတယ်။
👉 ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြု
ခွင့်လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး
နှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်
ပါသည်။
#Credit
#Thitsar Real Estate Agent