Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အဆောက်အဦးတစ်ခုလုံး သုတ်ထားပါက အဲကွန်းများထက်ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် သုတ်ဆေးဖြူတစ်မျိုးတီထွင်

October 25, 2022 202 views
အဆောက်အဦးတစ်ခုလုံး သုတ်ထားပါက အဲကွန်းများထက်ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် သုတ်ဆေးဖြူတစ်မျိုးတီထွင်

အမေရိကန်နိုင်ငံ Purdue တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan ဆိုသူ ဖန်တီးခဲ့တဲ့ သုတ်ဆေးအဖြူရောင်ဟာ ကမ္ဘာ့အဖြူဆုံး သုတ်ဆေးအဖြစ်

ကမ္ဘာ့ဂင်းနစ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကို သုတ်ထားမယ်ဆိုလျှင် လေအေးပေးစက်(အဲကွန်း)အသုံးပြုမှု ကိုပါလျော့ချနိုင်မယ်လို့ဆိုပါတယ်။

၎င်းသုတ်ဆေး၏ အဖြူရောင်ဟာ ၉၈.၁% အထိ နေရဲ့အလင်းရောင်ကို ရောင်ပြန်လွှတ်‌‌ ပေးပြီး နေရောင်ခြည်အပူကိုပါ ပြန်ထုတ်လွှတ်ပေးနိုင်ပါတယ်။

ဒါကြောင့် ၎င်း သုတ်ဆေးအဖြူသုတ်ထားတဲ့ အဆောက်အဦးအနီးရှိ လေထုကို အေးမြ‌ စေမည်ဖြစ်ပြီး

နေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးစေတာ‌ကြောင့်လေအေးပေးစက်(အဲကွန်း)အသုံးပြုမှု ကို လျော့ချနိုင်မယ်လို့ဆိုပါတယ်။

အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေခန့်ကို ၎င်းသုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်နှင့်ညီတဲ့ အအေးပမာဏကို ထုတ်ပေးနိုင်တယ်လို့ သုသေသီတွေက ဆိုပါတယ်။

ဒါဟာ အများစုအသုံးပြုနေကြတဲ့ အိမ်သုံး လေအေးပေးစက်များထက် သုတ်ဆေးဖြူက ပိုအစွမ်းထက်တဲ့သ‌ ဘောပါ။

ဈေးကွက်ထဲတွင် စီးပွားဖြစ် ရောင်းချနေတဲ့ သုတ်ဆေးများဟာ အပူကို ၈၀-၉၀ရာခိုင်နှုန်းအထိသာ ပြန်လည်စွန့်ထုတ်ရန် ဒီဇိုင်းထုတ်ထားတာကိုတွေ့ရပြီး

ပတ်ဝန်းကျင် မျက်နှာပြင်ကို ပိုအေးသွားအောင် မပြုလုပ်နိုင်ပါဘူး။ Xiulin Ruanရဲ့ podcast ဇာတ်လမ်းတွဲတစ်ခုမှာတော့

” ကျွန်တော်တို့ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က စတင်ခဲ့တဲ့တာဖြစ်ပြီ စွမ်းအင် ချွေတာဖို့နဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ကို တန်ပြန်ဖို့ စိတ်ထဲမှာ ထားရှိခဲ့ကြတယ်”လို့ ပြောထားပါတယ်။

၎င်းသုတ်ဆေးဖြူကို မကြာမီ ဈေးကွက်‌အတွင်း ရောက်ရှိလာအောင် လုပ်ဆောင်နေကြပါတယ်လို့လည်း သုတေသီများက ပြောကြားပါတယ်။

ယခုလို သုတ်ဆေးဖြူကို တီထွင်နိုင်တဲ့အတွက် လေအေးပေးစက်များကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်

ဆိုးကျိုးဖြစ်စေနိုင်တဲ့ အန္တရာယ်မှ ကင်းဝေးပြီး လျှပ်စစ် စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်။

Credit : Original Uploader

Related Posts