Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း

October 25, 2022 546 views
ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း

ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း 
==========================
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံသားခရစ်ယာန်ဖြစ်ပါသောကြောင့်တိုင်းတရားရုံး(သို့)မြို့နယ်တရားရုံး (သို့) ရှေ့နေ ရှေ့တွင် လတ်မှတ်ထိုးလို့မရပါ။ church ကျောင်းတွင်ထိုးမည်ဆိုပါကလည်းခရစ်ယာန်နှစ်ချင်းခံပြီးသူဖြစ်ရမည်ဟူသောကန့်သတ်ချက်များရှိပါတယ်။
တရား၀င်လက်မှတ်ထိုးရမည့် နည်းလမ်း
၁။ မိန်းကလေးနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့သတို့သားနှင့်တကွအတူတူသွားပါ။ သတို့သား၊ သတို့သမီးမှတ်ပုံတင်မိတ္တူ နှင့် အိမ်ထောင်စုစာရင်းမိတ္တူများယူဆောင်သွားပါ။ ထို့အတူ သက်ဆိုင်ရာမြို့နယ်တရားရုံးတွင်ကျမ်းကြိမ်စာ (မိန်းကလေးအတွက်) ကတိသစ္စာပြုလွှာ(ယောက်ကျားလေးအတွက်)များပါတွဲတင်ရန်လိုအပ်ပါသည်။ထိုကျမ်းကြိမ်လွှာများရရန်အတွက် သက်သေနှစ်ဦးလိုအပ်ပါတယ်။ သက်သေနှစ်ဦးရဲ့မှတ်ပုံတင် (သို့)မှတ်ပုံတင်နံပါတ်ပါ၀င်သောယာဉ်မောင်းလိုင်စင်များလိုအပ်ပါသည်။
၂။ မြို့နယ်ထွေအုပ်ရုံးမှ ဘာသာမတူလက်ထပ်ထိမ်းမြားခြင်းလျှောက်လွှာပုံစံ ၄စုံထုတ်ပေးပါလိမ့်မည်။ထိုလျှောက်လွှာတွင် ယောက်ကျားလေးအချက်အလက်များ၊မိန်းကလေးအချက်အလက်များကို အသေးစိတ်ဖြည့်ပေးပြီးကာယကံရှင်များရဲ့လက်မှတ်များထိုးပေးဖို့လိုအပ်ပါတယ်။
၃။ ထွေအုပ်ရုံးသို့လျှေက်လွှာတင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်တရားရုံးမှ မိန်းကလေးကျမ်းကြိမ်စာ နှင့်ယောက်ကျားလေး ကတိသစ္စာပြုစာများလိုအပ်ပါသောကြောင့် မြို့နယ်တရားရုံးသို့သွားပါ။
၄။တရားရုံးသို့ရောက်ပါက ထွေအုပ်ရုံးမှဘာသာမတူထိမ်းမြားခြင်းအတွက် ကျမ်းကြိမ်လွှာလိုချင်ပါတယ်ဟုပြောလိုက်ပါက စာရေးမှ လိုအပ်သော စာရွက်စာတမ်းများပြုလုပ်ပေးပြီး ကျမ်းကြိမ်လွှာနှင့်ကတိသစ္စာပြုလွှာများတွင် တရားသူကြီးမှတံဆိပ်တုံးနှင့်ကျမ်းကြိမ်လွှာအမှတ်စဉ်ထုနှိပ်ပေးပြီးထိုစာချုပ်နှစ်စောင်အားပြန်ပေးပါလိမ့်မည်။ ထိုစာချုပ်ပေါ်တွင် သတို့သား သတို့သမီး သက်သေနှစ်ယောက်ရဲ့လတ်မှတ်များပါပါ၀င်ပါသည်။ ထိုစာချုပ်ရရန်အတွက် နံပါတ်၁တွင်ပြောပြထားသောစာရွက်စာတမ်းများလိုအပ်ပါသည်။
၅။ ကျမ်းကြိမ်လွှာ၊ကတိသစ္စာပြုလွှာနှင်တကွ အသေးစိတ်အချက်အလက်များဖြည့်ထားသောလျှောက်လွှာကိုထွေအုပ်ရုံးတွင်လျောက်ထားရပါမည်။
၆။လျောက်လွှာတင်သည့်နေတွင်ပင် ထွေအုပ်ရုံးတွင် တစ်စောင် မိန်းကလေးနေထိုင်ရာရပ်ကွပ်ရုံးတွင်တစ်စောင် ယောက်ကျားလေးနေထိုင်ရာရပ်ကွက်ရုံးတွင်တစ်စောင် အသီးသီးကြေငြာများကို၃ပတ်တိတိကပ်ပါသည်။
ရ။ ၃ပတ်အတွင်းကန့်ကွက်သူမရှိခဲ့ပါက ၃ပတ်ပြီးသည်နှင့် သတို့သား သတို့သမီးနှင့် အတူ ကျမ်းကြိမ်လွှာများတွင်လတ်မှတ်ထိုးပေးခဲ့သောသက်သေနှစ်ယောက်လိုက်ပါပြီးထွေအုပ်ရုံးမှတ်ပုံတင်အရာရှိအရှေ့တွင် တရား၀င်လတ်မှတ်ရေးထိုးနိုင်ပါပြီ။

Credit# ဥပဒေရေးရာ
https://www.facebook.com/permalink.php?story_fbid=pfbid02GQGQu3k1kbVXTHQrhcbjL7VpeAq2J1xTqXLX2tsEZnogg4HzRmLrLHFLVwLoqUpfl&id=100076323791570

Related Posts