စည်ပင်မြေနှင့် အိုးအိမ်မြေပေါ်တွင် တည်ဆောက်ထားသော တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

🟢စည်ပင်မြေနှင့် အိုးအိမ်မြေပေါ်တွင် တည်ဆောက်ထားသော တိုက်ခန်းကို ဝယ်မည်ဆိုလျှင်?🟢
===========================
🟩စည်ပင်တိုက်ခန်းနှင့် အိုးအိမ်တိုက်ခန်းဟု
ဆိုရာတွင် တိုက်ခန်းအမျိုးအစားအလိုက်
ကွဲပြားပါသည်။ စည်ပင်မြေပေါ်တွင်
တည်ဆောက်ထားသော
တိုက်ခန်းအမျိုးအစားကတော့
(၂)မျိုးရှိပြီး အိုးအိမ်မြေပေါ်တွင်
တည်ဆောက်ထားသော
တိုက်ခန််းအမျိုးအစားကတော့
(၃)မျိုးရှိပါသည်။🟩
🟩စည်ပင်တိုက်ခန်းအမျိုးအစား(၂)မျိုးအနက်
ပထမတစ်မျိုးမှာ စည်ပင်တိုက်ခန်းကို
ဝယ်ယူသူအား ပိုင်ဆိုင်မှ
အထောက်အထားအဖြစ်
အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ
ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့်
စာချုပ် (သို့မဟုတ်) သက်ဆိုင်ရာ
မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏
တိုက်ခန်းနေရာချထားခြင်း
လက်မှတ် ထုတ်ပေးခြင်းဖြစ်ပါတယ်။
ထိုတိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင်
အထက်ပါ စာရွက်စာတမ်းကို
ရောင်းသူထံမှ လွှဲပြောင်းရယူရမည် ဖြစ်သည်။🟩
🟩ဝယ်ယူသူသည် အမည်ပြောင်းလျှောက်ထားရန်အတွက်
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးက်ောမတီထံတွင်
လျှောက်ထားရမည် ဖြစ်ပါသည်။
သတ်မှတ်ကာလအတွင်း
ကန့်ကွက်ချက်မရှိပါက
မူလအဆောက်အဦ နေထိုင်ခွင့်စာချုပ်အား
ပယ်ဖျက်၍ အမည်ပြောင်းလျှောက်ထားသူ
အမည်ဖြင့် စာချုပ် ချုပ်ဆိုပေးမည်
ဖြစ်သည့်အတွက် ပိုင်ဆိုင်မှု ခိုင်မာပါသည်။🟩
🟩ဒုတိယတစ်မျိုးကတော့ စည်ပင်မြေပေါ်တွင်
တည်ဆောက်ထားသော
တန်ဖိုးနည်းအိမ်ရာများကို
ဝယ်ယူခွင့်ရရှိသူသည်
ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး
ငှားရမ်းခြင်း၊ တဆင့်လွှဲပြောင်းရောင်းချခြင်း
ပြုလုပ်ခွင့်မရှိပါ။
ထိုသို့ပြုလုပ်ပါက တိုက်ခန်းအား
ပြန်လည်သိမ်းယူနိုင်ပါသည်။
ဒါ့ကြောင့် ဝယ်ယူသူအနေနှင့်လည်း
ပိုင်ဆိုင်မှုမခိုင်မာတာ ဝယ်ယူရန်မသင့်ပါ။🟩
🟩အိုးအိမ်မှ ဆောက်လုပ်ထားသော
တိုက်ခန်းအမျိုးအစား (၃)မျိုးရှိသည်အနက်မှ
ပထမတစ်မျိုးမှာ အိုးအိမ်ကရောင်းတဲ့
တိုက်ခန်းကို ဝယ်ယူသူမှ
တိုက်ရိုက်ဝယ်ယူခြင်း ဖြစ်ပါသည်။
ထိုသို့ ဝယ်ယူထားသော တိုက်ခန်းကို
အိုးအိမ်မှ ပိုင်ဆိုင်မှုအထောက်အထားအဖြစ်
ဝယ်ယူသူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ်
(Owner Book) ထုတ်ပေးပါသည်။
ဝယ်ယူသူမှလည်း တရားဝင်ပြန်လည်
ရောင်းချနိုင်ပါသည်။ ဒုတိယဝယ်ယူသူသည်
ပိုင်ဆိုင်မှုစာအုပ် (Owner Book) တွင်
အမည်ပြောင်းခြင်းကို အိုးအိမ်တွင်
ဆောင်ရွက်ခြင်းဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။🟩
🟩ဒုတိယတစ်မျိုးမှာ အိုးအိမ်တွေကို
အရင်တုန်းက ပြည်သူပိုင်သိမ်းခဲ့တဲ့
အခန်းတွေရှိပါသည်။ ၁၉၆၄ခုနှစ်တုန်းကဆိုလျှင်
ကုမ္ပဏီတွေကို သိမ်းတဲ့အခါမှာ
အိုးအိမ်ကမှတဆင့် သူ့လက်အောက်မှာရှိတဲ့
အခန်းတွေကို ပြည်သူပိုင်သိမ်းတာတွေရှိပါသည်။
ထိုတိုက်ခန်းတွေကိုလည်း
လွှဲပြောင်းရောင်းချခွင့် မရှိပါ။🟩
🟩တတိယတစ်မျိုးမှာ အိုးအိမ်ကဆောက်လုပ်တဲ့
တိုက်တာအိမ်ရာများရှိပါသေးသည်။
ထိုအခန်းမျိုးဆို အိုးအိမ်ကနေ
အငှားချထားပေးသူတွေ ရှိပါသည်။
ထိုတိုက်ခန်းတွေကိုလည်း
လွှဲပြောင်းရောင်းချခွင့် မရှိပါ။
🟩ထို့ကြောင့် အငှားချထားပေးတဲ့
အိမ်ရာ၊ ပြည်သူပိုင်သိမ်းထားလို့
အိုးအိမ်ကနေ ကြီးကြပ်ကာ
အငှားခကောက်ခံနေသော
အိမ်ရာတွေဟာ လွှဲပြောင်းရောင်းချခွင့် မရှိပါ။
အိုးအိမ်မှ တိုက်ရိုက်ရောင်းတဲ့အခန်း၊
ဝယ်ထားတဲ့အခန်းကို နောက်တဆင့်
ရောင်းမည်ဆိုလျှင် ပိုင်ဆိုင်မှု ခိုင်မာပါသည်။
အငှားချထားတဲ့ တိုက်ခန်းဆိုပါက
အလွယ်တကူ ဖယ်ရှားပေးရမည်ဖြစ်သည်။
နောက်ထပ်ဝယ်ထားသော သူများက
တရားမဝင်တဲ့အတွက်
ထိုအဆောက်အဦကို ဖျက်မည် (သို့မဟုတ်)
အိုးအိမ်က ပြန်သိမ်းမည်ဆိုပါက
ပိုင်ဆိုင်မှု ဆုံးရှုံးကာ
လက်မဲ့ဖြစ်သွားနိုင်ပါသည်။🟩
🟩အိုးအိမ်မြေ၊ စည်ပင်မြေတို့မှာ
ဆောက်ထားသော တိုက်ခန်းတွေကို
ဝယ်ယူတော့မည်ဆိုပါက
အိုးအိမ်မှ တိုက်ရိုက်ရောင်းချသည့်
ပိုင်ဆိုင်မှု အထောက်အထားဖြစ်သော
ဝယ်ယူသူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ်
(Owner Book) သို့မဟုတ် အိုးအိမ်မှ
နေထိုင်ခွင့်ထုတ်ပေးထားသည့်
တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပြီး
စည်ပင်တိုက်ခန်းဆိုပါက
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ
ထုတ်ပေးသော အဆောက်အအုံ
လူနေထိုင်ခွင့်စာချုပ်ထုတ်ပေးသည့်
တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပါသည်။🟩
#မူရင်းရေးသားသူအား_Credit_ပေးပါသည်။
#Unity_Real_Estate #Real_Estate #Knowledge_Sharing