မြေတိုင်းမြေပုံ (D Map)လျှောက်ရန်လိုအပ်သောအချက်များ

#မြေတိုင်းမြေပုံ
(D Map)လျှောက်ရန်လိုအပ်သောအချက်များ
===========================
✍မြေတိုင်းလျောက်ထားနိုင်သည့်မြေများ
✔ မြို့တော်နယ်နိမိတ်အတွင်းရှိ မြေငှားစာချုပ် (ဂရန်)မြေ
✔ပါမစ်မြေ
✔သက်တမ်းရှိလိုင်စင်မြေ
✔မြေပိုင်မြေ
✔ဂရန်ရှိမြေပိုင်မြေ
✔B မြေ
✔B မြေပိုင်မြေ
✔B လ/န ၃(ခ)မြေ
✔B လ/န ၃၉ မြေ
✔ ၂၀၁၂ ခုနှစ် လယ်ယာမြေဉပဒေပုဒ်မ (၃) အရဝန်ခံချက် လက်မှတ်ရရှိပြီးမြေ သို့မဟုတ် ၃(ခ)ရရှိပြီးမြေ (အိမ်ယာမြေသတ်မှတ်)
✔R-2.R-3.R-4 မြေများ
✔ဉယျာဉ်ခြံမြေများ
✔အခွန်လွတ်သာသနာ့ဂရန်မြေ
✔ ဂရန်ရှိသာသနာမြေနှင့် ဗဒ္ဓသိမ်မြေ အမျိုးအစားများ
🚩မှတ်ချက်။ အထက်ဖော်ပြပါမြေများကို အမည်ပေါက် (သို့မဟုတ်) မှတ်ပုံတင်စာချုပ်အဆက်စပ် ဖြင့်လည်းကောင်း၊ တရားရုံးအမိန့်အရလည်းကောင်း လျောက်ထားနိုင်ပါသည်။
✍လျောက်ထားရာတွင်လိုအပ်သည့် အထောက်အထားများ
✔မြေပိုင်ဆိုင်မူအထောက်အထားများ (မူရင်း + မိတ္တူ)
✔နိုငံသားစိစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်
✔တရားဝင်မှတ်ပုံတင်ထားသည့် စာချုပ်စာတန်းများ
(မူရင်း + မိတ္တူ)
✔ပိုင်ဆိုင်မူနှင့်ပတ်သက်၍ တရားရုံးမှချမှတ်သည့် စီရင်ချက်နှင့် ဒီဂရီ (မူရင်း + မိတ္တူ)
✔မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ်မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာ (မူရင်း + မိတ္တူ)
✔လျောက်ထားပါမြေကွက်၏ ဘေးပတ်ဝန်းကျင်လားရာ မြေကွက်များ၏ မြေတိုင်းတာခြင်းကို သိရှိကြောင်း ထောက်ခံချက်လက်မှတ်
မှတ်ချက်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်
မတီမှ ယာယီအတည်ပြုထားသည့် မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမူဆိုင်ရလုပ်ထုံးလုပ်နည်းများမှ ကောက်နုတ်ဖော်ပြထားပါသည်။
Credit to မြေအကြောင်းဗဟုသုတ