Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဝယ်သူ မျက်စိကျမယ့် အိမ်ရဲ့ အင်္ဂါရပ် ၅ ရပ်

October 31, 2022 108 views
ဝယ်သူ မျက်စိကျမယ့် အိမ်ရဲ့ အင်္ဂါရပ် ၅ ရပ်

ငွေဈေးတွေ ကျနေချိန်မှာ အိမ်၊ ခြံ၊ မြေ၊ ကား၊ ရွှေ စတဲ့ ရုပ်ဝတ္တုပစ္စည်းတွေကသာ ဈေးကျမသွားဘဲ အမြဲတန်ဖိုးတက်နေမှာနော်။ တဖြေးဖြေးနဲ့ အဖက်တင်အောင် အိမ်ခြံမြေတွေ ဝယ်လာကြတဲ့အခါ ကိုယ်ရောင်းဖို့ ရည်စူးထားတဲ့ ကိုယ့်ရဲ့အိမ်လေးကို ဈေးကောင်းရဖို့၊ အမြန် ရောင်းထွက်ဖို့၊ ဝယ်သူစိတ်တိုင်းကျဖို့ လိုတယ်နော်။ ကိုယ့်အိမ်လေး အရောင်းဈေးကွက်ပေါ်မှာ အချိန်အတော်ကြာတဲ့အထိ ရောင်းမထွက်သေးဘူးဆိုရင်တော့ ဒီအချက်ကလေးတွေထဲက တစ်ခုခုနဲ့များ ငြိနေပြီလားဆိုတာ စဉ်စားသင့်ပါတယ်။ 

၁။ ပြုပြင်စရာ မလိုတဲ့အိမ်

ကိုယ့်အိမ်လေးက ဈေးကောင်းတော့ ခေါ်ထားပါရဲ့ ဖုန်တက်ပြီး အပျက်အစီးလေးတွေ ရှိနေမယ်၊ အိမ်ထဲဝင်ကြည့်လိုက်တာနဲ့ ကြမ်းပေါက်ကကျွံနေပြန်ပြီ၊ ရေသန့်စက်ကလည်း ပျက်နေတယ်၊ မီးကြိုးတွေကလည်း အသစ်ပြန်တပ်ရမယ်၊ ရေကန်ကပေါက်နေတယ် စသဖြင့် အပျက်အစီးတွေများနေရင် ဝယ်သူက လှည့်ပြန်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အဆင်သင့်တက်နေလို့ရတဲ့ အခြေအနေထိ ပြုပြင်ထားပြီး ဈေးခေါ်မယ်ဆိုရင် ဝယ်သူတွေကို ဆွဲဆောင်နိုင်မှာ အမှန်ပါပဲ။ 

၂။  ကြော်ငြာ

ကိုယ့်အိမ်လေးကို ရောင်းချဖို့ အိမ်ရဲ့ နေရာထိုင်ခင်း၊ လမ်းအသွားအလာ၊အိမ်ရဲ့သက်တမ်း စသဖြင့် ရောင်းမယ့်အိမ်ရဲ့ အချက်အလက်တွေကို အင်တာနက်ကနေ ဝေဝေဆာဆာနဲ့ ကြော်ငြာဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ဝယ်ယူသူက အိမ်ရဲ့ အခြေအနေကို လိုင်းပေါ်ကနေ အရင်ကြည့်ရှုစစ်ဆေးနိုင်ပြီး ရောင်းသူရော ဝယ်သူပါ အချိန်ကုန်၊ လူပင်ပမ်း မဖြစ်စေမှာပါ။ ဒီနေရာမှာ အရေးကြီးတာကတော့ ကြော်ငြာထားတဲ့ အချက်အလက်တွေအတိုင်း ပြည့်စုံနေဖို့ လိုပါတယ်။ တကယ်လို့ ကြော်ငြာထဲမှာကတစ်မျိုး၊ အပြင်မှာတစ်မျိုးဆိုရင် ဝယ်သူကို အကြီးအကျယ် စိတ်ပျက်သွားစေနိုင်ပါတယ်။



၃။ ခိုင်မာတဲ့ မြေအမျိုးအစား

အိမ်ခြံမြေ ဝယ်ယူရာမှာ မြေအမျိုးအစားဟာလည်း အဓိက ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ရောင်းမယ့်အိမ်ဟာ ဘိုးဘွားပိုင်မြေလား၊ ဂရမ်မြေလား၊ ဥယျာဉ်ခြံမြေလား၊ ရွာမြေလား စသဖြင့် မြေအမျိုးအစားပေါ် မူတည်ပြီး အိမ်ရဲ့ရောင်းဈေးဟာ ပြောင်းလဲသွားနိုင်ပါတယ်။ မြေအမျိုးအစားအလိုက် ခိုင်မာမှုအတွက် ဥပဒေ အရှုပ်အရှင်းမရှိအောင် ရှေ့နေကြိုငှားထားသင့်သလို အိမ်ခြံမြေ အကျိုးတော်ဆောင်တွေနဲ့လည်း တိုင်ပင်နိုင်ပါတယ်။

၄။ ဈေးနီး၊ ကျောင်းနီး၊ မှတ်တိုင်နီးခြင်း

သင့်အိမ်ဟာ ဈေးနဲ့လည်းနီးမယ်၊ ကျောင်းနဲ့လည်းနီးမယ်၊ မှတ်တိုင်နဲ့လည်း နီးမယ်ဆိုရင် သေချာပေါက် ဈေးကောင်းရနိုင်ပါတယ်။ 

၄။ ယုံကြည်စိတ်ချရတဲ့ အကျိုးဆောင် ကုမ္ပဏီ ( သို့ ) အကျိုးဆောင်နဲ့ အပ်နှံမထားခြင်း

အိမ်ခြံမြေ နယ်ပယ်ဟာ ကိုယ့်အတွက် အစိမ်းသပ်သပ် ဖြစ်နေတယ်ဆိုရင် စိတ်ချယုံကြည်ရတဲ့ အကျိုးဆောင်ကုမ္ပဏီ ဒါမှမဟုတ် အကျိုးဆောင်ကို ရွေးချယ်ပြီး အပ်နှံထားသင့်ပါတယ်။ ပွဲခကိုတော့ အိမ်စအပ်ကတည်းက သေချာညှိနှိုင်းထားတာဟာ အကောင်းဆုံးပါပဲ။ ဒါမှသာ အိမ်ခြံမြေ အကျိုးဆောင်တွေက သင့်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပြီး သင့်တင့်တဲ့ ဈေးနဲ့ ရောင်းထွက်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Related Posts