အိမ်သုတ်ဆေးဘယ်လောက်ဝယ်ရမလဲဆိုတာကို တွက်ဆကြည့်ခြင်း

အိမ်သုတ်ဆေးဘယ်လောက်ဝယ်ရမလဲဆိုတာကို တွက်ဆကြည့်ခြင်း
- ယခုပြောပြချင်တဲ့အကြောင်းအရာလေးကတော့ ဆေးသုတ်တော့မယ်ဆိုရင် ဆေးပမာဏဘယ်လောက်ဝယ်ရမလဲဆိုတာကို မှန်းဆနိုင်ဖို့အတွက်ဖြစ်ပါတယ်။
- အခန်းတစ်ခန်း၏နံရံများကိုဖုံးအုပ်စေရန်လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်ပေများအားလုံးကိုပေါင်းပါ။ ထို့နောက်ရလာသောအဖြေကို အခန်း၏အမြင့်ပေ(ကြမ်းခင်းမှမျက်နှာကြတ်ထိ)ဖြင့်မြှောက်ပါ။ ရလာသောအဖြေသည်ယင်းအခန်း၏ square footage ဖြစ်ပါသည်။
- ထို့နောက် ဆေးသုတ်၍ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကိုနုတ်ပေးရပါမည်။ ယေဘူယျအားဖြင့် တံခါးတချပ်ချင်းစီအတွက် 20 square feet ပြူတင်းပေါက်တခုချင်းစီအတွက် 15 square feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည် ဆေးဖုံးအုပ်ရန်သုတ်ရမည့် အနီးစပ်ဆုံးနံရံဧရိယာဖြစ်ပါလိမ့်မည်။
- ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက နံရံအတွက်လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား ၂ ဗူးဖြင့်လုံလောက်နိုင်သော်လည်း .5 ထက်များပါက ၁ ဂါလံဝယ်သင့်ပါသည်။
Example
-14x20 ပေအခန်း အမြင့် 8ပေ တံခါး ၂ ပေါက်၊ ပြူတင်းပေါက် ၂ ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။
Ceiling ဆေးတွက်ဆမှု
1. Ceiling ၏အလျားပေxအနံပေ= Ceiling area
14x20=280 square feet
2. 350 ဖြင့်စားပြီးဘယ်နှစ်ဂါလံလိုမလဲတွက်ကြည့်ကြပါစို့။
280÷350=0.8
ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန် ၁ ဂါလံလိုအပ်ပါမည်။2ထပ်သုတ်လျင် ၂ ဂါလံလိုအပ်ပါမည်။
နံရံဆေးတွက်ဆမှု
1. နံရံတချပ်ချင်းစီ၏အလျားပေကိုပေါင်းပါ။
14+20+14+20=68 ပေ
2. နရံဧရိယာတွက်ရန်အဖြေကိုနံရံအမြင့်ပေဖြင့်မြှောက်ပါ။
68x8=544 square feet
3. ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါး1ချပ်စီတိုင်းအတွက် 20 square feetနုတ်ပါ(20x2=40)၊ ပြူတင်းပေါက်တခုချင်းစီတိုင်းအတွက် 15 square feet နုတ်ပါ
(15x2=30)
544-70=474 square feet
4. ယင်းအဖြေကို 350 ဖြင့်စားပြီးဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။ 474÷350=1.4
ထို့ကြောင့် ဆေး ၁ ထပ်သုတ်ရန် ၁ ဂါလံ ၂ ကွာတားလိုအပ်ပါမည်။ ၂ ထပ်သုတ်မည်ဆိုပါက ဆေး ၂ ဆဝယ်ရန်လိုအပ်ပါမည်။
တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု
1. 20 square feet= တံခါး ၁ ချပ်
တံခါးအရေအတွက်ကို 20 ဖြင့်မြှောက်ပါ။ 2x20=40 square feet
2. ပြုတင်းပေါက်အရေအတွက်ကို 7.5 ဖြင့်မြှောက်ပါ။ 2x7.5=15 square feet
3. ယင်းအဖြေများကိုပေါင်းပါ။ 40+15=55
4. 350 ဖြင့်စားပါ။ 54÷350=0.16
ထို့ကြောင့် ဆေး ၁ ကွာတားဝယ်ဖို့ လိုအပ်ပါမည်။ တံခါး၊ ပြူတင်းပေါက်တို့အား နှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို ၂ ဖြင့်မြှောက်ပါ။
မိမိစိတ်ကူးထဲကအိမ်လေးအတိုင်းဆေးရောင်လှလှခြယ်သနိုင်ကြပါစေ။
#knowledge
Credit: ko kyaw naing
ပြန်လည်ကူးယူဖော်ပြပါသည်။