Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘိလပ်မြေကွာကျရခြင်းအကြောင်း

November 2, 2022 115 views
ဘိလပ်မြေကွာကျရခြင်းအကြောင်း

ဘိလပ်မြေကွာကျရခြင်းအကြောင်း

ဘိလပ်မြေနံရံကို ခေါက်ကြည့်တဲ့အခါ ကြားရတဲ့အသံသည် နံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်း ဘိလပ်မြေရဲ့အပေါ်ယံလွှာ ကွာနေခြင်းကြောင့်ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးသွားတဲ့အချိန် ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့သံဟာ နံရံအတွင်းရှိအခေါင်း ပေါက်များမှကြားရသောအသံဖြစ်ပါတယ်။ ထိုအသံသည် ကားနံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်း ဘိလပ်မြေရဲ့ အပေါ်ယံလွှာကွာနေခြင်းကြောင့်ဖြစ်ပါတယ်။

မျက်နှာပြင်ရှိ ဘိလပ်မြေအချောကိုင်ထားတဲ့အလွှာမှာ ညစ်ပတ်နေခြင်း၊ ခြောက်သွေ့လွန်းခြင်း၊ ချောမွတ်လွန်းခြင်းနှင့် မျက်နှာပြင်ထူလွန်းခြင်း စသည်တို့ကြောင့် ဘိလပ်မြေဟာ ကောင်းစွာမစွဲကပ်နိုင်ခြင်းဖြစ်ပါတယ်။

ဘိလပ်မြေကွာကျခြင်းကို ကာကွယ်နိုင်ဖို့အတွက် နံရံအားအချောမကိုင်မီတစ်ရက်လောက်ကြိုပြီး မျက်နှာပြင်ကိုရေလောင်းထားပါ။

အချောကိုင်ခြင်းမစတင်မီ မျက်နှာပြင်ကိုအနည်းငယ်စိုထိုင်းထားပါ။ ပြီးလျှင်တော့ အပေါ်ယံလွှာကိုခွာချ၍ ဘိလပ်မြေစွဲကပ်အားကောင်းစေဖို့ကြမ်းတမ်းသောမျက် နှာပြင်ရအောင်ပြုလုပ်ထားပြီးရင်တော့ အချောကိုင်ခြင်းလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ပါပြီ။

Ref & Photo Credit : Yallow Myanmar

Related Posts