Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေဆိုင်ရာ သိပ္ပံနည်းကျ အချက်အလက်များ

November 2, 2022 111 views
အိမ်ခြံမြေဆိုင်ရာ သိပ္ပံနည်းကျ အချက်အလက်များ

👉 အိမ်ခြံမြေဆိုင်ရာ သိပ္ပံနည်းကျ အချက်အလက်များ🥰
=======================
💪အနာဂတ်စီးပွားရေးမှာ အိမ်ခြံမြေကို ရင်းနှီးမြုပ်နှံဖို့ဆိုရင်
ဘာကြောင့်မြုပ်နှံသင့်တာလဲကိုမေးဖို့လိုပါတယ်။
🙏ငွေကြေးခိုင်မာတာ၊ အမြတ်အစွန်းများပြားတာ၊
ရေရှည်အကျိုးရှိတာတွေအပြင် ကျိန်းသေ
လိုအပ်လာမှာဆိုတဲ့ သိပ္ပံနည်းကျလေ့လာထားမှုတွေကိုလည်း
သိရှိထားဖို့လိုအပ်မှာပါ။
💢လူပြောများတဲ့ ပထမဆုံး (၁)ချက်အနေနဲ့
(၂၀၅၀)ရောက်တဲ့အခါ မြို့ပြလူဦးရေဟာ လက်ရှိထက်
(၇၅)ရာခိုင်နှုန်းအထိ တိုးတက်လာပြီး၊ မြို့ပြတွေမှာ
နေထိုင်တဲ့သူကြီးပဲ (၉.၅)ဘီလျံရှိမယ်ဆိုတဲ့အချက်ဟာ
ကွန်ဒို၊ တိုက်ခန်းတွေကို ရင်းနှီးမြုပ်နှံသင့်တဲ့အဓိကအချက်ဖြစ်ပါတယ်။
💢ဒုတိယအချက်က တိုးတက်လာတဲ့လူဦးရေနဲ့အညီ
နှစ်တိုင်း အလုပ်ခန့်အပ်နှုန်းဟာ ကမ္ဘာတဝန်းမှာ (၈)ရာခိုင်နှုန်းစီ
ထပ်မြင့်တက်မှာဖြစ်ပါတယ်။ 
💢တတိယတချက်က အာရှ-ပစိဖိတ်ဒေသဟာ အိမ်ရောင်းအိမ်ဝယ်အများဆုံး
ကမ္ဘာ့နံပါတ်တစ် အဖြစ် လက်ရှိမှာရပ်တည်နေပါတယ်။ သူ့နောက်မှာ
အနောက်ဥရောပဒေသက ဒုတိယရပ်တည်တာမလို့ ဒီဒေသနှစ်ခုဟာ
ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးနေရာတွေပါ။
💢စတုတ္ထအချက်က ကမ္ဘာမှာ လက်ရှိအိမ်ဝယ်အများဆုံးသူတွေဟာ
(၂၀၁၀)ခုနှစ်ကတည်း Millennials တနည်း ဂျန်နရေးရှင်းဝိုင် (Gen Y)တွေဖြစ်လို့
(၁၉၈၁-၉၆)မွေးဖွားသူတွေများပြားတဲ့ဒေသတွေမှာ အိမ်ရောင်းအိမ်ဝယ်တွေ
အလုပ်ဖြစ်ကိုဖြစ်နေဦးမှာပါ။
💢(၂၀၂၂)ခုနှစ်တနှစ်တည်းမှာတင် ကမ္ဘာ့ဈေးကွက်တန်ဖိုး
(၇၂၂၇.၁၃)ဘီလျံအထိရှိခဲ့တဲ့  Real Estate လောကဟာ
နှစ်တိုင်း (၃.၂)ရာခိုင်နှုန်း ကမ္ဘာတဝန်းတိုးတက်နေဦးမှာဖြစ်ပါတယ်။
ဒီအချက်အလက်တွေအရ အနာဂတ်အိမ်ခြံမြေစီးပွားရေးဟာ
လူတွေလိုအပ်ချက်နဲ့အညီ အလုပ်ဖြစ်ကိုဖြစ်နေဦးမှာကို ညွန်ပြနေတာပဲ ဖြစ်ပါတယ်ခင်ဗျာ 😍
#ဖိုးလမင်းအိမ်ခြံမြေကုမ္ပဏီ
🏠 33x76x77 လမ်းကြား၊ မန္တလေးမြို့
☎️ 09 773 773 022
#Credit

Related Posts