Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ?

November 2, 2022 303 views
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ?

လူကြီးမင်းတို့၏ လှပသောအိမ်နှင့် အဆောက်အအုံများအတွက် တံခါးများ တပ်ဆင်အသုံးပြုသည့်အခါ အပြင်ဖွင့်ကိုအသုံးပြုမလား အတွင့်ဖွင့်ကိုအသုံးပြုမလားရွေးချယ်ရပါသည်။ ဧည့်သည်များအဓိကဝင်ထွက်သော အိမ်ရှေ့တံခါးကြီးများ တပ်ဆင်သည့်အခါ (သို့) အတွင်းဘက်အခန်းတံခါးများတပ်ဆင်သည့်အခါ နေရာအနေအထား၊ အသုံးပြုမည့်အနေအထားပေါ်မူတည်ပြီး အပြင်ဖွင့်နှင့် အတွင်းဖွင့်တို့၏ အားသာချက်၊ အားနည်းချက်များကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။

အသုံးပြုမည့် နေရာပုံစံနှင့် အကျယ်အဝန်း

 

တံခါးများကို တပ်ဆင်ရာတွင် အပြင်ဖွင့် အနေနှင့်ဖြစ်စေ၊ အတွင်းဖွင့် အနေနှင့်ဖြစ်စေ ဦးစွာထည့်သွင်းစဉ်းစားသင့်သည့်အချက်ကတော့ အခန်းအတွင်း ပစ္စည်းများထားသိုမည့်ပုံစံနှင့် အကျယ်အဝန်းတို့ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မီးဖိုချောင်အခန်းတွင်းသို့ဝင်သော တံခါးများကိုတပ်ဆင်ရာတွင် အပြင်ဖွင့်တံခါးများကို တပ်ဆင်ပြီး အခန်းအတွင်း စားပွဲခုံ၊ စင်များထားရှိရန်အတွက် နေရာပိုမိုရရှိရန်အတွက်အသုံးပြုလေ့ရှိကြသလို တံခါး၏အပြင်ဘက်တွင် ပန်းအိုး၊ အပင်များဖြင့် အလှဆင်လိုသည့်အခါမျိုးတွင်လည်း အတွင်းဖွင့်တံခါးကို အသုံးပြုကြပါသည်။ ထို့အတွက်ကြောင့် မိမိထားရှိမည့် အခန်း အတွင်းအပြင်ပုံစံ၊ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး ရွေးချယ်တပ်ဆင်သင့်ပါသည်။

 

အပြင်ဖွင့် တံခါး

 

အပြင်ဖွင့်တံခါးတပ်ဆင်ခြင်း အများအားဖြင့် စားသောက်ဆိုင်များ၊ စာသင်ကျောင်းများ၊ အများသုံးအဆောက်အအုံနေရာများ၊ အိမ်ရှေ့တံခါးမကြီးများနှင့် အိမ်အနောက်ဖက်ထွက်ပေါက်တံခါးများကို အပြင်ဖွင့်အနေဖြင့် တပ်ဆင်အသုံးပြုကြပါတယ်။ အခန်းတွင်းနေရာကျယ်ကျယ်ဝန်းဝန်း ပြုလုပ်လိုသည့်အခါ အပြင့်ဖွင့်တံခါးများပြုလုပ်ကြပါတယ်။

အားသာချက် ••••••••••••

* အခန်းတွင်းနေရာပိုမိုရရှိခြင်း

* မြင့်မားသောအဆောက်အအုံများတွင် ပြင်ပမှပြင်းထန်သောလေတိုက်မှုကို ပိုမိုခံနိုင်ရည်ရှိခြင်း

* ပြင်ပမှ အလွယ်တကူတွန်းကန် မဝင်ရောက်နိုင်ခြင်း

အားနည်းချက် •••••••••••••• * တံခါးဖွင့်ရန်အတွက် နေရာပေးရန်လိုအပ်ခြင်း

 

အတွင်းဖွင့် တံခါး

အများအားဖြင့် အိမ်တွင်းတံခါးများ၊ အိပ်ခန်းတံခါးများကို အတွင်းဖွင့်အနေနဲ့ တပ်ဆင်ပြုလုပ်ကြပါတယ်။ တစ်ခါတစ်ရံ အိမ်ရှေ့တံခါးကြီးများ၏ အပြင်ဖက်နံရံဖက်တွင် ပန်းပင်များဖြင့်အလှဆင်လိုသည့်အခါ (သို့) ကျယ်ဝန်းသောနေရာမရှိသည့်အခါ တံခါးကြီးများအား အတွင်းဖွင့်များ ပြုလုပ်ကြပါတယ်။

အားသာချက် ••••••••••••

* အတွင်းဖွင့်တံခါးများတွင် ပတ္တာများသည် အတွင်းမှတပ်ဆင်ထားခြင်းကြောင့်လုံခြုံမှုပိုရှိခြင်း

အားနည်းချက် ••••••••••••• * အခန်းတွင်း တံခါးအဖွင့်အပိတ်အတွက် နေရာပေးရခြင်း

* ပြင်ပမှအလွယ်တကူတွန်းကန်ဖွင့်နိုင်ခြင်း

အတွင်းဖွင့်၊ အပြင်ဖွင့်အပြင် တပ်ဆင်ရာတွင် ဘယ်ဖွင့်၊ ညာဖွင့်တို့ကိုလည်း အသုံးပြုမည့်နေရာ၏ အနေအထားအလိုက်လည်း ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ မိမိတို့၏ အိမ်လေးများကို မှန်ကန်တဲ့တံခါးတပ်ဆင်ခြင်းမျိုးနဲ့ လှပစွာပုံဖော်နိုင်ကြပါစေ။

Credit : Original Writer

Related Posts