Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ

November 3, 2022 186 views
မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ

မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ
==================
“မြေငှားဂရန်မူရင်းတွေကို သက်ဆိုင်ရာက ပယ်ဖျက်တာတွေ ရှိတယ်လို့ သိရတယ်။ ဘယ်လို ကိစ္စတွေလဲဆိုတာ သိချင်လို့ သူ ငယ်ချင်း”
မိတ်ဆွေတစ်ဦးက စာ ရေးသူထံ ရောက်လာပြီး မေးမြန်း ဆွေးနွေးလာခြင်းဖြစ်သည်။
“တိုက်ခန်းတွေ အဝယ်ထပ် သလို ဂရန်မူရင်း နှစ်ခုသုံးခုဖြစ် နေတာတွေ၊ မြေချပါမစ် နှစ်ခုရှိ နေတာတွေကြောင့် သက်ဆိုင်ရာက စိစစ်ပြီး မမှန်မကန်ထုတ်ယူထား တဲ့ ဂရန်စာချုပ်တွေ၊ မြေချပါမစ် တွေကို ပြန်လည်ရုပ်သိမ်း ပယ်ဖျက် တာပဲ ဖြစ်တယ်”
“ဒါဆိုရင် မြေချပါမစ်အတု၊ ဂရန်စာချုပ်အတုတွေရှိနေတဲ့ သ ဘောပေါ့”
“မှန်ပါတယ်၊ ဒါပေမယ့် သက်ဆိုင်ရာရုံးဌာနကတော့ အတု လား၊ အစစ်လား ခွဲခြားသိရှိကြ တယ်လို့ ပြောတယ်”
“ပြီးခဲ့တဲ့ နှစ်လလောက်က ဖြစ်မယ်ထင်တယ်။ မိတ်ဆွေတစ် ဦးက သူဝယ်ထားတဲ့ မြေကွက်ရဲ့ မြေချပါမစ်မူရင်းကို သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာန မြေယာ ရုံးခွဲကို သွားပြတယ် ပြောတယ်”
“အဲဒီတော့ သက်ဆိုင်ရာက ဘာပြောလိုက်သလဲ”
“သူတို့ရုံးဌာနက ထုတ်ပေး တဲ့ မြေချပါမစ်မဟုတ်ဘူးလို့ ပြော တယ်၊ ဘယ်ကရသလဲ စစ်ဆေး မေးမြန်းတာကြောင့် မိတ်ဆွေက ကျွန်တော်ဝယ်ထားလိုက်တာပါလို့ အမှန်အတိုင်းပြောပြခဲ့တယ်၊ သက်ဆိုင်ရာ ရုံးက ပြန်အပ်ဖို့ပြော တယ်တဲ့၊ စာရွက်စာတမ်း အတု လက်ဝယ်ရှိရင် ဥပဒေအရ အရေး ယူနိုင်တယ်လို့ ပြောတာနဲ့ ဆိတ် ဆိတ်နေပြီး ပြန်လာခဲ့ရတယ်လို့ ပြောပြတယ်”
“စာရွက်စာတမ်းအတုတစ်ခု ကို သိလျက်နဲ့ လက်ဝယ်ထားပြီး အစစ်အမှန်အဖြစ် အသုံးပြုမယ် ဆိုရင် စာရွက်စာတမ်းကို မိမိကိုယ် တိုင် လိမ်လည်အတုပြုသကဲ့သို့ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့ ရာဇသတ်ကြီး ဥပဒေမှာ ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် စာရွက် စာ တမ်းအတုဖြစ်ကြောင်း သိရင်တော့ သက်ဆိုင်ရာကို ပြန်အပ်တာဟာ အန္တရာယ်အကင်းဆုံးပဲ သူငယ်ချင်း”
“တရားရုံးမှာ တရားစွဲဆိုပြီး ဂရန်စာချုပ်ကို ပယ်ဖျက်ရတာ လည်း ရှိတယ်ဆို”
“အေး-အခြေအနေအမျိုးမျိုး ရှိတယ်၊ သူငယ်ချင်းနားလည် အောင် ရှင်းပြရမယ်ဆိုရင် ဂရန် လျှောက်ထားတဲ့အခါ မြေချပါမစ် မူရင်း ကို တင်ပြရတယ်။ မြေချပါ မစ် အမည်ပေါက်သူထံမှ အရပ် ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ခဲ့ တဲ့ စာချုပ်တွေ တင်ပြပြီး နောက် ဆုံး ဝယ်ယူနေထိုင်သူက ဂရန်မူရင်း ထုတ်ပေးဖို့လျှောက်ကြရတယ်။ သက်ဆိုင်ရာရုံးဌာက ဂရန်မူရင်း ထုတ်ပေးရင်တော့ မူလမြေပါမစ် မူရင်းကို သိမ်းဆည်းလိုက်မှာဖြစ် တယ်”
“နောက်တစ်ယောက်က မြေ ကွက်ပါမစ်မူရင်းတစ်ခုကိုပြပြီး အရပ်ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ စာချုပ်တွေလည်းပြ မယ်။ ဒီအချက်တွေနဲ့ ဂရန်လျှောက် ခဲ့ရင် ဘယ်လိုဖြစ်နိုင်မလဲ”
“အဲဒီလို ထပ်နေရင်တော့ သက်ဆိုင်ရာဌာနက မူလထုတ်ပေး ထားခဲ့တဲ့သူထံ အကြောင်းကြားပြီး ဂရန်မူရင်းကို တင်ပြစေမယ်။ ပြီး တော့ ပထမလူတင်ပြခဲ့တဲ့ မြေ ကွက်ပါမစ်နဲ့ နောက်ပိုင်းအခုမှ တင်ပြတဲ့ မြေကွက်ပါမစ်တို့ကို ကျွမ်းကျင်သူတို့နဲ့ စိစစ်ပြီး အမှား အမှန်ခွဲခြားမယ်။ ပထမလူထံမှာရှိ နေတဲ့ မြေကွက်ပါမစ်ဟာ မမှန် ကန်ဘူးဆိုရင်တော့ ပထမလူဆီက ဂရန်စာချုပ်ကို ပြန်လည် အပ်နှံဖို့ အကြောင်းကြားမှာဖြစ်တယ်။ ပထမလူက အဆိုပါ ဂရန်စာချုပ် ကို ပြန်လည်အပ်နှံခြင်းမရှိဘူးဆို ရင်တော့ သက်ဆိုင်ရာ ရုံးဌာနက ပထမလူထံထုတ်ပေးထားတဲ့ ဂရန်မူရင်းကို ပယ်ဖျက်ကြောင်း အများ သိစေရန် နေ့စဉ်ထုတ်သတင်း စာ မှာ ကြော်ငြာပေး သွားမှာ ဖြစ်တယ်”
“သူငယ်ချင်းပြော စကားအရ ဆိုရင် အဲဒီလို အခြေအနေမျိုးဆို ရင်တော့ သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဌာနဆိုင်ရာက ဆုံးဖြတ်အတည်ပြု လိုက်ရင် ဖြစ်တယ်ပေါ့”
“မှန်ပါတယ်။ တစ်ခါတစ်ရံ ကျတော့လည်း နှစ်ဖက်ခေါ်ယူပြီး ဆုံးဖြတ်လို့မရတဲ့ ကိစ္စရပ်တွေ လည်း ရှိတာပေါ့။ အဲဒီလို အခါမျိုး မှာ နစ်နာသူက အခြားသူအပေါ် မမှန်မကန်ရယူထားသည့် ဂရန် စာချုပ်ပယ်ဖျက်ပေးစေလိုမှုနဲ့ ပစ္စည်းလက်ရောက်ရလိုမှုအဖြစ် တရား စွဲဆိုကြတာတွေလည်း ရှိ တယ်”
“ဘယ်လိုပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် သေချာစိစစ်ပြီးမှ ဝယ်သင့်တာပေါ့နော်”
“မှန်ပါတယ်။ အိမ်မြေဝယ် မယ်ဆိုရင်ပြီးစလွယ်လုပ်ပြီး မဝယ် မိကြဖို့ အထူးသတိပြုသင့်တယ်”
“တကယ်လို့ မြို့တော်စည်ပင် သာယာရေး ကော်မတီရဲ့ သက် ဆိုင်ရာဌာနက တစ်ဦးတစ်ယောက် လက်ဝယ်ရှိတဲ့ မြေငှား ဂရန်စာချုပ် ဟာ မမှန်ကန်ကြောင်း၊ အတုဖြစ် ကြောင်း ဆုံးဖြတ်ချက်ကို မကျေနပ် ရင် ဘယ်လိုဆက်လုပ်နိုင်သေး သလဲ”
“ဒီအချက်ကလည်း အရေး ကြီးပါတယ်။ ဘယ်သူမဆို မိမိ လက်ဝယ်က ဂရန်စာချုပ်ကို သက် ဆိုင်ရာဌာနက ဖျက်သိမ်း ပယ် ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့ ရင် အထက်အဖွဲ့အစည်းထံတင်ပြ လိုတဲ့ စိတ်ဆန္ဒတော့ ရှိမှာဖြစ် တယ်။ ဒါကြောင့် ဥပဒေက လည်း အယူခံသဘောမျိုး တက်ခွင့်ပေး ထားတာရှိတယ် သူငယ်ချင်း”
“ဘယ်လိုပုံစံဆိုတာ ရှင်းပြပါ ဦး”
“မြို့တော် စည်ပင်သာယာ ရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာန ကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ တရားစီရင်ရေး ဥပဒေ ပုဒ်မ-၁၆ (က)(၂)နှင့် ၄ တို့အရ အာဏာပေးစာချွန်တော် အမိန့် သို့မဟုတ် အာဏာ ပိုင်မေး စာချွန်တော် အမိန့်ထုတ်ဆင့်ပေးဖို့ လျှောက်ထားခွင့်ရှိမှာ ဖြစ်တယ်”
“လက်ခံဆောင်ရွက်တဲ့ အမှု တွေရှိတယ်ပေါ့”
“ရှိတာပေါ့၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၈ဝ မှာ ဖော်ပြထားတဲ့ (ဦးဇော်မျိုးဝင်းနဲ့ ဌာနမှူး၊ အ ဆောက် အအုံနှင့် ကုန်ရုံဌာန၊ မန္တလေးစည်ပင်သာယာရေးကော် မတီ) အမှုမှာ မန္တလေးစည်ပင် သာယာရေး ကော်မတီရဲ့ ဆုံးဖြတ် ချက်အပေါ်စာချွန်တော်အဖြစ် အာဏာပေးစာချွန်တော်ထုတ်ဆင့် ပေးဖို့ လျှောက်ထားတာ တွေ့ရ တယ်။ ဒါကြောင့် ဥပဒေအရ ကုစားမှုတွေပေးထားကြောင်း ပြည် သူတွေ သိရှိဖို့လည်း အထူးလိုအပ် တယ်”
“ဘာပဲဖြစ်ဖြစ် အိမ်မြေ ရောင်းသူက ဂရန်အမည်ပေါက် ဖြစ်သည့်တိုင် သက်ဆိုင်ရာဌာန ရုံးမှာ စိစစ်ဖို့ အထူးလိုအပ်တယ် ဆိုတာ ဗဟုသုတရလိုက်တယ် သူငယ်ချင်း”ဟု ပြောဆိုကာ နေ့ လယ်စာကျွေး၍ ကျေးဇူးတင် စကားပြောသွားခဲ့ပါသည်။ စာဖတ် သူများ လည်း ဗဟုသုတရစေရန် ရည်ရွယ်ရေးသားလိုက်ခြင်းဖြစ် သည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေ ကုမ္ပဏီ
တိုက်ခန်းအမှတ်- ဘီ-၄ ၊ လမ်း( ၃ဝ ) ၊ ၆၄x၆၅ လမ်းကြား၊
နန်းအိမ်သူတိုက်တန်း ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့ ။
 09 20 60 465, 09 96 20 60 465
#RTTS
#realestate 
#mandalay
#credit

Related Posts