Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်း လူနေထိုင်ခွင့်လက်မှတ်(BCC)

November 3, 2022 113 views
အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်း လူနေထိုင်ခွင့်လက်မှတ်(BCC)

“အဆောက်အအုံဆောက်လုပ်ပြီးစီးလို့ ရက်ပေါင်း(၃၀)အတွင်းမှာ ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီး ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံတင်ပြရတယ်။ သက်ဆိုင်ရာ အဆောက်အအုံ အင်ဂျင်နီယာ ဌာနက လာရောက်စစ်ဆေးပြီး ခွင့်ပြုချက်ပုံစံနှင့်အညီ ဆောက်လုပ်ပြီးစီးကြောင်း တွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို အစီရင်ခံစာတင်သွင်းရပါတယ်။ ကော်မတီက စည်းကမ်းချက်နဲ့အညီ ဆောက်လုပ်ပြီးစီးကြောင်း စိစစ်တွေ့ရှိလျှင် အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်း လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။ ”

တစ်ခါတစ်ရံမှာ ခွင့်ပြုထားတဲ့ အဆောက်အအုံပုံစံနဲ့ ကွဲလွဲနေလို့ဆိုပြီး လူနေထိုင်ခွင့်မရတာလည်း ရှိတယ်လို့ ကြားဖူးတယ်။

“အမှန်ကတော့ အဆောက်အအုံပြီးစီးကြောင်း လက်မှတ်နဲ့ လူနေထိုင်ခွင့်အမိန့်က ဆက်စပ်နေတဲ့ သဘောဖြစ်တယ်။ ဆောက်လုပ်ပြီးစီးတဲ့ အဆောက်အအုံက ခွင့်ပြုထားတဲ့အဆောက်အအုံပုံစံနဲ့ ကွဲလွဲနေရင် အဆောက်အအုံပြီးစီးကြောင်း လက်မှတ်ထုတ်မပေးနိုင်တဲ့အတွက် လူနေခွင့်လည်းရမှာမဟုတ်ဘူး”

အဲဒီလို အခြေအနေမျိုးဆိုရင် ဘယ်လိုဆောင်ရွက်ကြတယ်ဆိုတာ ဗဟုသုတအဖြစ် ရှင်းပါဦး.....

ဒါကတော့လွယ်ပါတယ်။ ပြင်ဆင်ဆောက်လုပ်ထားတဲ့ အဆောက်အအုံပုံစံသစ်ကို ခွင့်ပြုဖို့ သက်တမ်းတိုးလျှောက်ထားရမှာဖြစ်တယ်။

ပြင်ဆင်လျှောက်ထားမှုကို ငြင်းပယ်တာရှိလား.....

ဒါကတော့အလွန်နည်းပါးတယ်။ အကြောင်းပြချက်ပေါ် မူတည်ပြီး လက်ရှိအဆောက်အအုံပုံစံကို ခွင့်ပြုလေ့ရှိပါတယ်။ ပြင်ဆင်ခွင့်ပြုချက်နှင့်အညီ ဆောက်လုပ်ပြီးစီးခဲ့ရင်တော့ အဆောက်အအုံပြီးစီးကြောင်း လက်မှတ်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

 ဆရာထီယု(ဥပဒေအတိုင်ပင်ခံ)၏ တိုက်ခန်းနှင့်ကွန်ဒိုခန်းများ ရောင်းဝယ် ငှားမမှားစေဖို့ ဥပဒေသိမှတ်ဖွယ်ရာစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Related Posts