အိမ်ခြံမြေနှင့် ပတ်ဝန်းကျင်သာယာလှပရေး

အိမ်ခြံမြေဝယ်ယူရာတွင် အချို့သော ဝယ်ယူသူများအနေဖြင့် အိမ်အပြင်အဆင်နှင့်
အိမ်ခြံဝန်းအတွင်း အရိပ်ရ သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြေမှုကို နှစ်သက်တတ်ကြသည်။
အိမ်ပတ်ဝန်းကျင် လှပသာယာခြင်း၊ ဆိတ်ငြိမ်အေးချမ်းခြင်းသည်လည်း နေထိုင်ရာဒေသ
ပတ်ဝန်းကျင်၏ တန်ဖိုးတစ်ခု ( သို့မဟုတ် ) အိမ်၏ တန်ဖိုးတစ်ခု အနေဖြင့်လည်း
သတ်မှတ်နားလည်လေ့ ရှိကြပါသည်။
မြို့ပြများတွင် ကွန်ဒိုတိုက်ခန်းအိမ်ရာများ၊ စုပေါင်းအိမ်ရာများတွင် ဥယျာဉ်ပန်းမန်နှင့်
ကစားကွင်းများ ၊ အလှမီ း၊ ရေပန်းများ ထည့်သွင်းတည်ဆောက်ပေးတတ်ကြသည်
မှာလည်း နွေးထွေးသော နေရာ၊ သာယာချမ်းမြေ့သော လူမှုပတ်ဝန်းကျင်ပြယုဂ်
အသွင် ဖော်ဆောင်၍ ပြင်ဆင်မွမ်းမံထည့်သွင်းပေးတတ်ကြသည်။ ထိုအရာမှာ မြို့ပြ
သာ မဟုတ်ပဲ ကျေးလက်နယ်ဒေသများ၌ပါ တွေ့မြင်နိုင်ပါသည်။ ကျေးလက်နယ်များ
တွင်မူ မြို့ပြဒေသများကဲ့သို့ နေအိမ်တိုက်ခန်းများ မဟုတ်ကြသည့်အတွက် ခြံဝင်းကျယ်
များဖြင့် အများအားဖြင့်တွေ့ရတတ်သည်။ သို့သော်လည်း နေထိုင်သူတို့အပေါ်
မူတည်ပြီး အိမ်ခြံမြေ လှပတင့်တယ်ခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်း၊ သစ်ပင်သစ်ရိပ်
တို့ဖြင့် မျက်စိပဒာသဖြစ်ခြင်းများမှာလည်း အိမ်ခြံချင်း မတူညီတတ်ပေ။
အိမ်ဆိုသည်မှာ အိမ်၌နေထိုင်သူတို့၏ စိတ်နေစရိုက်၊ နေထိုင်မှုပုံစံ၊ နေထိုင်သူတို့၏
ဘာသာယဉ်ကျေးမှု၊ အတွေးအခေါ် ခံယူချက်တို့အလိုက် ပြုပြင်နေထိုင်မှုပုံစံများလည်း
ကွဲပြားတတ်ကြသည့် အပြင် သာယာနွေးထွေးမှုသဘော၊ မိသားစု၊ ဆွေမျိုးသားချင်း
တို့ နေထိုင်သွားလာ လည်ပတ်ရာ Home ဆိုသည့် ဝေါဟာရနှင့် အများ သူငါ
နားလည်သတ်မှတ်သော House တို့မှာလည်း အဓိပ္ပါယ်ကွဲပြား သကဲ့သို့ပင်
အထက်ပါ နေထိုင်သူ လူတို့၏ စိတ်နေစရိုက် အတွေးအခေါ် ဝါသနာ ယဉ်ကျေးမှု
ကွဲပြားမှုပုံစံအပေါ်မူတည်၍ သာယာနွေးထွေးမှု ရှိခြင်း/မရှိခြင်း ရုပ်ဝတ္ထု ဆန်ခြင်း/
မဆန်ခြင်းများမှာလည်း မတူညီခြားနားတတ်ကြသည်။ မိမိအိမ်တွင်း အိမ်ခြံမြေ
အလှ ဆင်ခြင်းနှင့် ပြင်ဆင်ခြင်းများကိုပါ တွေ့ရသည်။
အချို့သော ၂ ထပ်အိမ်များမှာ အပေါ်ဝရန်တာနေရာအား အိမ်ေ့ရှဘက်သို့ ဆွဲထုတ်၍
သစ်သား ( သို့မဟုတ် ) အခြားသစ်အစားထိုး အလှဆင်ပစ္စည်းများ ကာရန်၍ နားနေ
ဆောင်နေရာ၊ စာဖတ်ရန်နေရာ အဖြစ် ပြင်ဆင်နေထိုင်လာကြသည်ကိုတွေ့ရသည်။
အချို့အိမ်များ မှာ ဝရန်တာ၊ လသာဆောင်အား အိမ်နှင့် တဆက်တည်း အမိုးအကာ
ပြည့်စုံစွာ ပြုပြင်ဆောက်လုပ်ပြီး အချို့အိမ်များမှာ ဆင်ဝင်/ဝရန်တာ ဆောက်လုပ်မည့်
နေရာ၌ရှိသော သစ်ပင်သစ်ကိုင်းများ အုပ်မိုးနေပါက အပင်ကို မခုတ်ပဲ ပင်စည်
အကိုင်းအလိုက်အား ဝရန်တာနေရာအတွင်း နေရာကွက်ချန်၍လှပစွာထည့်သွင်း
ဆောက်လုပ်ကြသည်ကိုလည်း တွေ့ရကာ ပတ်ပတ်လည် အကာအရန်သာထားပြီး
အမိုးအားမထားရှိပဲ သစ်အပင်ရိပ်ဖြင့် စိတ်လက်အေးစွာ နေထိုင်နားနေရန် ပြင်ဆင်
ဆောက်လုပ်မှုများလည်း ရှိကြသည်။
ယခုအခါမြို့ပြဒေသများတွင် ရန်ကုန်နှင့် မန ္တလေးမြို့ကြီးများအားလည်း အစိမ်းရောင်
မြို့ပြများအဖြစ် ပုံဖော်တည်ဆောက်နေကြသည့်အားလျော်စွာ ထိုမြို့ကြီးများ၌ နေထိုင်
ကြသည့် ပြည်သူများအနေဖြင့်လည်း မိမိအိမ်နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊
နေချင့်စဖွယ် ဥယျဉ်ပန်းမန်တို့ဖြင့် ထည့်သွင်းပြင်ဆင်လာနေကြသည်ကို တွေ့ရသည်
အိမ်တွင်းအိမ်ပြင်များတွင် သစ်ရိပ်ဝါးရိပ်တို့ ထည့်သွင်းစိုက်ပျိုးခြင်း၊ အလှဆင်ခြင်း၊
ရေလောင်း ပြုပြင် ပေါင်းသင်ခြင်းများ နမူနာစံပြလုပ်ဆောင်ခြင်းဖြင့် ကလေးငယ်
တို့အတွက်လည်း သဘာ၀ ပတ်ဝန်းကျင် ချစ်ခင်စိတ်ကိုလည်း ဖော်ဆောင်ပေးရာ
ရောက်သလို မိသားစုအတွင်း သာယာချမ်းမြေ့ခြင်း အိမ်နှင့် ပတ်ဝန်းကျင်အား
အပူဒဏ်သက်သာလျော့နည်းစေသည့်အပြင် မြင်ရသူအဖို့လည်း စိတ်အေးချမ်းသာဖွယ်
မြင်ကွင်း ဖြစ်သည့်အတွက် အိမ်၏ အလှကျက်သရေတစ်မျိုးဟုလည်း ဆိုနိုင်ပါသည္
Credit : Original Uploader