Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

၁၈ရက်အတွင်း ဆွေးမြေ့မြေဆွေးရအောင် ပြုလုပ်နည်း

November 8, 2022 503 views
၁၈ရက်အတွင်း ဆွေးမြေ့မြေဆွေးရအောင် ပြုလုပ်နည်း

၁၈ရက်အတွင်း ဆွေးမြေ့မြေဆွေးရအောင် ပြုလုပ်နည်း 
=====================================
အိမ်ခြံ၀န်း အတွင်းရှိအမှိုက်များ၊ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး 
ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။
မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်
(အလား ၅ပေ၊အနံ ၃ပေအမြင့်၃ပေကျော်ခန့်ရှိ မြေဆွေးပုံအတွက်)
၁။ မြေဆွေးပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။(သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာ မြေဆွေးပုံအောက်ခြေနှင့် အတွင်းပိုင်းတွင် လေ၀င်လေထွက် ရှိစေရန် ဖြစ်သည်)
၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့်နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက်မထု အထိ ရောက်အောင်ခင်းနိုင်သည်။
၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေးတစ်ခုခုကို ခြင်းတောင်း(၃)တောင်းခန့် ခပ်ပါးပါးဖြူးပါ။
၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၈ပုံးခန့် လောင်းပါ။
၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင်ခင်းပါ။
၆။ နွားချေး၊ ကြက်ချေးတစ်ခုခုကို တာခြင်းတောင်း(၂)တောင်းခန့် ခပ်ပါးပါးဖြူးပါ။
၇။ အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၁၀ပုံးခန့် လောင်းပါ။
၈။ သစ်ရွက်ခြောက်များနှင့် သစ်ရွက်စိမ်းများကို တလှည့်စီပုံသွားရန်ဖြစ်သည်။
၉။ ဆွေးမြေ့မှုမြန်ဆန်စေရန်အတွက် အလယ်အလွှာတစ်လွှာတွင် (မြေဆွေးပုံ၏ အလယ်တည့်တည့်တွင်) အသားဓာတ် (နိုက်ထရိုဂျင် ဓာတ်) ပါ၀င်နှုန်းမြင့်မား
သည့် သားငါးအပိုင်းအစများ၊ ငါးအကြေးခွံများ၊ တိရစ္ဆာန်အသေကောင်များ 
ထည့်ပေးရမည်။ သို့မဟုတ် ကျင်ငယ်ရည် လောင်းထည့်ပေးနိုင်ပါသည်။
၁၀။ အပေါ်ဆုံးအလွှာတွင် မြေသား တာခြင်းတောင်း(၃-၅)တောင်းခန့် 
နှံ့အောင်ဖြူးပေးရမည်။
၁၁။ မြေဆွေးပုံကို ပလပ္စတစ္စ(သို့မဟုတ်) မိုးကာစဖြင့် လုံအောင်အုပ်ပါ။
၁၂။ မြေဆွေးပုံပြီး (၄)ရက်ခန့် ကြာလျှင် ထည့်ထားသည့် သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များ ဆွေးမြေ့လာပြီဖြစ်သည်။ ထိုအချိန်တွင် မြေဆွေးပုံအား အတွင်းအပြင်လှန်ပေးခြင်း၊ ကြက်ချေးများထပ်ထည့်ပေးခြင်း ပြုလုပ်ရမည်။
၁၃။ မြေဆွေးလက်တစ်ဆုပ်စာခန့် လက်ထဲတွင်ထည့်ပြီး လက်သီးဆုပ်ကြည့်ပါက ရေတစ်စက် ခန့်သာ ထွက်လာလျှင် လုံလောက်သော အစိုဓာတ်ရှိသည်ဟု ယူဆနိင်ပါသည်။
၁၄။ မြေဆွေးပုံအား တစ်ရက်ခြားလျှင် တစ်ကြိမ်အတွင်းအပြင်နှံစပ်အောင် လှန်ပေးခြင်း၊ အစိုဓာတ် လိုအပ်ပါက ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။
၁၅။ ကောက်ရိုးများကိုဓားနှင့်စင်းပြီး မူလထည့်ထားသည့် သစ်ရွက်များနှင့်ရောပေးခြင်းဖြင့် မြေဆွေးပမာဏပိုများနိုင်သည်။
---------------
Credit...

Related Posts