Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈အကြောင်း

November 9, 2022 1142 views
ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈အကြောင်း

ရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈အကြောင်း
=================
မော်တော်ယာဉ်
ဥပဒေဟူသော အထူးဥပဒေ(Special Law)တစ်
ရပ်ပြဌာန်းထားသော်လည်း ထိုမော်တော်ယာဉ်ဥပ
ဒေတွင် ယာဉ်တိုက်မှုကိုအရေးယူသောအကြောင်း
အရာမပါရှိခဲ့သဖြင့် ဤရာဇသတ်ကြီးပုဒ်မ ၃၃၇၊
၃၃၈ တို့သည်သာ ယာဉ်တိုက်မှုအတွက် သီးသန့်
ပြဌာန်းချက်တစ်ခုပမာ အသက်ဝင်နေလေတော့သည်။
အမှန်စင်စစ် ဤရာဇသတ်ကြီးပုဒ်မ ၃၃၇၊
၃၃၈ တို့သည် အရမ်းသော်လည်းကောင်း၊ပေါလျော့
စွာသော်လည်းကောင်း ပြုလုပ်မှုကြောင့်နာကျင်စေ
မှုများအတွက်ခြုံငုံပြဌာန်းထားခြင်းသာဖြစ်သည်။
ယာဉ်တိုက်မှု အတွက်ဟူ၍သီးခြား ပြဌာန်းထား
သော ပြဌာန်းချက်တစ်ခုမဟုတ်ပါ။
      ရာဇသတ်ကြီးပုဒ်မ ၃၃၇ တွင် လူ့အသက်ကို
ဖြစ်စေ၊အခြားသူ၏လုံခြုံရေးကိုဖြစ်စေ ဘေး
ဖြစ်အောင် မည်သူမဆို အရမ်းသော်လည်းကောင်း
ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်မှုတစ်ခုခု
ကိုပြုခြင်းဖြင့် တစ်ဦးတစ်ယောက်သောသူအား
နာကျင်စေလျှင် ထိုသူကို နှစ်နှစ်အထိထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ၊တစ်သောင်းကျပ်ထိငွေဒဏ်
ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟုပြ
ဌာန်းထားသည်။
      ရာဇသတ်ကြီးပုဒ်မ ၃၃၈ တွင် လူ့အသက်ကို
ဖြစ်စေ၊အခြားသူ၏လုံခြုံရေးကိုဖြစ်စေဘေးဖြစ်
အောင် မည်သူမဆိုအရမ်းသော်လည်းကောင်း၊
ပေါ့လျော့စွာသော်လည်းကောင်းပြုလုပ်မှုတစ်ခုခု
ကိုပြုခြင်းဖြင့်တစ်ဦးတစ်ယောက်သောသူအား
အပြင်းအထန်နာကျင်စေလျှင် ထိုသူကိုငါးနှစ်ထိ
ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေ
ဒဏ်လည်းချမှတ်နိုင်သည်ဟုပြဌာန်းထားသည်။
      ရာဇသတ်ကြီးပုဒ်မ ၃၃၇ နှင့် ၃၃၈ တို့၏ပြ
ဌာန်းချက်များတွင်ပါရှိသော "နာကျင်စေမှု" ဆို
သည့်စကားရပ်နှင့်ပတ်သက်၍ရာဇသတ်ကြီးပုဒ်မ
၃၁၉ တွင် မည်သူမဆိုတစ်ဦးတစ်ယောက်သောသူ
အား ကိုယ်အင်္ဂါနာကျင်အောင် သို့မဟုတ် အနာရော
ဂါစွဲကပ်အောင် သို့မဟုတ် ချည့်နဲ့အောင်ပြုလျှင်
ထိုသူသည် နာကျင်စေမှုကို ပြုသည်မည်၏ဟုအ
ဓိပ္ပါယ်ဖွင့်ဆိုထားသည်။တစ်ဦးတစ်ယောက်သော
သူအားဆိုသည်မှာ မိမိကိုယ်မိမိပြုခြင်းကိုဆိုလို
ရင်းမဟုတ်ဘဲ တစ်ဦးတစ်ယောက်မှအခြားတစ်ဦး
တစ်ယောက်အားပြုခြင်းကိုသာဆိုလိုရင်းဖြစ်လေ
သည်။မိမိကိုယ်မိမိပေါ့လျော့စွာပြုခြင်းကြောင့်
ရရှိခဲ့သောဒဏ်ရာကိုအကြောင်းပြု၍ ရာဇသတ်
ကြီးပုဒ်မ ၃၃၇၊၃၃၈ တို့အရ အရေးယူမည်ဆိုလျှင်
ကြက်သွန်လှီး၍လက်ကိုဓါးရှသွားရခြင်းကိုပင်
လျှင် ရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈ တို့နှင့်ငြိစွန်း
ပြီး ရာဇသတ်ကြီး၏အာဏာစက်နှင့်ကင်းလွတ်
ကြလိမ့်မည်မဟုတ်ချေ။သို့ပါ၍ရာဇသတ်ကြီး
ပုဒ်မ ၃၃၇၊၃၃၈ သည်  တစ်ဦးတစ်ယောက်၏အ
ရမ်းသော်လည်းကောင်း၊ပေါ့လျော့စွာသော်လည်း
ကောင်းပြုခြင်းဖြင့်အခြားသူတစ်ဦးတစ်ယောက်
ကို နာကျင်စေခြင်းနှင့်အပြင်းအထန်နာကျင်စေ
ခြင်းတို့ကိုဖြစ်စေလျှင် အရေးယူရသောပြဌာန်း
ချက်ပုဒ်မများသာဖြစ်ကြသည်။
      လူတစ်ဦးတစ်ယောက်သည် အခြားမည်သူ
တစ်ဦးတစ်ယောက်မှမပါဘဲ ဆိုင်ကယ်တစ်စီးကို
မောင်းနှင်လာသည်၊ဆိုင်ကယ်တိမ်းမှောက်၍ဆိုင်
ကယ်မောင်းသူတစ်ဦးတည်းတွင်သာဒဏ်ရာရပြီး
အခြားမည်သူတစ်ဦးတစ်ယောက်မျှဒဏ်ရာရရှိမှု
မရှိခဲ့ပေ၊ဤဖြစ်စဉ်နှင့်ပတ်သက်၍ဆိုင်ကယ်
မောင်းသူအပေါ်ရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈ တို့
အရ အရေးယူမည်ဆိုလျှင် ထိုအရေးယူမှုသည်
ရာဇသတ်ကြီးပုဒ်မ ၃၁၉ ပါအဓိပ္ပါယ်ဖွင့်ဆိုချက်
နှင့်မကိုက်ညီသည့်အပြင် ရာဇသတ်ကြီးပုဒ်မ ၃၃၇
၃၃၈ တို့ပါပြဌာန်းချက်များနှင့်လည်းကိုက်ညီမှုမရှိ
ဘဲ အများပြည်သူဆိုင်ရာနေရာတွင်ယာဉ်ကိုအရမ်း
မောင်းနှင်သည်ဆိုသော ရာဇသတ်ကြီးပုဒ်မ ၂၇၉ 
နှင့်ပင် နီးစပ်သည်ကိုတွေ့ရပေသည်။
      အရမ်းပြုလုပ်ခြင်းနှင့်ပေါ့လျော့စွာပြုလုပ်
ခြင်းဆိုသည်မှာ ထိုက်သင့်သောစိတ်အာရုံစူးစိုက်မှု
မရှိဘဲ အသိစိတ်နည်းပါးသော သို့မဟုတ် အသိစိတ်
ကင်းမဲ့သောပြုလုပ်မှုကိုခေါ်ဆိုသည်။အမှု၏စစ်
ဆေးပေါ်ပေါက်ချက်ကိုဖော်ပြရာတွင်လည်း ပြစ်မှု
ကျူးလွန်သည်ဟုစွပ်စွဲခံရသူသည် အရမ်းပြုလုပ်
ခဲ့သည် သို့မဟုတ် ပေါ့လျော့စွာပြုလုပ်ခဲ့သည်
ဆိုခြင်းကိုတိကျစွာ ခွဲခြားဖော်ပြရန်လိုအပ်သည်။ဤပုဒ်မများ၏ဆိုလိုရင်းတွင်မပါရှိသည့် "အရမ်း
မဲ့ပေါ့ဆစွာ" ဟူသောစကားရပ်ကိုသုံးစွဲနေခြင်းမှာ
အလွန့်အလွန်မှားယွင်းနေကြကြောင်းထောက်ပြလို
ပါသည်။
      ရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈ အရစစ်ဆေး
သောအမှုများသည် နာကျင်စေမှုနှင့်အပြင်းအထန်
နာကျင်စေမှုတို့ဖြစ်ခြင်းကြောင့် ဒဏ်ရာအမျိုးအ
စားနှင့်ပတ်သက်၍ ဆေးဖက်ဆိုင်ရာဆရာဝန်၏
ထင်မြင်ချက်(Opinion)ကိုရယူရသည်။သို့ရာတွင်
ထိုထင်မြင်ချက်တို့သည် အခြားသက်သေခံချက်
အထောက်အထားများကိုလွှမ်းမိုးသည်မဟုတ်ဘဲ
အမှုစစ်အရာရှိအနေဖြင့်အခြားသက်သေခံအ
ထောက်အထားများနှင့်ပေါင်းစပ်ပြီးရာဇသတ်ကြီး
ပုဒ်မ ၃၂၀ ပါပြဌာန်းချက်များနှင့်အညီ ဆင်ခြင်
တိုင်းထွာအသုံးပြုကြရမည်ဖြစ်သည်။ဥပဒေအ
ကြံအဉာဏ်တောင်းခံရာတွင်လည်း ဆေးစာတွင်
မည်သို့ပင်ထင်မြင်ချက်ပေးထားစေကာမူ 
မည်သည့်အတွက်ရာဇသတ်ကြီးပုဒ်မ ၃၃၇ ဖြင့်တ
ရားစွဲတင်လိုသည်၊မည်သည့်အတွက်ရာဇသတ်ကြီး
ပုဒ်မ ၃၃၈ ဖြင့်တရားစွဲတင်လိုသည်ကို ရာဇသတ်
ကြီးပုဒ်မ ၃၂၀ ပါပြဌာန်းချက်များကိုအခြေခံ
လျှက် အထောက်အထားအကိုးအကားဖြင့်တောင်း
ခံသွားရန်လိုအပ်သည်။အမှုစစ်အရာရှိ၏လိုလား
ချက်ကိုဆန့်ကျင့်၍ ဥပဒေအကြံအဉာဏ်ပေးလာ
ခဲ့မည်ဆိုပါကလည်း တရားစွဲအဖွဲ့အစည်းသို့တင်ပြ
ကာ တရားစွဲအဖွဲ့အစည်း၏ခွင့်ပြုချက်ဖြင့် အမှု
စစ်မှတရားစွဲဆိုခွင့်ရှိပါသည်။အဘယ်ကြောင့်ဆို
သော် ဥပဒေအကြံအဉာဏ်ပေးခြင်းသည် လုပ်ထုံး
လုပ်နည်း(Procedure)အရ တောင်း၍ပေးရ
ခြင်းဖြစ်ပြီးအမှုနှင့်ပတ်သက်သော ညွှန်ကြားချက် 
တစ်ရပ် မဟုတ်သည်ကို အမှုစစ်အရာရှိများသိထား
ဖို့လိုပါသည်။
       ဤရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈ အမှုများ
စစ်ဆေးရာတွင် အခင်းဖြစ်ရပ်မြေပုံရေးဆွဲတင်ပြ
ရန်လိုအပ်သည်။အခင်းဖြစ်ရပ်မြေပုံများတွင်
တရားရုံးသို့သက်သေခံတင်ပြရန်ရည်ရွယ်ရေးဆွဲ
ထားသောမြေပုံနှင့်တရားရုံးသို့သက်သေခံတင်ပြ
ရန်မရည်ရွယ်ဘဲ အမှုလိုက်ဥပဒေအရာရှိသာလျှင်
ရှင်းလင်းစွာသိရှိစေရန်ရည်ရွယ်ရေးဆွဲထားသော
မြေပုံဟူ၍(၂)မျိုးရှိသည်။ရဲလက်စွဲဒုတိယတွဲအ
ပိုဒ် ၁၃၂၁ နှင့်အညီရေးဆွဲထားသောမြေပုံသည်
တရားရုံးတွင်သက်သေခံဝင်ပြီးထိုရဲလက်စွဲအပိုဒ်
ပါပြဌာန်းချက်များကိုဆန့်ကျင်ပြီး သက်သေအ
စစ်ခံချက်များမှပေါ်ထွက်လာသည့် ယာဉ်လားရာ
ဘက်တို့ကို ထည့်သွင်းရေးဆွဲထားသောမြေပုံများ
မှာသက်သေခံမဝင်ချေ။မည်သို့ပင်ရေးဆွဲစေကာ
မူ ယာဉ်တိုက်မှုကြောင့် ကတ္တရာလမ်းပေါ်တွင်ကျန်
ရှိနေသော ဘရိတ်ဆွဲရာများကို ထည့်သွင်းရေးဆွဲ
သည့် လုပ်ထုံးလုပ်နည်းကိုပြန်လည်အသက်သွင်း
ကြစေလိုပါသည်။ထိုဘရိတ်ဆွဲရာ၏အရှည်ကိုအ
ခြေခံကာ ထိုယာဉ်မောင်းနှင်ခဲ့သောမိုင်နှုန်းကို
တွက်ချက်သည့်နည်းပညာကိုလည်းပြန်လည်ဖော်
ထုတ်အသုံးပြုကြရပါမည်။
        ဤပြစ်မှုမျိုးသည် အရမ်းပြုလုပ်ခြင်း၊ပေါ့
လျော့စွာပြုလုပ်ခြင်းတို့ကြောင့်ပေါ်ထွက်လာသော
မတော်တဆမှု(Accident)ဖြစ်ခြင်းကြောင့် ပြစ်မှု
ကျူးလွန်ရခြင်းအကြောင်းကိုဖော်ထုတ်စစ်ဆေး
ရန်မလိုအပ်ချေ။
         အထူးဆွေးနွေးလိုသည်မှာဤရာဇသတ်ကြီး
ပုဒ်မ ၃၃၇ နှင့် ၃၃၈ တို့သည် ရာဇဝတ်ကျင့်ထုံးဥပ
ဒေပုဒ်မ ၄၄(၁)တွင်ဖော်ပြထားသောပုဒ်မများမပါ
ဝင်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၂၀၂ ဖြင့်အရေးယူ
ခွင့်ရှိသောပုဒ်မများမဟုတ်ပါကြောင်း
ကူးယူဖော်ပြပါသည်။
#credit

Related Posts