Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အရွယ်မရောက်သေးသည့် သားသမီးများ၏ မြေနှင့် အိမ်ကို ဝယ်လျှင်

November 11, 2022 388 views
အရွယ်မရောက်သေးသည့် သားသမီးများ၏ မြေနှင့် အိမ်ကို ဝယ်လျှင်

အရွယ်မရောက်သေးသည့် သားသမီးများ၏ မြေနှင့် အိမ်ကို ဝယ်လျှင်

“ဒီတစ်ခါတော့ ထူးခြားတဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်လို့ သူငယ် ချင်း”ဟု ဆိုပြီး မိတ်ဆွေတစ်ဦးက ကျွန်တော့်ထံသို့ ရောက်လာပါ သည်။

“ကဲ-ပြောပါဦး၊ ဘာတွေဖြစ် လာပြန်ပြီလဲ”

“အရွယ်မရောက်သေးတဲ့ သားသမီးများရဲ့ပစ္စည်းကို မိဘများ က ရောင်းချခွင့်ရှိပါသလားဆိုတာ သိချင်လို့”

မှန်ပါသည်။ မိတ်ဆွေက ထူးခြားတဲ့ ကိစ္စရပ်တစ်ခုကို ဆွေးနွေး လာခြင်းဖြစ်သည်။

“သာမန်အားဖြင့်တော့ မိဘ တွေဟာ အရွယ်မရောက်သေးတဲ့ သားသမီးတွေရဲ့ အုပ်ထိန်းသူတွေ ဖြစ်တယ်။ ဒါပေမယ့် အရွယ်မရောက်သေးတဲ့ သားသမီးများရဲ့ ပစ္စည်းကိုတော့ မိဘတွေက မိမိပိုင် ပစ္စည်းကဲ့သို့ မိမိတို့သဘောနဲ့ ရောင်းချ၊ ပေါင်နှံလွှဲပြောင်း ခွင့်တော့ မရှိဘူး သူငယ်ချင်း။ အခု ဘယ်လို ကိစ္စနဲ့ တွေ့ကြုံနေလို့လဲ”

ကျွန်တော်က သူငယ်ချင်း မိတ်ဆွေအားရှင်းပြပြီး မေးခွန်း ထုတ်လိုက်မိပါသည်။

“အဘွားဖြစ်တဲ့ သူက သူပိုင် တဲ့ အိမ်နဲ့ မြေကို အရွယ်မရောက် သေးတဲ့ မြေးတော်သူနှစ်ဦးရဲ့ အ မည်ပေါက်အဖြစ် မေတ္တာနဲ့ ပေး ကမ်းခဲ့တယ်လို့ ပြောတယ်။ အဲဒီ မြေနဲ့ အိမ်ကို ဝယ်မယ်ဆိုရင် ကလေးတွေရဲ့ မိခင်က ရောင်းသူ အနေနဲ့ လက်မှတ်ရေးထိုး ရင်ဖြစ် တယ်ပြောလို့ သူငယ်ချင်းဆီလာ ပြီး ဆွေးနွေးတာပဲ”

“အဘွားဖြစ်တဲ့သူက မှတ်ပုံ တင် စာချုပ် စာတမ်းနဲ့ ပေးခဲ့တာ လား”

“မှတ်ပုံတင် စာချုပ်စာတမ်း ရုံးက တံဆိပ်နဲ့ ချုပ်ဆိုထားတာ တွေ့တယ်”

“အရွယ်မရောက်သေးတဲ့ ကလေးနှစ်ဦးရဲ့ အုပ်ထိန်းသူအနေ နဲ့ ဘယ်သူက လက်မှတ်ရေးထိုး လဲ”

“ကလေးနှစ်ဦးရဲ့ မိခင်က လက်မှတ်ထိုးထားတာတွေ့တယ်”

“ဖခင်က လက်မှတ်ထိုးတာ မရှိဘူးလား”

“ကလေးနှစ်ဦးရဲ့ ဖခင်က ကွယ်လွန်သွားပြီမို့ အဘွားဖြစ်သူ က အမွေပေးတာလို့ သိရတယ်”

“အခု အဘွားဖြစ်သူလည်း ကွယ်လွန်သွားပြီပေါ့၊ ဟုတ်လား”

“အေး-ဒါကြောင့် ကလေးနှစ် ဦးအတွက် အသုံးစရိတ်၊ ကျောင်း စရိတ်တို့အတွက် ရောင်းမယ်လို့ ဖြစ်လာတာပဲ”

“ကလေးတွေရဲ့ မိခင်က နောက်အိမ်ထောင်ပြုလိုက်ပြီလား”

“အဲဒါတော့ မသိဘူး၊ နောက် အိမ်ထောင်မပြုသေးဘူး ထင်တာ ပဲ”

“နောက်အိမ်ထောင်ပြုလိုက် ပြီဆိုရင်တော့ ပိုပြီး လုပ်ပိုင်ခွင့် မရှိတော့ဘူးပေါ့၊ နီးစပ်သူ ဆွေမျိုး သားချင်းက ကလေးတွေအပါအ ဝင် သူပိုင်ပစ္စည်းတွေအပေါ် အုပ် ထိန်းခွင့်ရဖို့ တရားရုံးမှာ လျှောက် ထားရယူရမှာ ဖြစ်တယ်။ အုပ်ထိန်း ခွင့် လက်မှတ်ရသူက သာ ဥပဒေ နှင့်အညီ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခွင့်ရမှာဖြစ်တယ်”

“အခုလို ရောင်းမယ်ဆိုတဲ့ ကိစ္စရပ်တွေဖြစ်ပေါ်ခဲ့ရင် ဥပဒေအရ ဘယ်လို ဆောင်ရွက်နိုင်မလဲ”

“အုပ်ထိန်းခွင့် လက်မှတ်ရသူက အရွယ်မရောက်သေးသူ ပိုင်ဆိုင်တဲ့ ပစ္စည်းကို ရောင်းချလိုရင် အဘယ်ကြောင့် ရောင်း ချ၊ ပေါင်နှံ၊ လွှဲပြောင်းလိုတယ်ဆိုတဲ့ အကြောင်း အရင်းကို တရားရုံးမှာ တင်ပြပြီး ခွင့်ပြုချက်ရယူရတယ်။ တရားရုံး ရဲ့ ခွင့်ပြုချက် ရမှ ရောင်းချ၊ ပေါင် နှံ၊ လွှဲပြောင်းခွင့်ရမှာ ဖြစ်တယ်။ မိမိသဘောတစ်ခုတည်းနဲ့ မိဘဖြစ်သူတို့က အရွယ်မရောက်သေးတဲ့ သားသမီး တို့ပိုင် ပစ္စည်းကို ရောင်း ချ၊ ပေါင်နှံ၊ လွှဲပြောင်းခွင့်မရှိဘူး သူငယ်ချင်း”

“သူငယ်ချင်း ပြောစကားအရ ဆိုရင် အရွယ်မရောက်သေးသူ ပိုင်ပစ္စည်းများကို ထိန်းသိမ်းဖို့ တရားရုံးမှာ အုပ်ထိန်းခွင့်လျှောက် ရမယ့် သဘောပေါ့နော်”

“ဟုတ်တယ် သူငယ်ချင်း။ မိဘဖြစ်သည့်တိုင် အရွယ်မ ရောက်သေးသူပိုင်ပစ္စည်းကို ထုခွဲ ရောင်းချလိုရင်တော့ အမွေဆက်ခံ ခြင်း အက်ဥပဒေအရ အုပ်ထိန်းခွင့်လက်မှတ်ကို တရားရုံးမှာ လျှောက်ထားရတယ်။ အုပ်ထိန်းခွင့်လက်မှတ်ရသူက အရွယ် မ ရောက်သေးသူ တို့အတွက် ရည် ရွယ်ကာ ထုခွဲရောင်းချဖို့ အ ကြောင်းပြချက် ခိုင်လုံစွာနဲ့ တရား ရုံးမှာ ခွင့်ပြုချက်ရယူရ ပြန်ပါ တယ်။ တရားရုံးက ခွင့်ပြုချက်ရမှ သာ ထုခွဲရောင်းချခွင့်ရှိပြီး တရား ဝင် ရောင်းချသည့် အရောင်းအ ဝယ် မှတ်ပုံတင် စာချုပ်ကို ချုပ်ဆို နိုင်မှာ ဖြစ်တယ် သူငယ်ချင်း”ဟု ကျွန်တော်က မိတ်ဆွေ အားရှင်းပြ လိုက်မိသည်။

ထို့နောက် ဆက်လက်ပြီး “သူ ငယ်ချင်း ဗဟုသုတဖြစ်အောင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုကို ဖတ်ပြမယ်”ဟု ပြော ရင်း ကျွန်တော်က စီရင်ထုံး စာအုပ် ကို ယူပြီး ဖတ်ပြလိုက်ပါသည်။

“ဒေါ်သန်းစိန်၊ ဒေါ်မြမြခေါ် ဒေါ်မြမြချစ်နှင့် ဒေါ်အေးအေး ကြည်ပါ သုံးဦး ၁၉၉၈ ခုနှစ် မြန် မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ ၂၆၃” အမှုမှာ ဒေါ်သန်းစိန် နှင့် ဒေါ်မြမြတို့က ရောင်းသူ ဒေါ် ထွေးခင်အား မြေနှင့် နေအိမ်ဖိုးငွေကို အကြေပေးပြီး ဖြစ် သည်။ ရောင်းချ သည့် မြေနှင့် နေအိမ်ကို လည်း လက်ရောက်ရရှိပြီးဖြစ် သည်။ ထို့ကြောင့် အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ် ချုပ် ဆိုပေး စေလိုမှု စွဲဆိုခြင်းဖြစ်သည်။ တရား ဆိုင်နေစဉ်အတွင်း ဒေါ်ထွေးခင် ကွယ်လွန်သွားသဖြင့် သားသမီး များဖြစ်သည့် ဒေါ်အေးအေးကြည် ပါ သုံးဦးက အမှုကို ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြို့ နယ်တရားရုံးနှင့် ရန်ကုန်တိုင်း တရားရုံး တို့က ဒေါ်သန်းစိန်နှင့် ဒေါ်မြမြတို့ တောင်းဆိုသည့် အနိုင်ဒီဂရီကို ချမှတ်ပေးခဲ့သော်လည်း တရားရုံးချုပ်က ပယ်ချခဲ့ သဖြင့် ဒေါ်သန်းစိန်တို့က အထူးအယူခံခုံရုံးသို့ အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ အထူးအယူခံရုံးက ဆုံးဖြတ်သည်မှာ အချင်းဖြစ် မြေနှင့် အိမ်မှာ ဒေါ်ထွေးခင်၏ ခင်ပွန်းဖြစ်သူ ဦးစောဝင်း အမည်ပေါက်ဖြစ် ကြောင်း၊ ဦးစောဝင်း ကွယ်လွန်သည့်အခါ ဒေါ်ထွေးခင်က အချင်း ဖြစ်မြေကို အမွေဆက်ခံရရှိ ကြောင်း၊ ဒေါ်ထွေးခင်က မြေအမည်ပေါက် ပြောင်းရာတွင် သူနှင့်သူ၏ အရွယ်မရောက်သေး သည့် သားသမီး များဖြစ်သော ဒေါ်အေး အေးကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဦး အောင်ထွန်းဝင်းတို့အမည်ကို ထည့်သွင်း အမည်ပြောင်း ခဲ့ကြောင်း၊ ဒေါ်ထွေးခင်က အချင်းဖြစ်မြေနှင့် အိမ်ကို ဒေါ်သန်းစိန်နှင့် ဒေါ်မြမြ တို့အား ရောင်းချစဉ်က သားသမီး သုံးဦးမှာ အရွယ်မရောက်သေး ကြောင်း၊ အရွယ်မရောက်သေး သည့် သားသမီးများ၏ ပစ္စည်းများ ကို မိဘများက အုပ်ထိန်းသူ အ ဖြစ် ရောင်းချခွင့်မရှိကြောင်း၊ အကယ်၍ မိဘများသည် အရွယ်မရောက် သေးသည့် သားသမီးများ၏ ပစ္စည်း များကို ရောင်း ချ၊ ပေါင်နှံခြင်းပြုပါ က အဆိုပါ လွှဲပြောင်းမှုသည် တည်မြဲခိုင်မာမှုမရှိဘဲ ပျက်ပြယ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါ်ထွေးခင်က မိမိနှင့် အရွယ်မ ရောက်သေးသူ သားသမီး သုံးဦးပိုင် မြေနှင့် အိမ်ကို မိမိတစ်ဦးတည်း အမည်ဖြင့် ရောင်းချရန် ပဋိညာဉ် ပြု လုပ်ရာ၌ အရွယ်မရောက်သေး သူများနှင့် စပ်လျဉ်းပြီး ယင်း ပဋိညာဉ်သည် တည်မြဲခိုင်မာမှုမရှိ သဖြင့် တရားလိုတို့ တောင်းဆို သည့်အတိုင်း အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် ရုံးတော်မှ ဆင့်ဆိုပေးနိုင်မည် မဟုတ်သဖြင့် ဒေါ်သန်း စိန်နှင့် ဒေါ်မြမြတို့စွဲဆိုသည့် အမှုအား ပလပ်ကြောင်းဆုံးဖြတ်ခဲ့ပါသည်။

“အဲဒါကြောင့် မိဘများဖြစ် သည့်တိုင်၊ အရွယ်မရောက်သေး သည့် သားသမီးတို့ပိုင် ပစ္စည်းများ ကို တရားရုံး၏ အုပ်ထိန်းခွင့်လက် မှတ်ရမှသာ ထိန်းသိန်းနိုင်မည် ဖြစ်ပြီး တရားရုံးရဲ့ ခွင့်ပြုချက်အရ သာ အဆိုပါ အရွယ်မရောက်သေး သည့် သားသမီးတို့ ပိုင်ပစ္စည်းကို လွှဲပြောင်းရောင်းချခွင့်ရှိမှာဖြစ် တယ် သူငယ်ချင်း”ဟု ရှင်းပြဆွေး နွေးလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts