Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

November 15, 2022 629 views
မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
============
(၁) လျှောက်လွှာနှင့် လျှောက်ထားသူ၏ ထွက်ဆိုချက်။
(၂) ခရိုင်/ မြို့နယ်ထွေ/ အုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လက်မှတ်၊ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရုံးတံဆိပ်ဝိုင်းများနှင့် ရက်စွဲပါဝင်သော မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) (၂)စုံ (မြေပုံတစ်ပုံ၌ အခွန်တံဆိပ်ခေါင်း ကပ်ရမည်။ )
(၃) မြေပိုင်ဆိုင်မှု အထောက်အထား တင်ပြရန်။
(၄) မြေငှားစာချုပ် မူရင်း (သို့မဟုတ်) မိတ္တူ ။
(၅) အရောင်းအဝယ်စာချုပ် (မှတ်ပုံတင်ပြီးသော)။
(၆) ယခင်မြေပိုင်ဆိုင်သူအမည်ဖြင့် စည်းကြပ်သည့် မြေခွန်ပြေစာ။
(၇) စည်းကြပ်မည့် မြေခွန်အပေါ် သဘောတူကြောင်း လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။
(၈) ပတ်ဝန်းကျင် ထွက်ဆိုချက်များ တင်ပြရန် ။
(၉) လမ်းနယ်နိမိတ်ကပ်ပါက စည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ်)  ဦးစီးအရာရှိ(မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၏ ထောက်ခံချက် ။
(၁၀) အဆောက်အဦ မှတ်တမ်းဓာတ်ပုံများ။
(၁၁) မူလမြေပိုင်ရှင်၏ ထွက်ဆိုချက်။
(၁၂) မြေအရောင်းအဝယ် စာချုပ်စာတမ်းပါ သက်သေများ၏ထွက်ဆိုချက်၊(အထွေထွေကိုယ်စားလှယ် လွှဲခြင်းခံရသူ/ အထူးကိုယ်စားလှယ်လွှဲခြင်းခံရသူ၏ ထွက်ဆိုချက် )။
(၁၃) GP / SP  လွှဲအပ်ထားပါက ကိုယ်စားလှယ်လွှဲစာ တင်ပြရန် ။
(၁၄) ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက် (သို့မဟုတ်) ထောက်ခံချက်။
(၁၅) သက်ဆိုင်ရာမြေတိုင်းစာရေး၏ထွက်ဆိုချက် ။
မှတ်ချက်။    လက်မှတ်ရေးထိုးသူများသည် ဌာန၊ အဖွဲ့အစည်းဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန်။
#Credit

Related Posts