Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်

November 21, 2022 231 views
ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်

ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်

အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) 
ဂရန်အမည်ပေါက်သေဆုံး/
အဆက်သွယ်မရတော့သည့်ကိစွရပ်တွေမှာ 
မိမိအမည်ပေါက်ဘယ်လိုဆက်ဖောက်ရမလဲဆိုရင် 
တစ်ဖက်သတ်တရားစွဲရမည်လို့သာ 
အလွယ်သိထား/အလွယ်ပြောကြပါတယ် ။

ဘာ့ကြောင့်တရားစွဲရသည် ဆိုခြင်းကို သိထားဖို့လိုပါသည်။ 
အတုအပွားမရှိသော မြေဌားဂရန် နှင့်တကွ မြေကွက်တစ်ကွက် ကိုဝယ်ယူပိုင်ဆိုင်ထားပြီး ဂရန်အမည်ပြောင်းရန် ပိုင်ရှင်ကို လုံးဝရှာမတွေ့တော့လျှင်" မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု" နှင့်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်းစာချုပ် ချုပ်ဆိုခြင်းသည်သာ နည်းလမ်းအမှန်ဖြစ်ပါသည်။

(ပစွည်းလွှဲပြောင်ခြင်းဥပဒေပုဒ်မ -၅၅(ဃ)
မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု "နှင့်တရားစွဲ၍ အနိုင်ဒီဂရီရပြီးလျှင် အရေးကြီးဆုံးအချက်မှာ ထိုအနိုင်ဒီကရီကို( ၄) လအတွင်း စာချုပ် စာတမ်းရုံးတွင် မှတ်ပုံတင်ရမည့်ကိစွပင်ဖြစ်သည်။ ထိုသို့မှတ်ပုံမတင်မိပါက အနိုင်ရပြီးသားကိစွ ပြန်၍ ပျက်ပြယ်နိုင်ပါသည်။

(စာချုပ်စာတမ်းမှတ်ပုံတင်ရေးဥပဒေပုဒ်မ- ၂၃ ဒုအပိုဒ်)
ဇာရီ မှုဖွင့်တယ် ဆိုသည်မှာ အနိုင်ဒီကရီရထားသော အမိန့် စာရွက်အား လိုက်ပါဆောင်ရွက်ပေး
မည့် လူခန့်ထားတာဝန်ပေး၍ ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု နားလည်သဘောပေါက်ထားလျှင်လုံလောကိပါသည်။

ဇာရီမှုမှ ခန့်ထားသော ဘိလစ် က အနိုင်ဒီကရီ ရထားသည့်အတိုင်း မြေပုံမြေရာဇဝင် ထုတ်ယူခြင်း၊ ရာဖြတ်တင်ခြင်း၊ စာချုပ်မှတ်ပုံတင်ရုံးတွငိလက်မှတ်ရေးထိုးပေးခြင်းမှစ၍ အားလုံးအစစအရာရာလိုက်ပါဆောင်ရွက်ပေးခြင်းဖြင့် မိမိအမည်ပေါက် ဂရန်ရရှိမှာဖြစ်ပါတယ်။

Credit
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts