Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်တန်ဖိုး မြင့်တက်စေတဲ့ အချက်များ

November 22, 2022 105 views
အိမ်တန်ဖိုး မြင့်တက်စေတဲ့ အချက်များ

အိမ်တန်ဖိုး မြင့်တက်စေတဲ့ အချက်များ
 

ခေါင်မိုးအသစ် လဲလိုက်တာ ဒါမှမဟုတ် အိပ်ခန်းသစ် ထပ်ဖြည့်လိုက်တာတွေက အိမ်တစ်လုံးရဲ့ တန်ဖိုးကို မြင့်တက်သွားစေနိုင်ပေမဲ့ အောင်မြင်နေတဲ့ ကုန်တိုက် ဒါမှမဟုတ် အများပြည်သူဆိုင်ရာ ပန်းခြံလေးနဲ့ နီးကပ်နေမယ်ဆိုရင်လည်း အိမ်တန်ဖိုးကို မြင့်စေနိုင်တာ သိပြီးသားဖြစ်ကြမှာပါနော်။

ဒီတော့ အိမ်အတွက် ရင်းနှီးမြှုပ်နှံမှုကောင်း ဖြစ်အောင် ကြည့်ကြတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို အောက်မှာဖော်ပြထားပါတယ်။

ရှေးအစဉ်အဆက်က သိလာကြတဲ့အတိုင်းပါပဲ။ “တည်နေရာ” ကတော့ အိမ်ဈေးနှုန်းအတွက် အဓိကသက်ဆိုင်တဲ့အချက်ဖြစ်ဆဲပါပဲ။

HouseLogic အဖွဲ့ရဲ့ လေ့လာချက်တစ်ရပ်အရ အများပြည်သူဆိုင်ရာပန်းခြံ တစ်ခုခုနဲ့ နီးတာဟာ အဆောက်အအုံရဲ့ တန်ဖိုးကို ၂၀ ရာခိုင်နှုန်းလောက် မြင့်စေနိုင်တယ်လို့ သိရပါတယ်။

ချီကာဂိုတက္ကသိုလ်က လေ့လာချက်တစ်ရပ်ကလည်း ကုန်တိုက်တစ်ခုရဲ့ တစ်မိုင်ပတ်လည်အတွင်းက အဆောက်အအုံတွေဆိုလည်း ၁ ရာခိုင်နှုန်း ကနေ ၂ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

စတိုးဆိုင်၊ စားသောက်ဆိုင်၊ စာသင်ကျောင်းနဲ့ ပန်းခြံတွေက အနီးအနားဝန်းကျင်မှာ လွယ်လင့်တကူ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတာကလည်း အိမ်ဈေးနှုန်းကို မြင့်စေနိုင်တာပါပဲ။ အဲ့ဒီအချက်ဟာ ဘယ်အရပ်ဒေသမှာမဆို အိမ်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၄,၀၀၀ ကနေ ၃၄,၀၀၀အထိ မြင့်တက်စေနိုင်တယ်လို့ ၂၀၀၉ ခုနှစ်က Cities အဖွဲ့ရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

နေအိမ်ရဲ့ အရွယ်အစားနဲ့ ဒီဇိုင်းကလည်း ဈေးနှုန်းနဲ့ ပတ်သက်လို့ အဓိကသော့ချက်တွေပါပဲ။ အရမ်းကို ရိုးရှင်းြင်္ကီးမားရှည်လျားနေလို့ ဈေးကြီးတာနဲ့ ထိန်းသိမ်းရမှာဝန်လေးတဲ့ တာဝန်တွေရှိနေမယ်။ ဒီအချက်တွေကြောင့်လို့တော့ ဝယ်မယ့်သူကို မျက်နှာချိုသွေးစရာမလိုပါဘူး။

ဒီလိုပါပဲ။ open type နဲ့ သေးငယ်တဲ့အိမ်ဟာလည်း ဝယ်သူစိတ်ကြိုက် ပြင်ဆင်ခွင့်ပေးထားတဲ့အိမ်ပဲ မဟုတ်ပါလား။

ဒါပေမဲ့လို့ အိပ်ခန်းအရေအတွက်နဲ့ ပတ်သက်လို့ ဝယ်သူတွေဘက်က စဉ်းစားမှာပါ။ သို့တိုင်အောင် အိပ်ခန်းအရေအတွက်ကို ရှိပြီးသားထက် ပိုတိုး အောင်လို့တော့ အခန်းတွေပိုင်းစိတ်ပစ်လိုက်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။

Credit: iMyanmarHouse.com

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts