Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်၊မြေမှာ ငွေကြေးမြှုပ်နှံထားမယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးများ

November 22, 2022 89 views
အိမ်၊မြေမှာ ငွေကြေးမြှုပ်နှံထားမယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးများ

ငွေရေးကြေးရေးတွေခက်ခဲလာပြီး စီးပွားရှာစားလို့ မကောင်းတော့တဲ့ခေတ်ကြီးမှာ ငွေပိုငွေလျှံရအောင် စုဆောင်းထားမိဖို့ဆိုတာ မလွယ်တော့ပါဘူး။လက်ထဲမှာ အရင်းအနှီးလေးရှိလို့ ဆိုင်ဖွင့်စားမယ်ဆိုရင်လည်း ဆုတ်ယုတ်လာတဲ့စီးပွားရေးဈေးကွက်ကြောင့် အရင်းပြန်ရဖို့ အနိုင်နိုင်ပါ။ဒါဆို ငွေပိုငွေလျှံစုဆောင်းမိအောင် ဘာလုပ်သင့်လဲ? 

အိမ်၊မြေမှာ ‌ငွေကြေးရင်းနှီးမြှုပ်နှံလိုက်ပါ။

အိမ်၊မြေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီလိုအကျိုးအမြတ်တွေရလာနိုင်ပါတယ်။

(၁)အနာဂတ်အတွက်ငွေစုဆောင်းမိမယ်

လက်ထဲငွေပိုငွေလျှံလေးရှိနေတဲ့အချိန် အိမ် ၊ ခြံ ၊ မြေဝယ်ယူပြီး ရင်းနှီးမြှုပ်နှံလိုက်ပါ။အိမ်ခြံမြေဈေးကွက်က ကျဆင်းတယ်ဆိုတာရှားပါတယ်။အချိန်ကြာကြာ ရင်းနှီးမြှုပ်နှံထားလေ အိမ်ခြံမြေဈေးကောင်းရလေပါပဲ။အနာဂတ်အတွက် ငွေကြေးစုမိဆောင်းမိဖြစ်စေတဲ့ စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲ စီးပွားရေးသမားတွေက အကွက်ကြိုမြင်ပြီး အိမ်ခြံမြေတွေမှာ သူတိုရဲ့ငွေတွေကို ရင်းနှီးထားကြတာပါ။

(၂)အပိုဝင်ငွေလည်းရလာမယ်

နောင်တစ်ချိန် အိမ်ဈေးတက်လို့ရောင်းမယ်ဆိုရင် ဈေးကောင်းရမယ့်အပြင် အိမ်၊မြေဝယ်ယူပြီး ငှားစားတာမျိုးလုပ်ရင်လည်း လစဉ်ဝင်ငွေရရှိနေဦးမှာဖြစ်ပါတယ်။ငွေအရင်းအနှီးရှိလို့ ကိုယ်တိုင်ဆိုင်ဖွင့်မယ့်အစား အိမ်ဝယ်၊မြေဝယ်လိုက်ပါ။ပြီးရင် လချုပ်၊နှစ်ချုပ်နဲ့ ငှားရမ်းကာ အဲ့ဒီကရတဲ့ဝင်ငွေနဲ့ တခြားစီးပွားရေးတစ်ခုခုလုပ်မယ်ဆိုရင် ငွေကြေးတွေပိုပြီးစုမိဆောင်းမိဖြစ်လာပါလိမ့်မယ်။

(၃)ပြန်ရမှာသေချာတဲ့ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်တယ်

ငွေချေးစားရင်တောင် ပြန်ရပါ့မလားဆိုပြီး စိတ်ပူနေရဦးမှာပါ။ဒါပေမဲ့ အိမ်၊မြေဝယ်လိုက်မယ်ဆိုရင်တော့ နှစ်ကာလကြာမြင့်လာတာနဲ့အမျှ အိမ်၊မြေဈေးတွေလည်းတက်လာပြီး အရင်းရော အမြတ်ပါ သေချာပေါက်ပြန်လည်ရရှိမှာဖြစ်ပါတယ်။အိမ်မှာ၊ဘဏ်မှာစုထားတာထက်လည်း ပိုပြီး စိတ်ချရပါတယ်။

(၄)စီးပွားရေးတွေဆင့်ကဲလုပ်နိုင်လာမယ်

အိမ်၊မြေဝယ်ယူလိုက်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ခြေလှမ်းစလိုက်သလိုပါပဲ။ တစ်နှစ်လောက် အချိန်ပေးပြီးစောင့်လိုက်ရင်ကို ကိုယ်ဝယ်ယူထားတဲ့ငွေကြေးရဲ့တစ်ဝက်၊အပြည့်နီးပါးလောက် ပြန်ပြီးမြတ်နိုင်တာက အိမ်၊မြေဈေးကွက်မှာပဲရှိနိုင်ပါတယ်။ ဝယ်ယူထားတဲ့အချိန်မှာလည်း လစဉ်ဝင်ငွေရရှိအောင် လိုအပ်သလို အငှားချထားနိုင်ပါတယ်။ ဒါ့အပြင် လစဉ်ဝင်ငွေနဲ့ စီးပွားရေးလုပ်ငန်းသစ်တစ်ခုကို စတင်နိုင်ပြီး ငွေပိုငွေလျှံတွေထပ်ရှိလာတဲ့အခါ အိမ်၊မြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရင်း ရောင်းလိုက်ဝယ်လိုက်နဲ့ အမြတ်တွေများစွာရှာဖွေလာနိုင်မှာဖြစ်ပါတယ်။ အိမ်တစ်လုံး၊မြေတစ်ကွက်ပိုင်ဆိုင်တာကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာနိုင်မယ့် အခွင့်အရေးလို့လည်းဆိုနိုင်ပါတယ်။ အိမ်၊မြေဝယ်ယူပြီး အချိန်ကောင်းကို စောင့်ဖို့ပဲ လိုပါတယ်။

(၅)လူပင်ပန်းစိတ်ပင်ပန်းစရာမလိုပဲ အမြတ်ရနိုင်မယ်

အိမ်၊မြေဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားခြင်းဟာ စိတ်ရောကိုယ်ပါ အပင်ပန်းခံစရာမလိုပဲ အမြတ်များများရနိုင်မယ့်ရင်းနှီးမြှုပ်နှံမှုမျိုးလည်းဖြစ်ပါတယ်။တစ်ခြားစီးပွားရေးတွေလို ခေါင်းခြောက်ခံစဉ်းစားစရာမလိုပဲ လစဉ်ပုံမှန်ဝင်ငွေရနေမှာဖြစ်သလို တစ်နှစ်အတွင်း ပြန်ရောင်းမယ်ဆိုရင်လည်း အိမ်ဈေးတက်ရင်တက်သလို အမြတ်ငွေတွေရရှိလာမှာပါ။ဒါ့အပြင် အိမ်ပိုင်တစ်လုံးရှိထားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာလည်းပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာတဲ့ အမြတ်ကိုလည်း ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

Credit : Original Uploader

Related Posts