Passport ကိုယ်တိုင်သွားလုပ်တဲ့အတွေ့အကြုံလေးပါ

Passport ကိုယ်တိုင်သွားလုပ်တဲ့အတွေ့အကြုံလေးပါ
စုစုပေါင်းကုန်ကျငွေ ၃သောင်း ၄ ထောင်
ဖောင်ကြေး ၁ ထောင်
လဝက ၃ ထောင်
ဘဏ်သွင်း ၂ သောင်း ၅ ထောင်
ဓါတ်ပုံရိုက် ၅ ထောင်
Passport အသစ်ပဲလုပ်လုပ်/ PV to PJ ပဲပြောင်းပြောင်း/ သက်တမ်းပဲတိုးတိုး
Passport စာအုပ်ထုတ်တာကလွဲရင် Passport ရုံးကိုသွားတော့မယ်ဆိုရင် QR လိုပါတယ်
ကိုယ်တိုင် Booking QR တင်ဖို့➡️ https://www.passport.gov.mm/
QR ကိုကိုယ်တိုင်ယူမရရင် Group ထဲမှာ Booking QR တင်ပေးတဲ့အကိုတွေ/အမတွေရှိပါတယ်
QR တင်ခိုင်းတဲ့ တစ်ယောက်ဆို တစ်ယောက်အသေအပ်ပါ။ ဟိုလူအပ် ဒီလူအပ်မလုပ်ပါနဲ့
(ရက်အနည်းငယ်တော့ကွဲလွဲနိုင်ပါတယ်)
QR တင်ခိုင်းတဲ့အခါ QR ရ ငွေချေ ဆိုမှလုပ်ပါ (ပိုက်ဆံကြိုလွဲရင်ဆုံးပြီမှတ်ပါ)
QR အစစ်ဟုတ်/မဟုတ်စစ်ရန်➡️ https://www.passport.gov.mm/user/view-booking
QR အမှန်ရတဲ့အခါလည်း QR တင်ပေးတဲ့လူကို ပိုက်ဆံမဖြစ်မနေပေးပါ။
Passport သွားလုပ်တော့မယ်ဆိုရင်
အထဲကိုယူလို့ရတာဆိုလို့ ဖုန်း,ပိုက်ဆံအိပ်အသေး/ ဖိုင်အကြည် (လွယ်လို့ရတာဆိုပိုကောင်းပါတယ်)
ကျောပိုးအိတ်တွေ/လွယ်အိတ်တွေပါလာရင်အပြင်မှာအပ်ခဲ့ပါ (၅ ရာ/ ၁ ထောင် ပေးရပါတယ်)
ဘောလ်ပင် နှစ်ချောင်း
စာရေးတာမှားတတ်ရင် မှင်ဖျက်ဆေးပါယူလာပါ
PJ (အလုပ်) အတွက်
မှတ်ပုံတင်မူရင်း
မှတ်ပုံတင်မိတ္တူ ၂ စောင်
အိမ်ထောင်စုစာရင်းမူရင်း
အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင်
အလုပ်သမားလေဘာကတ် (လေဘာကတ်တောင်းတဲ့အခါ Passport လုပ်ဖို့လို့ပြောဖို့မမေ့ပါနဲ့ 10000လောက်ပဲပေးရပါတယ် passport ရုံးမှာ)
PV (အလည်ပတ်) အတွက်
မှတ်ပုံတင်မူရင်း
မှတ်ပုံတင်မိတ္တူ ၂ စောင်
အိမ်ထောင်စုစာရင်းမူရင်း
အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင်
ကွန်တော်သွားလုပ်တုန်းက ရန်ကင်းစင်တာ ပန်းခြံဘက်ကစီတာပါ
ခုံငှားလို့ရပါတယ် ၁ ထောင်ပါ
တန်းစီနေတုန်းမှာရှေ့က နေရာကို ပိုက်ဆံပေးပြီး ရောင်းတာရှိပါတယ် ဝယ်လည်းမထူးပါဘူးနောက်ထပ်စီရအုံးမှာပါ (မဝယ်ဖို့အကြံပေးပါတယ်)
QR မစစ်ခင် အပြင်မှာ ၃ နေရာတန်းစီရမှာပါ
QR စစ်ပြီးရင် ရဲနှစ်ယောက်ထိုင်နေတဲ့ခုံမှာ ဖောင်ဝယ်ပါ ၁ ထောင်ပေးရပါတယ် (ဖောင်ဝယ်ပြီးရင် မဖြည့်ပါနဲ့ ဝယ်ထားတဲ့ဖောင်က နောက်ဆုံးမှလိုတာမို့ပါ)
ပြီးရင် လဝက ကောင်တာတွေအများကြီးရှိပါတယ် လူနည်းတဲ့နေရာမှာစီပါ
လဝက ကောင်တာရောက်ရင် စစ်မှာက
မှတ်ပုံတင်မူရင်း
မှတ်ပုံတင်မိတ္တူ ၂ စောင်
အိမ်ထောင်စုစာရင်းမူရင်း
အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင် ကိုထုတ်ပြလိုက်လိုက်ပါ လက်ဗွေနိုက်ပြီးရင် လဝက ကောင်တာနောက်မှာ
၃ ထောင်ထုတ်ပြီးခနစောင့်ပါ လဝက ကလူကြီးတွေက မှတ်ပုံတင်မိတ္တူ ၁ စောင်နဲ့ အိမ်ထောင်စုစာရင်းမိတ္တူ
၁ စောင် ကိုယူထားလိုက်မယ်။
လဝက ကစစ်ပြီးကြောင်းစာရွက်အသေးလေးတစ်ရွက်ပေးမယ်
အဲ့စာရွက်လေး နဲ့ ၂ သောင်း ၅ ထောင် ထုတ်ပြီး ဘဏ်မှာအပ်ခဲ့ပါ။ ပြီးရင်သူတို့စာရွက်ပြန်ပေးမဲ့အချိန်ကိုထိုင်စောင့်ပါ။
ဘဏ်ကစာရွက်စောင့်နေတုန်းမှာ ကိုယ်က PJ လုပ်မယ်ဆိုရင် ဘဏ်ရှေ့က လူနည်းတဲ့ PJ ကောင်တာ ( PJ ကောင်တာက ကနှစ်မျိုးရှိတယ်နှော် PJ / PJ (MOU) ဆိုပြီး PJ နှစ်လုံးတည်းကောင်တာမှာဝင်တန်းစီထားပါ၊ တန်းစီနေတုန်းမှာဝယ်ထားတဲ့ ဖောင်ကိုဖြည့်ပြီး ကိုယ့်နာမည်ကိုလည်းနားစွင့်ပါ။ ဘဏ်ကစာရွက်ပြန်ပေးတဲ့အချိန်ကျရင် နာမည် မိုက်နဲ့အော်ပြီးပေးပါတယ်။ဘဏ်က စာရွက်ရရင်ပြန်စစ်ပါ နာမည်တူပြီး မှတ်ပုံတင်နံပတ် လွဲနေတာမျိုးတွေရှိပါတယ်။
PV သမားတွေအပေါ်ထပ်ပါ PV သမားတွေကမြန်ပါတယ်။လူလည်းနည်းတယ်။
ဘဏ်ကစာရွက်ရရင် ဓါတ်ပုံရိုက်ဖို့ PJ ကောင်တာမှာ စောင့်ပါ။ ၅ ထောင်ပေးရပါသည်(သို့မဟုတ်)8000 ပေးရပါတယ်
ဓါတ်ပုံရိုက်/လက်ဗွေနိုပ်/ မျက်လုံးစကင်ဖတ် အကုန်ပြီးရင်
ခုနက ကရိုတ်တဲ့ကိုယ့်ဓါတ်ပုံလေးနဲ့ Passport စာအုပ်ထုတ်မဲ့ရက် စာရွက်လေးရပါလိမ့်မယ်
ကိုယ့်နာမည်,ဘအမည်,မွေးခုနှစ်, မှတ်ပုံတင်နံပတ် မှားနေရင် တစ်ခါတည်း ပြန်ပြင်ခိုင်းပါ။
(နောက်မှစစ်ရင် မမှိတော့ဘူးနှော်)
အကုန်မှန်ပြီဆိုရင် အိမ်ပြန်လို့ရပါပြီ
နောက် ၁၀ ရက်ကျရင် Passport စာအုပ်လာထုတ်လို့ရပါပြီ
Passport စာအုပ်ထုတ်တဲ့အခါ မှတ်ပုံတင်မူရင်း, အိမ်ထောင်စုစရင်း, စာအုပ်ထုတ်မဲ့စလစ် ယူလာပါ နေ့လည် ၁ နာရီလောက်ဆို အေးအေးဆေးဆေးလာထုတ်လို့ရပါပြီ။
#Credit