တရားမမှုသဘောသဘာဝ
တရားမမှုသဘောသဘာဝ
၁။ တရားမမှု
တရားမမှုဆိုသည်မှာ ငွေမှု( သို့မဟုတ် ) ပုဂ္ဂလိကနစ်နာမှုကို ဆိုလိုပါသည်။ တရားမသဘော သက်ဝင် သော ကတိပျက်ကွက်မှု၊ ကြွေးမြီမှု၊ ပစ္စည်းရလိုမှု၊ လျော်ကြေးရလိုမှု၊ ကတိအတိုင်း ဆောင်ရွက်စေသည့် အမိန့် ရလိုမှု စသည် တို့ဖြစ်ပါသည်။ ပစ္စည်းပြန်ရလိုမှုတွင် ပေးစရာပစ္စည်းမရှိပါက ငွေဖြင့်လျော်စေပါသည်။
တရားမမှုသည် ပြည်သူအချင်းချင်းနှင့်သာ သက်ဆိုင်သည်။ နစ်နာသူ တရားလိုက ရုံးခွန်ပေးဆောင်၍ တရား ရုံးသို့ မိမိ၏သက်သာခွင့်တို့ကို တရားစွဲ၍ တောင်းခံနိုင်သည်။ မစွဲလိုကလည်း ရသည်။ အကယ်၍ တရားလို သည် ဆင်းရွဲနွမ်းပါးက လူမွဲအဖြစ် စရိတ်မဲ့ တရားစွဲနိုင်သည်။
အစိုးရအနေဖြင့် အစိုးရကို ထိခိုက်သော တရားမမှုမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်၏ တရားမမှုခင်းများ တွင် ပါဝင်စွက်ဖက်ခြင်းမရှိပေ။
၂။ တရားမကြောင်းဆိုင်ရာ အမှုအမျိုးအစားများ
(၁) မရွှေ့မပြောင်းနိုင်သည့် တိုက်တာ၊ နေအိမ် ၊ အဆောက်အဦ ၊ မြေနှင့်ပတ်သက်သော အကျိုးအခံစား ခွင့်များ။
(၂) ငွေကြေးနှင့်ပတ်သက်သော အကျိုးခံစားခွင့်များ။
(၃) လျော်ကြေး၊ မတရားလက်ရှိခံစားသည့် အမြတ်အစွန်းများ။
(၄) သီးခြားလုပ်ဆောင်ပေးရန် တောင်းဆိုချက်များ ။
(၅) အစုစပ်လုပ်ငန်းများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းလုပ်ငန်းများနှင့်ပတ်သက်၍ ဖျက်သိမ်းရန်၊ စာရင်းရှင်းလင်း ရန်၊ အုပ်ချုပ်စီမံပေးရန် တောင်းဆိုမှုများ။
(၆) အပေါင်အနှံနှင့်ပတ်သက်၍ တောင်းဆိုချက်များ။
(၇) ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့်ပတ်သက်၍ တောင်းဆိုမှုများ။
(၈) လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ တောင်းဆိုမှုများ။ ( ယုံမှတ်အပ်နှံခြင်း၊ အမွေထိန်းသိမ်းထားခြင်း၊ အရွယ် မရောက်သူနှင့် စိတ်မနှံ့သူ အုပ်ထိန်းခွင့် ) စသည်တို့ဖြစ်ပါသည်။
၃။ တရားမကြောင်းအရ တရားစွဲဆိုနိုင်သည့်အမှုများ
( ၁ ) ကတိပျက်ကွက်မှု
( ၂ ) ကြွေးမြီရလိုမှု
( ၃ ) ပစ္စည်းရလိုမှု
( ၄ ) လျော်ကြေးရလိုမှု
( ၅ ) ကတိအတိုင်း ဆောင်ရွက်ပေးစေလိုမှု
( ၆ ) အမွေပစ္စည်း စီမံခန့်ခွဲပေးလိုမှု
( ၇ ) သားသမီးအုပ်ထိန်းခွင့်ရလိုမှု
( ၈ ) သီးခြားဆောင်ရွက်ပေးရန် စွဲဆိုမှု
( ၁၀ ) တားမြစ်ပေးရန် တောင်းဆိုမှု
( ၁၁ ) အစုစပ်လုပ်ငန်း ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းပေးစေလိုမှု
( ၁၂ ) ဘာသာရေးဓလေ့ထုံးစံနှင့် ဘာသာရေးပွဲတော်များနှင့်ပတ်သက်သော အမှုများ
( ၁၃ ) အသုဘသင်္ဂြိုလ်ခြင်းနှင့်ပတ်သက်သည့်အမှုများ
( ၁၄ ) သေတမ်းစာအရ ခန့်ထားသော အမွေထိန်းအား ဖယ်ရှားပေးစေလိုမှု
( ၁၅ ) အိမ်ငှားဖယ်ရှားပေးစေလိုမှု
(၁၆) ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ၏ ပိုင်ဆိုင်ခွင့်၊ ငှားရမ်းခွင့် ၊ ရောင်းချ ခြင်း၊ တစ်နည်းနည်း လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်းများနှင့်ပတ်သက်သည့် အမှုများ
(၁၇) အစုစပ်လုပ်ငန်များ၊ ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ၊ သမဝါယမများ၏ လုပ်ငန်းနှင့်ပတ်သက်သည့် အမှုများ
(၁၈) ယုံမှတ်အပ်နှံခြင်းများ၊ သေတမ်းစာအရ အမွေဆက်ခံခြင်းများ၊ သေသူ၏ပစ္စည်းများ အုပ်ထိန်းခြင်း အမှုများ
( ၁၉ ) အရွယ်မရောက်သေးသူနှင့် ရူးသွပ်သူ၊ စိတ်မနှံ့သူများအား အုပ်ထိန်းသည့်ကိစ္စများ
( ၂၀ ) ပဋိညာဉ်အရ ဆောင်ရွက်ရန်ကိစ္စများ၊ ချိုးဖောက်မှုများ၊ လျော်ကြေးတောင်းဆိုခြင်းအမှုများ
( ၂၁ ) တရားမနစ်နာမှုဥပဒေ ( TORT) အရ နစ်နာကြေး၊ လျော်ကြေးတောင်းဆိုသည့်အမှုများ
(၂၂ ) မြန်မာ့ဓလေ့ထုံးတမ်းနှင့်စပ်လျဉ်း၍ဖြစ်စေ ဟိန္ဒူ မွတ်စလင်၊ ခရစ်ယာန် စသည့် ဘာသာရေးဥပဒေများ နှင့် ပတ်သက်သော အိမ်ထောင်ရေး ၊အမွေခွဲဝေရေး ၊ အမွေဆက်ခံရေး ၊ လင်မယားကွာရှင်းသည့်အမှုများ
( ၂၃ ) စာပေမူပိုင်ခွင့်များ
( ၂၄ ) ကုန်ရောင်းဝယ်မှုများ
( ၂၅ ) ကုန်အမှတ်တံဆိပ်အမှုများ
( ၂၆ ) လူမွဲအဖြစ် ခံယူသည့်အမှုများ
( ၂၇ ) ချက်လက်မှတ်၊ ငွေလွှဲလက်မှတ်များ၊ ဟွန်ဒီကိစ္စများ
( ၂၈ ) အသက်အာမခံကိစ္စများ
( ၂၉ ) သမဝါယမကိစ္စများ
( ၃၀ ) လူမှုအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကိစ္စများ စသည်တို့ဖြစ်ပါသည်။
[ ဦးမြင့်လွင် ( တရားလွှတ်တော်ရှေ့နေ ) ၊
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၊ ပထမအကြိမ် ၊
တရားမအဆိုလွှာ ၁၀၀ ၊ စာ၂၃ ] ။
#credit
#ဇဉ်သူထိုက်ဥပဒေရေးရာ