ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၎င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်
(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်
(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်
(ဃ) ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။
ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ သို့သော် တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင်လက်မှတ်ရေးထိုးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ
ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် လက်မှတ်ထိုးခပေးခြင်း ဖြစ်ပါသည်
(င) အဝယ်စာချုပ်၌ ဝယ်ယူသည့်တိုက်ခန်းကို မည်သည့်နေ့ရက်၌ နောက်ဆုံးထားပေးအပ်ရမည်ဟု ပါရှိရမည် သတ်မှတ်ရက်၌ တိုက်ခန်းလွဲပြောင်းမပေးပါက တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်
(စ) ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၈အရ ပထမ ရောင်းချ၍ ဝယ်ယူခြင်းကို ဦးစားပေးရမည်ဟု ဆိုထားသော်လည်း ကြိုပွိုင့်စနစ်ဖြင့် အရစ်ကျ ငွေပေးချေ၍ ထုံးစံနှင့်အညီ တိုက်ခန်းဝယ်ယူသူက လက်ဝယ်ထားပိုင်ခွင့်ရှိကြောင်း မြွက်ဟကြေညာ၍ လက်ရောက်ရခွင့်ရှိသည်။
Copy from ဥပဒေရေးရာ
#အောင်ဥပဒေရေးရာဆွေးနွေးရေး