Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တရားရုံးမှာ တိုက်ပုံအနက်၊ ယူနီဖောင်းကုတ် အနက် ဝတ်ထားတာမြင်တိုင်း ရောထွေးနေတတ်ရင်ဖတ်ပါ။

November 28, 2022 495 views
တရားရုံးမှာ တိုက်ပုံအနက်၊ ယူနီဖောင်းကုတ် အနက် ဝတ်ထားတာမြင်တိုင်း ရောထွေးနေတတ်ရင်ဖတ်ပါ။

တရားရုံးမှာ တိုက်ပုံအနက်၊ ယူနီဖောင်းကုတ် အနက် ဝတ်ထားတာမြင်တိုင်း ရောထွေးနေတတ်ရင်ဖတ်ပါ။

ရုံးပြင်ကဏ္ဍားနဲ့ အစိမ်းသက်သက် ရှိသူတွေက အမှုအခင်းတစုံတရာဖြစ်လို့ တရားရုံးရောက်တဲ့အခါ
အကျီမဲ ဝတ်ထားတိုင်း ရောထွေးတတ်ကြပါတယ်။ ရှေ့နေမှာတောင် အစိုးရဝန်ထမ်းရှေ့နေနဲ့ ပြင်ပအလွတ်တန်းရှေ့နေ နှစ်ခုကွဲနေတာကိုမသိပါဘူး ။ ပြင်ပအလွတ်ရှေ့နေက ကိုယ့်ကိုအမှုလာအပ်ရင် ကိုယ့် ဝါ၊ သဘာ အရ ကြိုက်ကြေးတောင်းပါတယ် အမှုသည်ကလည်းကြိုက်မှ အပ်ပေါ့နော်။ ဒါကို ရှေ့နေဆိုတိုင်းလစာရတယ်လို့ရောထွေးထင်မှတ်ပြီး အမှုအပ်ခငွေ သတ်မှတ်တောင်းဆိုတာကို လာဘ်တောင်းတာလို့သုံးနှုန်းပြောဆိုကြတာတွေ့ဖူးပါတယ်။ ကိုယ် ထိတွေ့ကြုံဆုံ လာတဲ့ကိစ္စတိုင်းမှာ နီးစပ်ရာ ဗဟုသုတ ကို ရှာဖွေ မဖတ်ထားရင် စကားပြောတဲ့အခါ အ မှန်းလူသိပါလိမ့်မယ်။ ကဲခုတော့ တိုက်ပုံမဲမဲ ယူနီဖောင်းမဲမဲတွေရဲ့အမျိုးအစားလေးတွေ ဖတ်ကြည့်နော်

#အလုပ်သင်ရှေ့နေ -ဥပဒေဘွဲ့ ရပြီးတာနဲ့ အလုပ်သင်ရှေ့နေ တစ်နှစ်ဆင်းရတယ်။ အမှုဝင်စစ်လို့မရဘူး။ မာစတာဆီက ပညာသင်ရတယ်။ ဘယ်ကမှ ပိုက်ဆံမပေးဘူး ကိုယ့်အိတ်ကိုယ်စိုက်။ ချိန်ဘာမာစတာ(ရှေ့နေဆရာ ) သဘောကောင်းရင် မုန့်ဘိုး ရတယ်။ အစိုးရဝန်ထမ်းမဟုတ်။

ဝတ်စုံ -အမျိုးသမီး အဖြူခံ၊ကုတ်အနက်၊ထမီ၊ဆံထုံး
အမျိုးသား အဖြူခံ၊တိုက်ပုံအနက်၊ပုဆိုး၊ခေါင်းပေါင်း

#အထက်တန်းရှေ့နေ -အလုပ်သင်ရှေ့နေ ကာလပြီးလို့ လိုင်စင်ကျလာရင် အထက်တန်းရှေ့နေဖြစ်တယ်။ခရိုင်ရုံးအထိပဲ အမှုလိုက်ပါခွင့်ရှိတယ်။ အမှုသည်ထံက မိမိနဲ့အမှုသည် သဘောတူသလောက် စိတ်ကြိုက် အခကြေးငွေ တောင်းခံအမှုလိုက်လို့ရတယ်။ အစိုးရမဟုတ်တဲ့ ကုမ္ပဏီ၊NGO တွေမှာ ဥပဒေ ပညာနဲ့ လခစားလုပ်ခွင့်ရှိတယ်။ ဥပဒေ ပညာရပ်ကလွဲပီး အခြား ဝင်ငွေရအလုပ်အကိုင်လုပ်ခွင့်မရှိ။
အစိုးရဝန်ထမ်းမဟုတ်ဘူး။အစိုးရ လစာမရဘူး။ အမှုမရှိရင် ဝင်ငွေမရှိဘူး။

ဝတ်စုံ -အမျိုးသမီး - အဖြူခံ၊ကုတ်အနက်၊ထမီ၊ဆံထုံး
အမျိုးသား -အဖြူခံ၊တိုက်ပုံအနက်၊ပုဆိုး၊ခေါင်းပေါင်း

ခရိုင်ရုံးတွေမှာ အမှုလိုက်ရင် အမဲပေါ်က ဝတ်ရုံ ( ဘွဲ့ဝတ်ရုံလိုမျိုး ) အစိမ်းရောင် ဝတ်ရတယ်။

#တရားလွှတ်တော်ရှေ့နေ - အထက်တန်းရှေ့နေလုပ်သက် သုံးနှစ်ပြည့်ပြီးတဲ့အခါ။ သတ်မှတ်ထားတဲ့ အမှု အရေအတွက်ကို မိမိကိုယ်တိုင်လိုက်ပါကြောင်း အထောက်အထားပြပြီး လျှောက်ထားရင် တရားလွှတ်တော်ရှေ့နေလိုင်စင်ရတယ်။ (အချို့ စီနီယာဆရာကြီးတွေ မလျောက်ကြဘူး) တိုင်းနဲ့ပြည်နယ်၊ တရားလွှတ်တော်အထိ အမှုလိုက်ပါ ဆောင်ရွက်ခွင့်ရှိတယ်။
အမှုသည်ထံက မိမိနဲ့အမှုသည် သဘောတူသလောက် စိတ်ကြိုက် အခကြေးငွေ တောင်းခံအမှုလိုက်လို့ရတယ်။ အစိုးရမဟုတ်တဲ့ ကုမ္ပဏီ၊NGO တွေမှာ ဥပဒေ ပညာနဲ့ လခစားလုပ်ခွင့်ရှိတယ်။ ဥပဒေ ပညာရပ်ကလဲပီး အခြား ဝင်ငွေရအလုပ်အကိုင်လုပ်ခွင့်မရှိ။
အစိုးရဝန်ထမ်းမဟုတ်ဘူး။အစိုးရ လစာမရဘူး။ အမှုမရှိရင် ဝင်ငွေမရှိဘူး။

ဝတ်စုံ -အမျိုးသမီး - အဖြူခံ၊ကုတ်အနက်၊ထမီ၊ဆံထုံး
အမျိုးသား -အဖြူခံ၊တိုက်ပုံအနက်၊ပုဆိုး၊ခေါင်းပေါင်း

ခရိုင်ရုံးကစလို့ လွှတ်တော်အထိအမှုလိုက်ရင် ဝတ်ရုံ အမဲရောင် ( ဘွဲ့ဝတ်ရုံလိုမျိုး ) ဝတ်ရတယ်။ လျှာနှစ်ခွပါတဲ့ လည်စီးအဖြူ (White Band) တပ်ဆင်ရတယ်

#ဥပဒေအရာရှိ -အစိုးရဝန်ထမ်းဖြစ်တယ်။ အစိုးရဆီက လစာရတယ်။
ဥပဒေဘွဲ့ရပြီးနိုင်ငံတော်က အလုပ်ခေါ်တဲ့အခါ လျှောက်ခွင့်ရှိတယ်(အသက်ကန့်သတ်ပြီးအလုပ်ခေါ်)။ရာထူးအဆင့်ဆင့်ရှိတယ်။
အပြင်အလုပ်လုပ်ခွင့်မရှိ ၊အပြင်အမှု လက်ခံခွင့်မရှိ။ ပြစ်မှုတွေမှာ နိုင်ငံတော်က တရားလိုပြုတဲ့အမှုတွေဘက်က လိုက်ပါဆောင်ရွက်ပေးတယ်။

ဝတ်စုံ -အမျိုးသမီး - အဖြူခံ၊ကုတ်အနက်၊ထမီ၊ဆံထုံး၊ အပြာရောင် logo တံဆိပ်နဲ့ ဥပဒေစါသားပါ
ရင်ထိုး
အမျိုးသား -အဖြူခံ၊တိုက်ပုံအနက်၊ပုဆိုး၊ခေါင်းပေါင်း၊အပြာရောင် logo တံဆိပ်နဲ့ ဥပဒေစါသားပါရင်ထိုး
ခရိုင်၊တိုင်း၊လွှတ်တော်မှာ ဝတ်ရုံမဲ ဝတ်ရတယ်။ White Band တပ်ရတယ်။

#တရားသူကြီး -အစိုးရဝန်ထမ်းဖြစ်တယ်။ အစိုးရဆီက လစာရတယ်။
ဥပဒေဘွဲ့ရပြီးတာနဲ့ နိုင်ငံတော်က အလုပ်ခေါ်တဲ့အခါ လျှောက်ခွင့်ရှိတယ်(အသက်ကန့်သတ်ပြီးအလုပ်ခေါ်)။ရာထူးအဆင့်ဆင့်ရှိတယ်။
အပြင်အလုပ်လုပ်ခွင့်မရှိ အပြင်အမှု လက်ခံခွင့်မရှိ။ အမှုအခင်းတွေမှာ စီရင်ဆုံးဖြတ်ပေးတယ်။

ဝတ်စုံ -အမျိုးသမီး - အဖြူခံ၊ကုတ်အနက်၊ထမီ၊ဆံထုံး၊ အမည်နဲ့ တရားရေး စာသားပါရင်ထိုးအဝါ
ရင်ထိုးအဝါ
အမျိုးသား -အဖြူခံ၊တိုက်ပုံအနက်၊ပုဆိုး၊ခေါင်းပေါင်း၊ အမည်နဲ့ တရားရေးစာသားပါရင်ထိုးအဝါ
ခရိုင်၊တိုင်း၊လွှတ်တော်မှာ ဝတ်ရုံမဲဝတ်ရတယ်။ရာထူးအလိုက် ဝတ်ရုံကအနားကွပ် အရောင်ကွဲတယ်။

ပုံထဲမှာတော့ ကျွန်မ အဖေ ဆရာ ဦးမြင့်ဆွေနဲ့ ကျွန်မ ပုံကို ထည့်ထားပြီး ဝတ်စားဆင်ယင်ပုံကိုပြထားပါတယ်။ ဥပဒေအရာရှိနဲ့ တရားသူကြီးကတော့ ရင်ထိုးကို ကြည့်ပြီးခွဲ ခြားပါတယ်။
ကဲ ဒါဆိုရင် ပျမ်းမျှ နားလည်လောက်ပြီထင်ပါတယ်နော်။

ဒေါ်မေသဇင်ဆွေ
တရားလွှတ်တော်ရှေ့နေ

#credit ပြန်လည်ကူးယူ ဖော်ပြတာပါရှင်

Related Posts