Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ

November 29, 2022 269 views
စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ

စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ

“အိမ် မြေ တိုက်ခန်းတွေ ကို ဝယ်ဖို့စရန်ပေးပြီးရင် ထပ်မံ ပြန်ရောင်းလို့ ရပြီလား”ဟု မိတ် ဆွေတစ်ဦးက မေးခွန်းထုတ်လာပါ သည်။

အေး-အခု ဒီပြဿနာတွေ အများကြီးဖြစ်နေတယ်။ အထူးသဖြင့် ဝယ်ရောင်းသမားတွေက ငွေလှည့်တဲ့ အနေနဲ့ လုပ်နေကြတယ်။ စရန်ပေးတယ်ဆိုတာ အာမခံထား တဲ့ သဘောပဲ။ ပစ္စည်းရောင်းတဲ့ သူက အဲဒီပစ္စည်းကို နောက်တစ် ယောက်ထံ ထပ်မံမရောင်းဖို့ ပစ္စည်းဝယ်သူကလည်း ကတိမ ပျက်ငွေချေဖို့ဆိုတဲ့ အာမခံ သဘောတင်ထားတာပဲဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြမောင်နှင့် ဦးဝမ်စွိပါ ခုနစ်ဦး၊ ဦးတင်ဦးပါ ရှစ်ဦး၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၁၅ အမှုမှာ-အိမ်နှင့် မြေအ ရောင်းအဝယ် ကတိစာချုပ်တွင် ဝယ်သူမှ စရန်ငွေပေးချပြီးနောက် တွင် ရောင်းသူများ၏ ပျက်ကွက်မှုကြောင့် အရောင်းအဝယ်အထမ မြောက်ပါကလည်းကောင်း၊ တခြား တစ်ဦးဦးအားလွှဲပြောင်းရောင်းချ လျှင်သော်လည်းကောင်း၊ ရောင်း သူများက ဝယ်သူ၏ နစ်နာကုန်ကျ စရိတ်များနှင့် ဝယ်သူထံမှ ကြိုတင်ရယူထားသော စရန်ငွေ၏ နှစ်ဆ ကိုဝယ်သူသို့ ရောင်းသူက ပေး လျော်ရန်နှစ်ဦးနှစ်ဖက်သဘောတူ ကြောင်း စည်းကမ်းချက် တစ်ရပ်ပါ ရှိသည်။

ယင်းစည်းကမ်းချက်မှာ ရောင်းသူက အရောင်းအဝယ်ပဋိ ညာဉ်ကို ပျက်ကွက်မှုမရှိစေရန် အတွက်အာမခံချက်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။ အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆို ခြင်းမှာ ဝယ်သူက အရောင်းအ ဝယ်ပြုလုပ်လိုသည့် ပစ္စည်းကို ရယူ လိုသဖြင့် အဖိုးစားနားပေးကာ ဝယ်ယူခြင်းဖြစ်သည်။ ရောင်းသူ ကလည်း အရောင်းအဝယ်ပြုသည့် ပစ္စည်းကို အဖိုးစားနားဖြင့် ဝယ်သူအား လွှဲပြောင်းရောင်းချရန် ဖြစ်သည်။ ဝယ်သူက ရောင်းသူထံ လျော်ကြေးတောင်းရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခြင်း မဟုတ် ကြောင်း ဖော်ပြထားပါသည်။

“ဒါကြောင့် စရန်ငွေကြေး ဟာ ပစ္စည်းကို ပိုင်ဆိုင်ခွင့်မရရှိ သေးဘဲ တစ်ပါးသူအားမရောင်း ရန် ဦးစွာဝယ်ထားသူအဖြစ် အာမခံထားတဲ့ သဘောပဲဖြစ်တယ် သူ ငယ်ချင်း”ဟု စာရေးသူက မိတ် ဆွေ နားလည်အောင်ရှင်းပြမိပါ သည်။

“အခုကိစ္စက ငါ့တူတစ် ယောက်မှာ ပေ ၂ဝx ပေ ၆ဝ မြေ တစ်ကွက်ကို ဝယ်ပြီး အိမ်ဆောက် လိုက်တယ်။ မူလကတော့ ပေ ၄ဝx ပေ ၆ဝ မြေကွက်ပေါ့။ မြေ ရောင်းတဲ့သူက ရှေ့ဘက်က ပေ ၂ဝx ပေ ၆ဝ မှာ အိမ်ဆောက် ထားပြီးနေတယ်။ မြေရောင်းတဲ့သူ အပြောကတော့ မြေပိုင်ရှင်ကို စရန်ငွေပေးပြီးသား ကျန်ငွေကို အခု ငါ့တူကိုရောင်းလို့ရတဲ့ငွေနဲ့ အပြီးချေမယ်ပြောတော့ ယုံပြီး ဝယ်လိုက်တာပေါ့။ မကြာဘူး။ မြေပိုင်ရှင်ဆိုတဲ့ သူကရောက်လာပြီး၊ ငါ့တူကို ကျူးကျော်အိမ်ဆောက် လုပ်နေထိုင်တယ်လို့ စွပ်စွဲပြော ဆို တော့တာပဲ။ အခုတော့ ရောင်းတဲ့ သူနဲ့ငါ့တူပါ တရားစွဲခံနေရတယ်”

“မြေကွက်ကို လက်ညှိုးထိုး ရောင်းသွားတဲ့ သူက ကျန်တဲ့ငွေ မချေလို့ ဖြစ်မှာပေါ့” စာရေးသူက အတွေးဖြင့် ပြောလိုက်မိသည်။

“အဲဒီလိုပဲဖြစ်မှာပေါ့။ အခုတော့ ငါ့တူက ဆုံးရှုံးခံရတော့ မယ်ဖြစ်နေတယ်။ ဥပဒေအရ ဘယ်လိုကုစားလို့ရနိုင်မလဲ”

စရန်ငွေပေးထားရုံနဲ့ ဝယ်လိုက်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ခွင့် မရသေးဘူး။ လွှဲပြောင်း ရောင်းပိုင် ခွင့်မရှိဘူး။ အဲဒီလို စီမံခန့်ခွဲလုပ် ပိုင်ခွင့် မရှိဘဲ တစ်ပါးသူကို ယုံ ကြည်အောင်ပြောဆိုပြီး ပစ္စည်းကို လွှဲပြောင်းရောင်းချခြင်းဟာ လိမ် လည်လှည့်ဖြားတဲ့ သဘောဖြစ်လို့ ချုပ်ဆိုထားတဲ့ အိမ် မြေအရောင်း အဝယ် ကတိစာချုပ်ကလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ သူငယ်ချင်းရဲ့ တူဖြစ်သူက ရောင်းတဲ့သူ ထံ ရောင်းဖိုးငွေနဲ့ နစ်နာကြေး တောင်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် မြေ အိမ် တိုက်ခန်းစတဲ့ မရွှေ့မ ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ဝယ် မယ်ဆိုရင် ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ဝယ်ယူသင့်တယ် သူငယ်ချင်း”

“တချို့ G.P တို့ S.P တို့ ရထားတယ်ဆိုတဲ့ ကိစ္စရပ်က…”

အေး အဲဒါကလည်း ပြဿနာဖြစ်တတ်တဲ့ ကိစ္စရပ်တစ် ခုထဲမှာပါတယ်။ တစ်ခါတစ်ရံမှာ အိမ် ခြံ မြေရောင်းချသူတွေဟာ ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ် ပေမယ့် အဲဒီရိုးသားမှုအပေါ် အ ခွင့်ကောင်းယူသွားတတ်တဲ့ ဝယ် လက်တွေလည်းရှိတတ်တယ်။

“အခုလိုပဲ လှည့်ပတ် ရောင်းချတဲ့ သဘောလား”

“အဲဒီလို မဟုတ်ဘူး။ ဝယ် သူက ရောင်းဖိုးငွေစရန်ပေးပြီးတာ နဲ့ ကျွန်တော် ကျွန်မတို့ကို မြေရှင်၊ အိမ်ရှင်က အထူးကိုယ်စားလှယ် လွှဲစာ S.P ပဲ ဖြစ်ဖြစ်၊ အထွေထွေ ကိုယ်စားလှယ် လွှဲစား G.P ပဲ ဖြစ် ဖြစ်လွှဲပေးထားပါဆိုပြီး တောင်းဆို တတ်တယ်။ ရန်ကုန် မြို့တော် စည် ပင်သာယာရေး ကော်မတီ (မြေ ယာ) ဌာနမှာ အရောင်းမြေပုံ ထုတ်ရန်အတွက် မြေရှင်က မိမိ ကိုကိုယ်စားလှယ် စာလွှဲပေးထားပါလာရန် မလိုအပ်ပါဘူးဆိုတဲ့ အ ပြောဆိုမျိုးတွေနဲ့ မြေအိမ်တိုက်ခန်း ပိုင်ရှင်တို့ထံမှ ကိုယ်စားလှယ်လွှဲစာ ရအောင် တောင်း ယူတာတွေ တော့ ရှိတယ်”

“ကိုယ်စားလှယ်လွှဲစာရ သွားပြီဆိုတော့ သူ့ကိုယ်စား လုပ် ပိုင်ခွင့်ရသွားပြီပေါ့”

“မှန်တယ် သူငယ်ချင်း စရန်ပေးပြီး ကိုယ်စားလှယ်လွှဲစာ ရအောင်ယူထားလိုက်တဲ့အတွက် မြေပိုင်ရှင် အိမ်ပိုင်ရှင်ကိုယ်စား စရန်ပေး ဝယ်ထားတဲ့ ပစ္စည်းကို လွှဲ ပြောင်းရောင်းချပိုင်ခွင့်ရသွားမှာပဲ ဖြစ်တယ်။ ဒါကြောင့် ငွေအကြေရ ပြီးမှသာ ကိုယ်စားလှယ်လွှဲစာကို လွှဲအပ်ပေးသင့်ကြောင်း အထူး သတိပြုဖို့လိုအပ်ပါတယ်”

“ရောင်းပိုင်ခွင့်မရှိတဲ့ သူ ဆီက ဝယ်ရင် ဒီမြေနဲ့ အိမ်က ပိုင် ဆိုင်ခွင့်မရနိုင်တော့ဘူးပေါ့နော်”

ဒါပေါ့။ အခုတူတော်သူ ဝယ်လိုက်တဲ့ မြေနဲ့ အိမ်ဟာ ရောင်းပိုင်ခွင့်မရှိတဲ့ သူဆီက ဝယ်လိုက်တဲ့ သဘောဖြစ်နေတာပေါ့။ စရန်ငွေပေး ရုံနဲ့မဟုတ်ဘူး။ ငွေအ ကြေပေးချေပြီး တရားဝင် မှတ်ပုံ တင်အရောင်းအဝယ်မလုပ်တဲ့အ တွက် လက်လွတ်ဆုံးရှုံးရတဲ့ ကိစ္စ တွေလည်း မနည်းဘူးရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် တရားရုံးချုပ် ဆုံးဖြတ်ထားတဲ့

“ဦးစစ်အေးပါ သုံးဦးနှင့် ဦးကျင်ရွှေ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၄ အမှုမှာ ဦးကျင်ရွှေက မိမိပိုင် သည့် အချင်းဖြစ်မြေနှင့် အိမ်ကို ယောက်ဖဖြစ်သူ ဦးအောင်အား အခမဲ့ နေထိုင်ခွင့်ပေးခဲ့သည်။ ထို့ နောက် ဦးအောင်နှင့်အတူ လာ ရောက်နေ ထိုင်သူ ဦးစစ်အေးအား လည်း အခမဲ့နေထိုင်ခွင့်ပြုခဲ့သည်။ ဦးအောင်ပြောင်းရွှေ့သွားသဖြင့် ဦးအောင်နှင့် ဆက်နွယ်နေထိုင်သူ ဦးစစ်အေးအပေါ် မြေနှင့် အိမ်မှ ဖယ်ရှားပေးရန် စွဲဆိုခဲ့ရာ တိုင်းတရားရုံးတော်က အနိုင်ဒီကရီချ မှတ်ပေးခဲ့ သဖြင့် ဦးစစ်အေးမှ တရားရုံးချုပ်သို့ အယူခံဝင်လာ သော အမှုဖြစ်သည်။

ဦးစစ်အေးတို့က ထုချေသည်မှာ အချင်းဖြစ်မြေနှင့်အိမ်ကို ဦးကျင်ရွှေထံမှ ဦး အောင်နှင့်အတူ ဝယ်ထားသော အိမ်ဖြစ်ကြောင်း အရောင်းအဝယ် ကတိစာချုပ်ကို တင်ပြ၍ ထုချေသည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ဦးကျင်ရွှေသည်အချင်းဖြစ်မြေနှင့် အိမ်ကို ဦးအောင်နှင့် ဦးစစ်အေးအား ရောင်းခဲ့သည်ဆို သော် လည်း တင်ပြသည့် အရောင်းအဝယ် ကတိစာချုပ်မှာ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့်အပြင် မှတ်ပုံတင်စာချုပ် စာတမ်းမဟုတ်ကြောင်းတွေ့ရသည်။ မှတ်ပုံတင်ထားခြင်းမရှိသည့် စာချုပ်အရ ဝယ်ယူ ခဲ့ခြင်းဖြစ်၍ အချင်းဖြစ်မြေနှင့် အိမ်၏ ပိုင်ရှင် မဟုတ်ချေ”ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထိုသို့ စာရေးသူက မိတ်ဆွေဖြစ်သူအား ဖတ်ပြရှင်းပြလိုက်ပါသည်။

“ဒီတော့လည်း အိမ် မြေ ဝယ်ရင် သေချာလေ့လာပြီးမှ ဝယ်သင့်တာပေါ့”

“မှန်တာပေါ့ သူငယ်ချင်း၊ မြေနဲ့ အိမ်ဆိုတာ တိုက်ခန်းထက် ပိုပြီး ရှုပ်ထွေးတယ်။ ဒါကြောင့် စရန်ပေးထားရုံနဲ့ ပိုင်ရှင်မဟုတ်သေး တာဖြစ်လို့ ငွေကြေပြီးမပြီး သေချာ စိစစ်ပြီးမှ ဝယ်သင့်တယ် သူငယ်ချင်းဟု အကြံပြုပြောကြားလိုက်ပါသည်။
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts